Saturday, November 25, 2017
မျက်ကန်းမုန်တိုင်းနှင့်အခြားကဗျာပေါင်းချုပ်
မင်း ကျေနပ်သလို
မီးတောင် ဘေးမှာ ထိုင်နေရင်း
မီးတစကို ထပ်ပြီးညှိနေရင်
ကိုယ်ဟာ
သနားစရာ သတ္တဝါလေးပေါ့ ။
တကယ်တော့ . . .
တရေးနိုးသွားပေမယ့် မျက်လုံးမမှိတ်လိုက်ရဘူး ။
ဘဝမီး နဲ့ အချစ်မီးကြားက
ကိုယ့်အတွက် လွတ်မြောက်ခြင်းဆိုတာ
ငရဲရဲ့ မေတ္တာဖိတ်ခေါ်သံမျိုးပဲ ။
ကျေနပ်သလို ဘဝက ဖြစ်မလာဘူး
ကိုယ် ချစ်သလို အချစ်က ပြန်မချစ်လာဘူး
အသိတရားကင်းမဲ့နေတဲ့ လောကနဲ့ချစ်ခြင်းရဲ့
နှစ်စွန်း နှစ်ဖက်ရဲ့ အလယ်ဗဟိုတည့်တည့်က
ကိုယ်ဟာ
ခံစားချက်တစ်ခုနဲ့ပဲ
ကြေကွဲရင် ကျေနပ်ခဲ့ရတယ် ။
မြွေအဆိပ်ဖြေဆေးဆိုတာ
မြွေအဆိပ် ကပဲရရှိခဲ့ပေမယ့်
လောကနဲ့ချစ်ခြင်း အကိုက်ခံရထားရတဲ့
ကိုယ့်အတွက် ဖြေဆေးကတော့ . . .
သေမင်းပဲရှိတယ်
အချစ်ရေ မင်း ကျေနပ်သလို
ကိုယ့်ကို . . . . .
ကြေကွဲမှု့တွေ ပေးနိုင်တယ် ။
ညမင်းကြယ်တံခွန်
မှော်ပုလဲ-စာပေလောကဖြန့်ဖြူးရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment