Saturday, November 25, 2017

မျက်ကန်းမုန်တိုင်းနှင့်အခြားကဗျာပေါင်းချုပ်


မင်း ကျေနပ်သလို

မီးတောင် ဘေးမှာ ထိုင်နေရင်း
မီးတစကို ထပ်ပြီးညှိနေရင်
ကိုယ်ဟာ
သနားစရာ သတ္တဝါလေးပေါ့ ။

တကယ်တော့ . . .
တရေးနိုးသွားပေမယ့် မျက်လုံးမမှိတ်လိုက်ရဘူး ။

ဘဝမီး နဲ့ အချစ်မီးကြားက
ကိုယ့်အတွက် လွတ်မြောက်ခြင်းဆိုတာ
ငရဲရဲ့ မေတ္တာဖိတ်ခေါ်သံမျိုးပဲ ။

ကျေနပ်သလို ဘဝက ဖြစ်မလာဘူး
ကိုယ် ချစ်သလို  အချစ်က ပြန်မချစ်လာဘူး
အသိတရားကင်းမဲ့နေတဲ့ လောကနဲ့ချစ်ခြင်းရဲ့
နှစ်စွန်း နှစ်ဖက်ရဲ့ အလယ်ဗဟိုတည့်တည့်က
ကိုယ်ဟာ
ခံစားချက်တစ်ခုနဲ့ပဲ
ကြေကွဲရင် ကျေနပ်ခဲ့ရတယ် ။

မြွေအဆိပ်ဖြေဆေးဆိုတာ
မြွေအဆိပ် ကပဲရရှိခဲ့ပေမယ့်
လောကနဲ့ချစ်ခြင်း အကိုက်ခံရထားရတဲ့
ကိုယ့်အတွက် ဖြေဆေးကတော့ . . .
သေမင်းပဲရှိတယ်
အချစ်ရေ မင်း ကျေနပ်သလို
ကိုယ့်ကို . . . . .
ကြေကွဲမှု့တွေ ပေးနိုင်တယ် ။

                        ညမင်းကြယ်တံခွန်


မှော်ပုလဲ-စာပေလောကဖြန့်ဖြူးရေး

မျက်ကန်းမုန်တိုင်းနှင့်အခြားကဗျာပေါင်းချုပ်

                                                  ညမင်းကြယ်တံခွန်

      မျက်ကန်းမုန်တိုင်း ( ၅ )

မျက်ဝန်းထဲက ဆည်းဆာမှာပဲ ကိုယ်ဟာ
တိတ်တဆိတ် ငြီးငွေ့ခြင်းမရှိပဲ
ချစ်တုန်းပါကွယ် ။

အမှောင်ထုကို ဗဟိုပြုလို့ ကိုယ်ဟာ
ငြင်သာစွာ ခေါင်းညိမ့်ရင်း
ထွက်ခွာပေးခဲ့ပါတယ် ။

တကယ်တော့လည်း
ရမ္မက်ကို အသုံးချပြီး ရယူခြင်းနဲ့
ပိုင်ဆိုင်ရမယ့်အစား . . . .
ကိုယ်ဟာ
သောကကို ဗဟိုပြုရင်း ပစ်ခတ်လိုက်တဲ့
လူ့ဘဝရဲ့ 'ဝဋ်ကြွေး'မြားတစ်စင်း
အချစ်ရေ ကျေပါစေ ကျေနပ်တော့နော် ။

အကြင်နာဘုရားသခင် ရှေ့မှာ
ဝေဒနာများရှင်ရဲ့ ဒဏ်ရာကမ္ဘာ့တခြမ်း
ကန်းသထက် ကန်း ကန်းလာတဲ့
ကိုယ့်ဘဝကို . . . .
ဘုရားသခင်လည်း ကြည့်ပြီးမမြင်နိုင်တော့ဘူး ။

နေကွယ်ရင် ကြယ်အလင်းနဲ့လမင်း ရှိပေမယ့်
ကိုယ့်ဘဝမှာ
အချစ်ရေ မင်းသာမရှိရင်
ကိုယ်ဘယ်တော့မှ သူရဲကောင်းမဖြစ်နိုင်တော့ဘူး ။


မှော်ပုလဲ-စာပေလောကဖြန့်ဖြူးရေး

မျက်ကန်းမုန်တိုင်းနှင့်အခြားကဗျာပေါင်းချုပ်

ညမင်းကြယ်တံခွန်


မျက်ကန်းမုန်တိုင်း ( ၃ )

သူကို ကိုယ် တွေ့တော်မူတယ်
အနောက်ဖက် တောအုပ်အလယ်မှာ ငိုနေတယ်
မျက်ကန်းတစ်ယောက်မဟုတ်ပေမယ့်
သူ အသိကန်းခဲ့လို့ လမ်းပျောက်နေတယ် ။

ဂန္တဝင်ဆည်းဆာရဲ့ တိမ်ရိပ်လှိုင်းများစွာက
ကမ္ဘာ့ကြီးကို ညိုးမှိန်စေပြီး
အလင်းရောင်ကို တိမ်မြုပ်စေခဲ့တယ် ။

ကိုယ် သူ့ကို ခေါ်ချင်ပေမယ့်လို့
မျက်နှာသာမပေးတဲ့ လက်တစ်စုံကို နမ်းရှိုက်မိပြီး
ပျက်သုဉ်းခဲ့ရတဲ့
ကိုယ့်ရဲ့ အင်အားတွေ မျက်ကန်းဖြစ်ရပြီပေါ့ကွယ် ။

နွေရယ် မိုးရယ် ဆောင်းရယ်
ကံကြမ္မာရယ် ဘဝရယ် အချစ်ရယ် ။

နွေလိုပူတဲ့ ကိုယ့်ရဲ့ကံကြမ္မာလမ်းသွယ်မှာ
မိုးလိုဟိန်းမြည်နေတဲ့ ဘဝရဲ့ဆာလောင်မှု့က
ဆောင်းလိုအေးစက်လှတဲ့ ချစ်ခြင်းရဲ့လက်တစ်စုံကို
ထိတွေ့မှု့စတင်ထဲက အကြင်နာအတွက်ဆို
ယစ်ပူဇော်မယ့် ကိုယ့်ခန္ဓာ ၊ ကိုယ့်ဝိညာဉ်
စတေးခဲ့ပါတယ် ။

ကိုယ့် ဘဝမှာပေါ့
တွေးစရာအပူမရှိပေမယ့်လို့
ဆွေးစရာအပူ ယူလာခဲ့တဲ့ ချစ်သူလေးကြောင့်
ဝေဒနာများစွာကို . . . .
အမြတ်တနိုး ပြုစုပျိုးချယ်ပါရစေလားကွယ် ။


         မှော်ပုလဲ-စာပေလောကဖြန့်ဖြူးရေး

Thursday, September 14, 2017

Nya Min Khyal Ta Khon
  ည မင်း ကြယ် တံ ခွန်
 👦အပျော်နဲ့ပျော်ရွှင်မှု့👧

 ခေါင်းစဉ်တပ်ထားတာတော့ ကြာပါပြီ ၊ ရေးမယ် ရေးမယ်နဲ့မလှည့်နိုင်ခဲ့ဘူး ၊
ပထမဦးဆုံး(အချစ်စိတ်ဘယ်လိုဖြစ်ပေါ်လာလဲပေါ့. . . ?)
မေးသင့်တဲ့ မေးခွန်းပါ ၊ (အချစ်စိတ်ဆိုတာ ဘယ်လိုဖြစ်ပေါ်လာလဲ ) အမျိုးမျိုးဖြစ်ပေါ်လာတတ်တယ် ။ အချစ်စိတ်ဆိုတာ လျှပ်စီးတခုလိုပါပဲ မြန်ဆန်တယ် ၊ အမှတ်မထင် ဖြစ်ပေါ်လာတာပါ ၊  အချိန်ကြာလာမှ ဖြစ်ပေါ်လာတာမဟုတ်ဘူး ၊ စဉ်းစား တွေးခေါ်ပြီးမှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး ၊ ( ဒီနေရာမှာ တစ်ခုသတိပြုဖို့က ___ မြန်ဆန်တယ်ဆိုတာနဲ့ အခုတွေ့  အခုချစ်လဲမဟုတ်ပါဘူး ၊ အခုတွေ့ အခုချစ်ဆိုတဲ့ အချစ်စိတ်မျိုးကတော့  ရှိတော့ရှိကြပါတယ်  များသောအားဖြင့်ရှားပါတယ် ၊  ယောက်ကျာင်္းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် သူတို့ရင်ထဲမှာ အချစ်စိတ်တခု ဖြစ်ပေါ်လာဖို့ဆိုတာ ခက်လဲခက်ခဲသလို ၊ လွယ်ကောင်းလဲလွယ်နိုင်ပါတယ် ၊
ကိုယ် ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်းကို   ကိုယ်ပြန်ဖမ်းလို့ မိချင်မိမယ် ကိုယ့်အချစ်စိတ်ကိုတော့ ကိုယ်ပြန်ဖမ်းမိဖို့နေနေသာသာ  နေ့ခင်းကြောင်တောင် ဓာတ်မီးနဲ့လိုက်ထိုးရှာတာတောင်မှ တွေ့နိုင်မှာမဟုတ်ဘူး ၊
၁ -  သာယာမှု့
၂ - ဖြူစင်မှု့
၃ - ဖော်ရွေမှု့
၎ - နားလည်မှု့နဲ့လိုက်လျောညီထွေရှိမှု့
၅ - အနေနီးမှု့နဲ့ပွင့်လင်းမှု့
၆- မြင်နေကျနဲ့ထိတွေ့မှု့
ဒီအချက်တွေကတော့ အချစ်စိတ်ကိုဖြစ်ပေါ်လာစေတဲ့ အဓိကပွိုင့်အချက်တွေပါပဲ ၊ ရွေးထုတ်ထားတာပါ ၊  သံယောဇဉ်ဆိုတာကတော့ အရာရာတိုင်းမှာ ပါဝင်တဲ့အတွက် မထည့်တော့တာပါ ၊

