Nya Min Khyal Ta Khon
ည မင်း ကြယ် တံ ခွန်
👦အပျော်နဲ့ပျော်ရွှင်မှု့👧
ခေါင်းစဉ်တပ်ထားတာတော့ ကြာပါပြီ ၊ ရေးမယ် ရေးမယ်နဲ့မလှည့်နိုင်ခဲ့ဘူး ၊
ပထမဦးဆုံး(အချစ်စိတ်ဘယ်လိုဖြစ်ပေါ်လာလဲပေါ့. . . ?)
မေးသင့်တဲ့ မေးခွန်းပါ ၊ (အချစ်စိတ်ဆိုတာ ဘယ်လိုဖြစ်ပေါ်လာလဲ ) အမျိုးမျိုးဖြစ်ပေါ်လာတတ်တယ် ။ အချစ်စိတ်ဆိုတာ လျှပ်စီးတခုလိုပါပဲ မြန်ဆန်တယ် ၊ အမှတ်မထင် ဖြစ်ပေါ်လာတာပါ ၊ အချိန်ကြာလာမှ ဖြစ်ပေါ်လာတာမဟုတ်ဘူး ၊ စဉ်းစား တွေးခေါ်ပြီးမှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး ၊ ( ဒီနေရာမှာ တစ်ခုသတိပြုဖို့က ___ မြန်ဆန်တယ်ဆိုတာနဲ့ အခုတွေ့ အခုချစ်လဲမဟုတ်ပါဘူး ၊ အခုတွေ့ အခုချစ်ဆိုတဲ့ အချစ်စိတ်မျိုးကတော့ ရှိတော့ရှိကြပါတယ် များသောအားဖြင့်ရှားပါတယ် ၊ ယောက်ကျာင်္းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် သူတို့ရင်ထဲမှာ အချစ်စိတ်တခု ဖြစ်ပေါ်လာဖို့ဆိုတာ ခက်လဲခက်ခဲသလို ၊ လွယ်ကောင်းလဲလွယ်နိုင်ပါတယ် ၊
ကိုယ် ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်းကို ကိုယ်ပြန်ဖမ်းလို့ မိချင်မိမယ် ကိုယ့်အချစ်စိတ်ကိုတော့ ကိုယ်ပြန်ဖမ်းမိဖို့နေနေသာသာ နေ့ခင်းကြောင်တောင် ဓာတ်မီးနဲ့လိုက်ထိုးရှာတာတောင်မှ တွေ့နိုင်မှာမဟုတ်ဘူး ၊
၁ - သာယာမှု့
၂ - ဖြူစင်မှု့
၃ - ဖော်ရွေမှု့
၎ - နားလည်မှု့နဲ့လိုက်လျောညီထွေရှိမှု့
၅ - အနေနီးမှု့နဲ့ပွင့်လင်းမှု့
၆- မြင်နေကျနဲ့ထိတွေ့မှု့
ဒီအချက်တွေကတော့ အချစ်စိတ်ကိုဖြစ်ပေါ်လာစေတဲ့ အဓိကပွိုင့်အချက်တွေပါပဲ ၊ ရွေးထုတ်ထားတာပါ ၊ သံယောဇဉ်ဆိုတာကတော့ အရာရာတိုင်းမှာ ပါဝင်တဲ့အတွက် မထည့်တော့တာပါ ၊
၁/
သာယာမှု့ - လူတစ်ယောက်ဟာ သူ့နှစ်သက်တဲ့ သာယာမှု့မျိုးကို ပေးနိုင်တဲ့သူကို သူစိတ်ထဲ နစ်ဝင်စီးမျောသွားတတ်ကြတယ် ။
၂/
ဖြူစင်မှု့ - လူတစ်ယောက်ဟာ ရိုးသားပြီးဖြူစင်တဲ့သူကိုလဲ သူစိတ်ထဲ နစ်ဝင်စီးမျောသွားတတ်ကြတယ် ။
