ညမင်းကြယ်တံခွန်
မျက်ကန်းမုန်တိုင်း ( ၅ )
မျက်ဝန်းထဲက ဆည်းဆာမှာပဲ ကိုယ်ဟာ
တိတ်တဆိတ် ငြီးငွေ့ခြင်းမရှိပဲ
ချစ်တုန်းပါကွယ် ။
အမှောင်ထုကို ဗဟိုပြုလို့ ကိုယ်ဟာ
ငြင်သာစွာ ခေါင်းညိမ့်ရင်း
ထွက်ခွာပေးခဲ့ပါတယ် ။
တကယ်တော့လည်း
ရမ္မက်ကို အသုံးချပြီး ရယူခြင်းနဲ့
ပိုင်ဆိုင်ရမယ့်အစား . . . .
ကိုယ်ဟာ
သောကကို ဗဟိုပြုရင်း ပစ်ခတ်လိုက်တဲ့
လူ့ဘဝရဲ့ 'ဝဋ်ကြွေး'မြားတစ်စင်း
အချစ်ရေ ကျေပါစေ ကျေနပ်တော့နော် ။
အကြင်နာဘုရားသခင် ရှေ့မှာ
ဝေဒနာများရှင်ရဲ့ ဒဏ်ရာကမ္ဘာ့တခြမ်း
ကန်းသထက် ကန်း ကန်းလာတဲ့
ကိုယ့်ဘဝကို . . . .
ဘုရားသခင်လည်း ကြည့်ပြီးမမြင်နိုင်တော့ဘူး ။
နေကွယ်ရင် ကြယ်အလင်းနဲ့လမင်း ရှိပေမယ့်
ကိုယ့်ဘဝမှာ
အချစ်ရေ မင်းသာမရှိရင်
ကိုယ်ဘယ်တော့မှ သူရဲကောင်းမဖြစ်နိုင်တော့ဘူး ။
မှော်ပုလဲ-စာပေလောကဖြန့်ဖြူးရေး
No comments:
Post a Comment