၁/
သာယာမှု့ - လူတစ်ယောက်ဟာ သူ့နှစ်သက်တဲ့ သာယာမှု့မျိုးကို ပေးနိုင်တဲ့သူကို  သူစိတ်ထဲ နစ်ဝင်စီးမျောသွားတတ်ကြတယ် ။

၂/
ဖြူစင်မှု့ - လူတစ်ယောက်ဟာ ရိုးသားပြီးဖြူစင်တဲ့သူကိုလဲ သူစိတ်ထဲ နစ်ဝင်စီးမျောသွားတတ်ကြတယ် ။

၃/
ဖော်ရွေမှု့ - ဒါကတော့ ရှင်းပါတယ် ၊ ဖော်ရွေမှု့ရှိသူတိုင်းကို လူတိုင်းနှစ်သက် အမှတ်ရတတ်ကြပါတယ် ။

၎/
နားလည်မှု့နဲ့လိုက်လျောညီထွေရှိမှု့ - ယောက်ကျာင်္းလေးပဲဖြစ်ဖြစ် ၊ မိန်းကလေးပဲဖြစ်ဖြစ် သူတို့အပေါ် နားလည်မှု့နဲ့လိုက်လျောမှု့ထားပေးတဲ့ သူတွေကို နှစ်သက်စီးမျောသွားတတ်ကြတယ် ။

၅/
အနေနီးမှု့နဲ့ပွင့်လင်းမှု့ - တစ်ယောက်နဲ့တစ်ယောက် အနေနီးရင်လဲ ဖြစ်နိုင်သလို ၊ ဘယ်လောက်ပဲ အနေနီးနီး တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှု့မရှိရင် မဖြစ်ကြတာတွေ များပါတယ် ။

၆/
မြင်နေကျနဲ့ထိတွေ့မှု့ -  တလမ်းထဲမှာ အတူနေတာ ၊ ဒါမှမဟုတ် ရုံးတစ်ရုံးထဲမှာ အတူအလုပ်လုပ်တာ ၊ ဒါတွေဟာ နေ့တိုင်းမြင်နေကျဖြစ်တာမို့ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ နောက်တခုက ထိတွေ့မှု့ - ယောက်ကျာင်္းလေးပဲဖြစ်ဖြစ် ၊ မိန်းကလေးပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး ပူးပူးကပ်ကပ် ထိတွေ့မှု့တွေကလဲ ဖြစ်ကောင်းဖြစ်နိုင်တယ် ။