၃/
ဖော်ရွေမှု့ - ဒါကတော့ ရှင်းပါတယ် ၊ ဖော်ရွေမှု့ရှိသူတိုင်းကို လူတိုင်းနှစ်သက် အမှတ်ရတတ်ကြပါတယ် ။
၎/
နားလည်မှု့နဲ့လိုက်လျောညီထွေရှိမှု့ - ယောက်ကျာင်္းလေးပဲဖြစ်ဖြစ် ၊ မိန်းကလေးပဲဖြစ်ဖြစ် သူတို့အပေါ် နားလည်မှု့နဲ့လိုက်လျောမှု့ထားပေးတဲ့ သူတွေကို နှစ်သက်စီးမျောသွားတတ်ကြတယ် ။
၅/
အနေနီးမှု့နဲ့ပွင့်လင်းမှု့ - တစ်ယောက်နဲ့တစ်ယောက် အနေနီးရင်လဲ ဖြစ်နိုင်သလို ၊ ဘယ်လောက်ပဲ အနေနီးနီး တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှု့မရှိရင် မဖြစ်ကြတာတွေ များပါတယ် ။
၆/
မြင်နေကျနဲ့ထိတွေ့မှု့ - တလမ်းထဲမှာ အတူနေတာ ၊ ဒါမှမဟုတ် ရုံးတစ်ရုံးထဲမှာ အတူအလုပ်လုပ်တာ ၊ ဒါတွေဟာ နေ့တိုင်းမြင်နေကျဖြစ်တာမို့ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ နောက်တခုက ထိတွေ့မှု့ - ယောက်ကျာင်္းလေးပဲဖြစ်ဖြစ် ၊ မိန်းကလေးပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး ပူးပူးကပ်ကပ် ထိတွေ့မှု့တွေကလဲ ဖြစ်ကောင်းဖြစ်နိုင်တယ် ။
ဒီအချက်တွေထဲကနေပဲ အချစ်စိတ်ဆိုတာ ပေါ်ပေါက်ဆင်းသက်လာတာများပါတယ် ၊စာနာ သနားမှု့နဲ့လည်း အချစ်စိတ်ဆိုတာဖြစ်ပေါ်လာတတ်ပါတယ် ဘယ်အရာပဲဖြစ်ဖြစ် စွဲလန်းစိတ်ပေါ်အခြေခံပြီး ဖြစ်ပေါ်လာခြင်းတွေဖြစ်တယ် ၊ တခဏတာ ၊ လျှပ်တပြတ် စွဲလန်းအချစ်စိတ်ကတော့ အမျိုးသားတွေအနေနဲ့( ဥပမာ -; အမျိုးသမီးတစ်ယောက်ရဲ့ အလှ ၊ ဒါမှမဟုတ် အနေအထိုင်ကြော့လို့ ၊ သူရဲ့အမူအယာလေးကို ချစ်လို့ စသဖြင့် ကိုယ့်ရင်ထဲမှာ သူကိုပိုင်ဆိုင်လိုစိတ်ပြင်းပြနေခြင်းက လျှပ်တပြတ်စွဲလန်းမှု့ရဲ့အချစ်စိတ်ပါ ၊ အမျိုးသမီးတွေမှာလဲ တခဏတာ လျှပ်တပြတ်စွဲလန်းမှု့အချစ်စိတ်တွေရှိပါတယ် (ဥပမာ -; အမျိုးသားတစ်ယောက်ရဲ့ အနေထိုင်စမတ်ကျမှု့ ၊ ဒါမှမဟုတ် အပြောအဆိုကျွမ်းကျင်လိမ္မာမှု့ ၊ သူ့နဲ့တွေ့တိုင်း ကိုယ့်ကို သူ ယုယမှု့ပေးတယ်ဆိုရင် စသဖြင့် အမျိုးသမီးတွေရဲ့ရင်ထဲမှာလဲ သူတို့စွဲလန်းမှု့ရဲ့ လျှပ်တပြတ်အချစ်စိတ်တွေရှိပါတယ် ၊ အမျိုးသားတွေမှာမှ ရှိတာမဟုတ်ပါ ။