ဒီအချက်တွေထဲကနေပဲ  အချစ်စိတ်ဆိုတာ ပေါ်ပေါက်ဆင်းသက်လာတာများပါတယ် ၊စာနာ သနားမှု့နဲ့လည်း အချစ်စိတ်ဆိုတာဖြစ်ပေါ်လာတတ်ပါတယ်  ဘယ်အရာပဲဖြစ်ဖြစ် စွဲလန်းစိတ်ပေါ်အခြေခံပြီး ဖြစ်ပေါ်လာခြင်းတွေဖြစ်တယ် ၊ တခဏတာ ၊ လျှပ်တပြတ် စွဲလန်းအချစ်စိတ်ကတော့ အမျိုးသားတွေအနေနဲ့( ဥပမာ -; အမျိုးသမီးတစ်ယောက်ရဲ့ အလှ ၊ ဒါမှမဟုတ် အနေအထိုင်ကြော့လို့ ၊ သူရဲ့အမူအယာလေးကို ချစ်လို့ စသဖြင့် ကိုယ့်ရင်ထဲမှာ သူကိုပိုင်ဆိုင်လိုစိတ်ပြင်းပြနေခြင်းက လျှပ်တပြတ်စွဲလန်းမှု့ရဲ့အချစ်စိတ်ပါ ၊ အမျိုးသမီးတွေမှာလဲ တခဏတာ လျှပ်တပြတ်စွဲလန်းမှု့အချစ်စိတ်တွေရှိပါတယ် (ဥပမာ -; အမျိုးသားတစ်ယောက်ရဲ့ အနေထိုင်စမတ်ကျမှု့ ၊ ဒါမှမဟုတ် အပြောအဆိုကျွမ်းကျင်လိမ္မာမှု့ ၊ သူ့နဲ့တွေ့တိုင်း ကိုယ့်ကို သူ ယုယမှု့ပေးတယ်ဆိုရင် စသဖြင့် အမျိုးသမီးတွေရဲ့ရင်ထဲမှာလဲ သူတို့စွဲလန်းမှု့ရဲ့ လျှပ်တပြတ်အချစ်စိတ်တွေရှိပါတယ် ၊ အမျိုးသားတွေမှာမှ ရှိတာမဟုတ်ပါ ။

နောက်ပြီး အချစ်စိတ်ဆိုတာ မုန်တိုင်းတခုလိုပါပဲ တစစ ဖြည်းဖြည်းခြင်းနဲ့စုစည်းပြီးမှ ဖြစ်ပေါ်လာတာပါ ၊ အချစ်စိတ်ဆိုတာ စိတ်ကနေဖြစ်ပေါ်လာတဲ့အတွက်  စိတ်ဆိုတာ မြန်ပါတယ် ဒါကြောင့်မို့ ကိုယ်မသိလိုက်တာပါ၊
အခုအကြောင်းအရာက စိတ်အကြောင်းကို ပြောနေတာမဟုတ်သည့်အတွက် အပြင်ဘက်ကနေပဲ ပြောသွားပါ့မယ် ၊
တခါ ဖြစ်ပေါ်လာတဲ့အချစ်စိတ်ဆိုတာလဲ ရည်ရွယ်ခြင်း ၊ ကြံစည်ခြင်းတွေမရှိဘူး၊ အဲ့ဒီလို လုပ်လို့လဲ အချစ်စိတ်မဖြစ်ပါဘူး ၊ ( အမှန်တော့ မြန်လွန်းတဲ့အတွက် ကိုယ်မသိလိုက်တာ ) သူ့လိုလို မရည်ရွယ်ပဲ လွှတ်မိလိုက်တဲ့မြားတစ်စင်းလိုလို ၊ ဝင်းခနဲ့ဖြာသွားတဲ့ လျှပ်စီးတခုလိုလိုမျိုး ကိုယ်တိုင်မသိလိုက်ကြပါဘူး အချစ်စိတ်ဆိုတာ မြန်ဆန်ပြီး ခံစားမှု့အာနိသင်ကို ဖြစ်ပေါ်စေပါတယ် ၊ မည်သည့်အရာနှင့်မျှ မတားဆီးနိုင်ပါ ၊  ဥပမာအနေနဲ့ ပြောပြရင် ကျွန်တော်တို့ ညဘက် တစ်ယောက်ထဲ အိမ်သာတတ်တယ် ဆိုကြပါစို့ အဲ့ဒီအချိန်မှာ '' ဝုန်း '' ခနဲ့ဆို အိမ်သာ တံခါးက သူ့အလိုလိုပွင့်ထွက်သွားရင် ထိတ်လန့်မှု့ဖြစ်သွားမှာပဲလေ( တချို့ဆို  ထပါအော်အုန်းမယ် )  အဲ့ဒီလို ဖြစ်ပေါ်လာတဲ့ ထိတ်လန့်မှု့ကြီးက  ကြိုတင်ကြံစည် ရည်ရွယ် ထားလို့ ဖြစ်ပေါ်လာတာလား( psychology )အနောက်တိုင်း စိတ်ပညာအရပြောရမယ်ဆိုရင် ( without reason ) အကျိုးအကြောင်းမရှိပဲ မရည်ရွယ်ပဲ သူ့အလိုလို ထွက်ပေါ်လာခြင်းသာဖြစ်တယ်ပေါ့  မြန်မာလိုဆို( အာမေဍိတ် ) ၊ ဒါပေမယ့် ဗုဒ္ဓတရားနဲ့ဆန်းစစ်ကြည့်မယ်ဆိုရင်တော့   စိတ်တခုရဲ့ဖြစ်ပျက်သမျှအရာအားလုံးဟာ တထစ်ခြင်း၊ တဆင့်ခြင်းသွားပါတယ် ၊ မြန်လွန်းလို့ မသိသာတာပါ ၊ ( ဥပမာ -  ကျွန်တော်တို့ စိတ်သည် တစ်နေ့တာမှာ ဘယ်အကြောင်းအရာတွေ တွေးသလဲဆိုတာ သေချာမှတ်တမ်းတင်လို့မရပါဘူး ၊ မယုံရင် ကိုယ်တိုင်စမ်းသပ်ကြည့်ပါ ၊ ငါ ဒီနေ့တစ်နေ့တာ တွေးတဲ့အတွေးစိတ်တွေအားလုံးကို  ညအိပ်ခါနီးကျရင် ပြန်မှတ်ရေးနိုင်ရမယ်လို့ပေါ့ ( ဘယ်တော့မှ မရပါဘူး ) ကမ္ဘာ့ကျော်အတွေးအခေါ်ပညာရှင်တွေတောင် စိတ်နဲ့ပတ်သတ်လာပြီဆိုရင် နောက်လိုက်ဖြစ်သွားကျတာပဲ ( ဘာလို့ဆို  စိတ်ရဲ့ခေါ်ဆောင်ရာနောက်လိုက်ကြလို့ပါပဲ ၊ လူတိုင်းပါပဲ )

ဒါကြောင့်မို့ အချစ်စိတ်ဖြစ်ပေါ်လာတဲ့အဖြေကိုတော့  ဒီလောက်ပဲဖြေပေးချင်တယ် ဘာလို့ဆို ဆက်ပြီးရှင်းပြရရင် စာဖတ်သူတွေ ခေါင်းတွေရှုပ်ကုန်မှာစိုးလို့ပါ ။
_ _ _ _ _ _ _  _ _ _
နောက်တခုက
ယောက်ကျာင်္းလေးများ အမေးများကြတဲ့ များသောအားဖြင့် ယောက်ကျာင်္းလေးတွေ အများစုဟာ သူတို့တွေရဲ့အချစ်ကို  မိန်းကလေးတွေက ( စဉ်းစားပေးမယ် )ဒါမှမဟုတ် ( စဉ်းစားအုန်းမယ် ) အဲ့လိုပြောတဲ့အခါ ယောက်ကျာင်္းလေးအများစု မကျေမနပ်ဖြစ်ကြတာ များပါတယ် ၊ တစ်ယောက်အကြောင်း တစ်ယောက်သိနေတာတောင် ဘယ်လိုထပ်ပြီးစဉ်းစားမှာလဲပေါ့ ၊  ပြီးတော့ သူတို့တွေ တွေးကြတယ် ( weak part ) ငါ ဘယ်အပိုင်းအားနည်းလို့လဲ( not truelove ) ငါအချစ်က အချစ်စစ်မဟုတ်လို့လား စသဖြင့် ယောက်ကျာင်္းလေးအများစုက အတွေးပြာတတ်ကြတယ် ၊ မိန်းကလေးတွေဟာ အဖြေချက်ခြင်းမပေးပဲ စဉ်းစားမယ်ဆိုတာ (what for ) သူတို့ ဘာအတွက် စဉ်းစားတာလဲဆိုတာ နားမလည်တဲ့ တချို့ယောက်ကျာင်္းလေးရဲ့အဖြေတခုက  ( ငါကို ချစ်ဖို့ /မချစ်ဖို့ ) စဉ်းစားတာလား ဟု တွေးတတ်ကြတယ်( အဲ့ဒီအတွေးနဲ့ထင်မြင်ယူဆချက်သည် မှားပါတယ် )
မိန်းကလေးတွေမှာလဲ နှလုံးသားရှိပါတယ် ၊ဒါကြောင့်မို့  သူတို့စဉ်းစားတာသည် ချစ်သင့် / မချစ်သင့် စဉ်းစားတာမဟုတ်ပါဘူး ၊
မိန်းကလေးတွေကို ယောက်ကျာင်္းလေးများက ချစ်စကားပြောနေတဲ့ချိန် ပြောတဲ့ယောက်ကျာင်္းလေးသာ ရင်ခုန်ပြီး အချစ်ဖြစ်ပေါ်နေခြင်းမဟုတ်ပါဘူး  တချိန်တည်း တဆက်တည်း အပြောခံရတဲ့မိန်းကလေးလဲ ရင်ခုန်ပြီး အချစ်ဖြစ်ပေါ်ခြင်း သက်ဝင်နေပါတယ်  ၊ ရှင်းရှင်းလင်းလင်းပြောရရင်တော့  ကောင်လေးတစ်ယောက်က ကောင်မလေးကို ''ချစ်တယ်''လို့ပြောလိုက်တာနဲ့ အပြောခံရတဲ့ ကောင်မလေးကလဲ ချက်ခြင်း''သူချစ်နိုင်ရင် ချစ်တယ် ၊ မချစ်နိုင်ရင် မချစ်နိုင်ဘူး ''ဆိုတဲ့အဖြေ  ချက်ခြင်းထွက်ပေါ်လာပါတယ် ၊ အချစ်ဆိုတာ စီးဆင်းနေတဲ့ရေလို ၊ တိုက်ခတ်နေတဲ့ လေညှင်းလို တားဆီးခြင်းပြုလုပ်လို့မရပါဘူး ၊ ရခဲ့ရင်လဲ အချစ်အမည်ခံသော ဘဝလို့ခေါ်ပါတယ် ၊
ဒီစာကို ဖတ်သူထဲမှာ မိန်းကလေးတွေပါမှာပါ အဲ့တော့ ကျွန်တော်ပြောတာ ဟုတ်/မဟုတ် ချိန်ဆကြည့်ပါ ။

အဲ့ဒါဆိုရင် မိန်းကလေးတွေဟာ အချစ်ကိုချက်ခြင်းအဖြေပေးနိုင်ပေမယ့် ဘာလို့ချက်ခြင်း အဖြေတန်းမပေးလဲ( သူတို့ ပျော်ရွှင်မှု့ကို လိုချင်လို့ပါ ) ဘယ်လိုပျော်ရွှင်မှု့မျိုးလဲ ၊ အပျော်နဲ့ပျော်ရွှင်မှု့မတူပါဘူး၊ ပျော်ရွှင်မှု့ဆိုတာ တသက်တာဖြစ်ပြီး အပျော်ဆိုတာ တခဏတာ ဖြစ်တယ် ၊ ကိုယ်နဲ့ဘယ်လောက်ပဲရင်းနှီးပြီး ၊ ကိုယ့်အကြောင်းသိတဲ့ မိန်းကလေးဖြစ်ပါစေ သူတို့စဉ်းစားကြပါတယ်  ( life time ) သူ့တို့ တသက်တာအတွက် စဉ်းစား ၊ ဆုံးဖြတ်တာဖြစ်လို့ပါ ၊ မိန်းကလေးတိုင်းကိုမဆိုပါဘူး ၊ တချို့သောမိန်းကလေးများသည် များသောအားဖြင့် ခိုင်မာတဲ့ဆုံးဖြတ်ချက်တခုကို ချမှတ်ဖို့ကို အရဲစွန့်ဆုံးဖြတ်ကြရပါတယ် ၊ မိန်းကလေးများ၏ နဂိုခံစိတ်သည် နူးညံ့ပါတယ် ၊ တခုခုဖြစ်ပြီဆို အားငယ်သွားတတ်ကြပါတယ် ၊ အခုခေတ်မှာတော့ မိန်းကလေးများသည် လောကဓံကို ယောက်ကျာင်္းလေးများနှင့်အတူ တန်းတူရင်ဆိုင်ကြပေမယ့်လို့  ယောက်ကျာင်္းလေးများကဲ့သို့ စိတ်မာကျောမှု့မရှိပါဘူး ၊ မိန်းကလေးများသည် သူတို့ဖာသာ သူတို့အားသူတို့ကိုးပြီး လောကဓံကို ရင်ဆိုင်နေကြပေမယ့်လို့ တကယ်တမ်း သူတို့အားကိုးရလောက်တဲ့ ယောက်ကျာင်္းလေးတွေ့ရင်တော့ သူတို့သည် အားပေးသူတွေဖြစ်သွားကြတယ် ၊ မိန်းကလေးများသည် အားကိုးရာကို ရှာကြပြီး ၊ ယောက်ကျာင်္းလေးများသည်  အားပေးသူကို ရှာတတ်ကြတယ် ၊ ဒါကြောင့်မို့ မိန်းကလေးများသည် စဉ်းစားရာတွင်
ဥစ္စာပစ္စည်းမဲ့သူ ဆင်းရဲသားတစ်ယောက်ဖြစ်ပါစေ  သူတို့အတွက် တသက်တာ လှုံခြုံနွေးထွေးမှု့ပေးနိုင်တဲ့လူ( ဟုတ်၊မဟုတ်) သူတို့ဘဝအတွက် အာမခံချက်ပေးနိုင်တဲ့သူ (ဟုတ်၊မဟုတ်)-( ဆိုလိုတာက အာမခံချက်ဆိုတာ ဥစ္စာပစ္စည်း စည်းစိမ်တွေပြောတာမဟုတ်ပါဘူး )  ဘာဖြစ်ဖြစ် သူတို့အရှေ့ကနေ ဦးဆောင်ဖြေရှင်းနိုင်တဲ့သူကို ပြောတာ ၊ စိန်တွေ ရွှေတွေကတော့ မိန်းကလေးမှ မက်မောတာမဟုတ်ဘူး ခင်ဗျားတို့၊ကျွန်တော်တို့၊ လူတိုင်း သည်းခြေကြိုက်ပဲလေ ၊
နောက်တခုက ( brain work) ဦးနှောက်အလုပ်လုပ်မှု့
ယောက်ကျာင်္းလေးနဲ့မိန်းကလေး  ဘယ်သူအတွေးပိုများမယ်ထင်လဲ? ၊ တကယ်တော့  မိန်းကလေးတွေက ယောက်ကျာင်္းလေးတွေထက် ဦးနှောက်အလုပ်လုပ်မှု့ အတွေးပိုများပါတယ် ၊
ဘာလို့အတွေးများလဲဆိုရင် မိန်းကလေးတွေက လှေစီးမယ့် သူတွေမို့လို့ပါ ၊ ကျွန်တော်တို့ မြစ်တဖက်ကမ်းကို သွားဖို့ဆို လှေစီးရမယ် ၊ ကျွန်တော်တို့ကို လှေလှော်ပို့ပေးမယ့်သူက  အားနွဲ့ပြီး လှော်တတ်ကို မကိုင်တတ်သူဆို ကျွန်တော်တို့ အဲ့ဒီလှေလှော်သမားရဲ့လှေကို စီးရဲပါ့မလား ၊ စီးပါ့မလား ၊ ဒီလိုပဲ ဘဝဆိုတဲ့ပင်လယ်မှာ ကျွန်တော်တို့ယောက်ကျာင်္းလေးတွေက လှေလှော်သားတွေဖြစ်တယ် ၊  မိန်းကလေးတွေက ကျွန်တော်တို့ယောကျာင်္းသား
တွေ အားကိုးနဲ့လောကဓံကို စိန်ခေါ်ကြရမှာမို့လို့
ကိုယ့်ကို သူတို့ဘယ်လောက်ပဲ (ချစ်ချစ်)ချက်ခြင်းအဖြေပြန်ပေးလေ့မရှိပါဘူး
 သူတို့သေချာစဉ်းစားဆုံးဖြတ်ပြီးမှသာ အဖြေပြန်ပေးတာပါ ၊ အဲ့ဒီအဖြေကိုကျတော့ ( life giving ) လို့ခေါ်တယ် သူတို့ဘဝကို သူတို့ယုံကြည်မှု့ရဲ့လက်ထဲအပ်လိုက်တာ ၊ ( အဲ့ဒါကို ပျော်ရွှင်မှု့ဆိုတဲ့ တသက်တာခေါ်ဆိုခြင်းဖြစ်ပါတယ် ၊( ဒီနေရာမှာ ကျွန်တော် တခုပြောချင်တာက  တချို့မိန်းကလေးကျတော့ ( life giving) သူတို့ဘဝကို သူတို့ယုံကြည်သူလက်ထဲ အချိန်သိပ်မစဉ်းစားပဲနဲ့အပ်လိုက်တဲ့မိန်းကလေးမျိုးကျတော့ ကိုယ့်ကိုသူတို့ရဲ့နှလုံးသားထဲမှာ သူရဲကောင်းတစ်ဦးအနေနဲ့အသိမှတ်ပြုလိုက်လို့ပါ )