နောက်ပြီး အချစ်စိတ်ဆိုတာ မုန်တိုင်းတခုလိုပါပဲ တစစ ဖြည်းဖြည်းခြင်းနဲ့စုစည်းပြီးမှ ဖြစ်ပေါ်လာတာပါ ၊ အချစ်စိတ်ဆိုတာ စိတ်ကနေဖြစ်ပေါ်လာတဲ့အတွက် စိတ်ဆိုတာ မြန်ပါတယ် ဒါကြောင့်မို့ ကိုယ်မသိလိုက်တာပါ၊
အခုအကြောင်းအရာက စိတ်အကြောင်းကို ပြောနေတာမဟုတ်သည့်အတွက် အပြင်ဘက်ကနေပဲ ပြောသွားပါ့မယ် ၊
တခါ ဖြစ်ပေါ်လာတဲ့အချစ်စိတ်ဆိုတာလဲ ရည်ရွယ်ခြင်း ၊ ကြံစည်ခြင်းတွေမရှိဘူး၊ အဲ့ဒီလို လုပ်လို့လဲ အချစ်စိတ်မဖြစ်ပါဘူး ၊ ( အမှန်တော့ မြန်လွန်းတဲ့အတွက် ကိုယ်မသိလိုက်တာ ) သူ့လိုလို မရည်ရွယ်ပဲ လွှတ်မိလိုက်တဲ့မြားတစ်စင်းလိုလို ၊ ဝင်းခနဲ့ဖြာသွားတဲ့ လျှပ်စီးတခုလိုလိုမျိုး ကိုယ်တိုင်မသိလိုက်ကြပါဘူး အချစ်စိတ်ဆိုတာ မြန်ဆန်ပြီး ခံစားမှု့အာနိသင်ကို ဖြစ်ပေါ်စေပါတယ် ၊ မည်သည့်အရာနှင့်မျှ မတားဆီးနိုင်ပါ ၊ ဥပမာအနေနဲ့ ပြောပြရင် ကျွန်တော်တို့ ညဘက် တစ်ယောက်ထဲ အိမ်သာတတ်တယ် ဆိုကြပါစို့ အဲ့ဒီအချိန်မှာ '' ဝုန်း '' ခနဲ့ဆို အိမ်သာ တံခါးက သူ့အလိုလိုပွင့်ထွက်သွားရင် ထိတ်လန့်မှု့ဖြစ်သွားမှာပဲလေ( တချို့ဆို ထပါအော်အုန်းမယ် ) အဲ့ဒီလို ဖြစ်ပေါ်လာတဲ့ ထိတ်လန့်မှု့ကြီးက ကြိုတင်ကြံစည် ရည်ရွယ် ထားလို့ ဖြစ်ပေါ်လာတာလား( psychology )အနောက်တိုင်း စိတ်ပညာအရပြောရမယ်ဆိုရင် ( without reason ) အကျိုးအကြောင်းမရှိပဲ မရည်ရွယ်ပဲ သူ့အလိုလို ထွက်ပေါ်လာခြင်းသာဖြစ်တယ်ပေါ့ မြန်မာလိုဆို( အာမေဍိတ် ) ၊ ဒါပေမယ့် ဗုဒ္ဓတရားနဲ့ဆန်းစစ်ကြည့်မယ်ဆိုရင်တော့ စိတ်တခုရဲ့ဖြစ်ပျက်သမျှအရာအားလုံးဟာ တထစ်ခြင်း၊ တဆင့်ခြင်းသွားပါတယ် ၊ မြန်လွန်းလို့ မသိသာတာပါ ၊ ( ဥပမာ - ကျွန်တော်တို့ စိတ်သည် တစ်နေ့တာမှာ ဘယ်အကြောင်းအရာတွေ တွေးသလဲဆိုတာ သေချာမှတ်တမ်းတင်လို့မရပါဘူး ၊ မယုံရင် ကိုယ်တိုင်စမ်းသပ်ကြည့်ပါ ၊ ငါ ဒီနေ့တစ်နေ့တာ တွေးတဲ့အတွေးစိတ်တွေအားလုံးကို ညအိပ်ခါနီးကျရင် ပြန်မှတ်ရေးနိုင်ရမယ်လို့ပေါ့ ( ဘယ်တော့မှ မရပါဘူး ) ကမ္ဘာ့ကျော်အတွေးအခေါ်ပညာရှင်တွေတောင် စိတ်နဲ့ပတ်သတ်လာပြီဆိုရင် နောက်လိုက်ဖြစ်သွားကျတာပဲ ( ဘာလို့ဆို စိတ်ရဲ့ခေါ်ဆောင်ရာနောက်လိုက်ကြလို့ပါပဲ ၊ လူတိုင်းပါပဲ )
ဒါကြောင့်မို့ အချစ်စိတ်ဖြစ်ပေါ်လာတဲ့အဖြေကိုတော့ ဒီလောက်ပဲဖြေပေးချင်တယ် ဘာလို့ဆို ဆက်ပြီးရှင်းပြရရင် စာဖတ်သူတွေ ခေါင်းတွေရှုပ်ကုန်မှာစိုးလို့ပါ ။
_ _ _ _ _ _ _ _ _ _
နောက်တခုက
ယောက်ကျာင်္းလေးများ အမေးများကြတဲ့ များသောအားဖြင့် ယောက်ကျာင်္းလေးတွေ အများစုဟာ သူတို့တွေရဲ့အချစ်ကို မိန်းကလေးတွေက ( စဉ်းစားပေးမယ် )ဒါမှမဟုတ် ( စဉ်းစားအုန်းမယ် ) အဲ့လိုပြောတဲ့အခါ ယောက်ကျာင်္းလေးအများစု မကျေမနပ်ဖြစ်ကြတာ များပါတယ် ၊ တစ်ယောက်အကြောင်း တစ်ယောက်သိနေတာတောင် ဘယ်လိုထပ်ပြီးစဉ်းစားမှာလဲပေါ့ ၊ ပြီးတော့ သူတို့တွေ တွေးကြတယ် ( weak part ) ငါ ဘယ်အပိုင်းအားနည်းလို့လဲ( not truelove ) ငါအချစ်က အချစ်စစ်မဟုတ်လို့လား စသဖြင့် ယောက်ကျာင်္းလေးအများစုက အတွေးပြာတတ်ကြတယ် ၊ မိန်းကလေးတွေဟာ အဖြေချက်ခြင်းမပေးပဲ စဉ်းစားမယ်ဆိုတာ (what for ) သူတို့ ဘာအတွက် စဉ်းစားတာလဲဆိုတာ နားမလည်တဲ့ တချို့ယောက်ကျာင်္းလေးရဲ့အဖြေတခုက ( ငါကို ချစ်ဖို့ /မချစ်ဖို့ ) စဉ်းစားတာလား ဟု တွေးတတ်ကြတယ်( အဲ့ဒီအတွေးနဲ့ထင်မြင်ယူဆချက်သည် မှားပါတယ် )
မိန်းကလေးတွေမှာလဲ နှလုံးသားရှိပါတယ် ၊ဒါကြောင့်မို့ သူတို့စဉ်းစားတာသည် ချစ်သင့် / မချစ်သင့် စဉ်းစားတာမဟုတ်ပါဘူး ၊