အပျော်ဆိုတာကတော့  မိန်းကလေးပဲဖြစ်ဖြစ် ၊ ယောက်ကျာင်္းလေးပဲဖြစ်ဖြစ်( တစ်ယောက်မကောင်း နောက်တစ်ယောက်ပြောင်း )ဆိုတဲ့ အတွေးခေါ်သာဖြစ်၍
အပျော်ဆိုတဲ့ အိမ်ထောင်ရေးတွေဟာ အကြာဆုံး 1နှစ်ပဲ ၊ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ပန်းတစ်ပွင့်ပေါ့ ၊ အခုမှ အငုံလေးစထွက်လာတဲ့ ပန်းတစ်ပွင့်ကို ခူးပြီး ကိုယ့်ရဲ့လက်ထဲမှာ အဲ့ပန်းလေးကို အဖူး အပွင့်တွေ ထွက်လာအောင် ပျိုးလို့ရပါ့မလား ၊ ( အပျော်ဆိုတာ  ခုမှအငုံလေးစထွက်လာတဲ့ပန်းတစ်ပွင့်ပဲ ) တချို့တွေ ရှိကြတယ်  မိန်းကလေးနဲ့ယောက်ကျာင်္းလေးပေါ့ ငါတို့တွဲကြမယ်ဆိုတာနဲ့ '' Yes''ပဲ ( အဲ့ဒါတွေ အပျော်လို့ခေါ်တယ် ) ဒါကြောင့်မို့ အပျော်ဆိုတာ တခဏတာပါ/ ပျော်ရွှင်မှု့ဆိုတာ တသက်တာပါလို့ပြောရင်း အားလုံး ပျော်ရွှင်မှု့တွေကို ပိုင်ဆိုင်ကြပါစေဗျာ ။

#ညမင်းကြယ်တံခွန်

Monday, September 11, 2017



Nya Min Kyal Ta Khon
ည မင်း ကြယ် တံ ခွန်
ငါကဗျာ ငါတရား ငါအချစ်

ကမ္ဘာ့မြေကို ကဗျာတွေနဲ့
ပန်ဆင်ခဲ့မယ် ။

ဘဝကဗျာ. .အလှမပါ
ပျိုးချယ်ရာဝယ်. .ပွင့်လာသောပန်း
နေခြည်ဆန်းသစ်. .အလှစစ်နှင့်
ရွှင်ဆင့်ထွက်လာ. .ငါ မေတ္တာ ။

မလိုသူပစ်. .လိုသူချစ်ရင်း
အဖော်ကင်းကွာ. .ငါ မျက်နှာမှာ
အက္ခရာဆိုတာ. .အမုန်းမရှိ ။

မာယာရစ်တိုး စောင်းကြိုးငြိကာ
ပျော်ရှာသည့် မိန်းမယုတ်
ငါ သွေးကိုစုပ်
ငါ ငါအသက် နုတ်သွားခဲ့တယ်။

ဓမ္မတရား. . ကိုယ်ကျင့်အားနဲ့
ငါသည်ထိန်းသိမ်း. .အမျက်ယိမ်း၍မထွက်ခဲ့ပေ ။

နောက်ဆုံး ကမ္ဘာ့မြေကို
အမြတ်ဆုံး ကဗျာတွေနဲ့ နူတ်ဆက်ခဲ့မယ် ။

Tuesday, September 5, 2017

      Nya Min Kyal Ta Khon
          ည မင်း ကြယ် တံ ခွန်
   မင်း ဘာအတွက် ကိုယ့်ကိုချစ်ခဲ့တာလဲ

ကိုယ်နဲ့မင်း အတူတကွ ချစ်ခဲ့ကြတယ် .
အချိန်မတိုင်ခင် နောက်ဆုံးစကား
မင်း ပြောခဲ့ပြီး မင်း ထွက်ခွာခဲ့တယ် .
ကိုယ် ဘဝကို မုန်တိုင်းတိုက်ခတ်နေပြီ
 ကိုယ်မျက်ရည်တွေကို ဖြေသိမ့်ပေးဖို့အတွက်
မင်း ပြန်လာခဲ့ပေးပါ .
{ ကိုယ့် အချစ်ဆုံး }
မင်း ဘာအတွက် ကိုယ့်ကိုချစ်ခဲ့တာလဲ .

            အပြစ်သား ကျွန်ုပ်
Nya Min Kyal Ta Khon
ည မင်း ကြယ် တံ ခွန်

ကိုယ့်မှာ အကောင်းဆုံး
ခံစားချက်တွေဘာမှမရှိဘူး
မင်းသာ ဘုရားသခင်ရဲ့အချစ်များကို
သိမြင်နားလည်ရင် . . .
သူဟာ အမြဲတမ်း မင်းအတွက်ပဲ
ပြီးတော့ . . . .
ကောင်းမွန်စွာနဲ့အမြဲတမ်း သူ မင်းအတွက်
ဂရုစိုက်ပေးလိမ့်မယ် ။