မိန်းကလေးတွေကို ယောက်ကျာင်္းလေးများက ချစ်စကားပြောနေတဲ့ချိန် ပြောတဲ့ယောက်ကျာင်္းလေးသာ ရင်ခုန်ပြီး အချစ်ဖြစ်ပေါ်နေခြင်းမဟုတ်ပါဘူး တချိန်တည်း တဆက်တည်း အပြောခံရတဲ့မိန်းကလေးလဲ ရင်ခုန်ပြီး အချစ်ဖြစ်ပေါ်ခြင်း သက်ဝင်နေပါတယ် ၊ ရှင်းရှင်းလင်းလင်းပြောရရင်တော့ ကောင်လေးတစ်ယောက်က ကောင်မလေးကို ''ချစ်တယ်''လို့ပြောလိုက်တာနဲ့ အပြောခံရတဲ့ ကောင်မလေးကလဲ ချက်ခြင်း''သူချစ်နိုင်ရင် ချစ်တယ် ၊ မချစ်နိုင်ရင် မချစ်နိုင်ဘူး ''ဆိုတဲ့အဖြေ ချက်ခြင်းထွက်ပေါ်လာပါတယ် ၊ အချစ်ဆိုတာ စီးဆင်းနေတဲ့ရေလို ၊ တိုက်ခတ်နေတဲ့ လေညှင်းလို တားဆီးခြင်းပြုလုပ်လို့မရပါဘူး ၊ ရခဲ့ရင်လဲ အချစ်အမည်ခံသော ဘဝလို့ခေါ်ပါတယ် ၊
ဒီစာကို ဖတ်သူထဲမှာ မိန်းကလေးတွေပါမှာပါ အဲ့တော့ ကျွန်တော်ပြောတာ ဟုတ်/မဟုတ် ချိန်ဆကြည့်ပါ ။
အဲ့ဒါဆိုရင် မိန်းကလေးတွေဟာ အချစ်ကိုချက်ခြင်းအဖြေပေးနိုင်ပေမယ့် ဘာလို့ချက်ခြင်း အဖြေတန်းမပေးလဲ( သူတို့ ပျော်ရွှင်မှု့ကို လိုချင်လို့ပါ ) ဘယ်လိုပျော်ရွှင်မှု့မျိုးလဲ ၊ အပျော်နဲ့ပျော်ရွှင်မှု့မတူပါဘူး၊ ပျော်ရွှင်မှု့ဆိုတာ တသက်တာဖြစ်ပြီး အပျော်ဆိုတာ တခဏတာ ဖြစ်တယ် ၊ ကိုယ်နဲ့ဘယ်လောက်ပဲရင်းနှီးပြီး ၊ ကိုယ့်အကြောင်းသိတဲ့ မိန်းကလေးဖြစ်ပါစေ သူတို့စဉ်းစားကြပါတယ် ( life time ) သူ့တို့ တသက်တာအတွက် စဉ်းစား ၊ ဆုံးဖြတ်တာဖြစ်လို့ပါ ၊ မိန်းကလေးတိုင်းကိုမဆိုပါဘူး ၊ တချို့သောမိန်းကလေးများသည် များသောအားဖြင့် ခိုင်မာတဲ့ဆုံးဖြတ်ချက်တခုကို ချမှတ်ဖို့ကို အရဲစွန့်ဆုံးဖြတ်ကြရပါတယ် ၊ မိန်းကလေးများ၏ နဂိုခံစိတ်သည် နူးညံ့ပါတယ် ၊ တခုခုဖြစ်ပြီဆို အားငယ်သွားတတ်ကြပါတယ် ၊ အခုခေတ်မှာတော့ မိန်းကလေးများသည် လောကဓံကို ယောက်ကျာင်္းလေးများနှင့်အတူ တန်းတူရင်ဆိုင်ကြပေမယ့်လို့ ယောက်ကျာင်္းလေးများကဲ့သို့ စိတ်မာကျောမှု့မရှိပါဘူး ၊ မိန်းကလေးများသည် သူတို့ဖာသာ သူတို့အားသူတို့ကိုးပြီး လောကဓံကို ရင်ဆိုင်နေကြပေမယ့်လို့ တကယ်တမ်း သူတို့အားကိုးရလောက်တဲ့ ယောက်ကျာင်္းလေးတွေ့ရင်တော့ သူတို့သည် အားပေးသူတွေဖြစ်သွားကြတယ် ၊ မိန်းကလေးများသည် အားကိုးရာကို ရှာကြပြီး ၊ ယောက်ကျာင်္းလေးများသည် အားပေးသူကို ရှာတတ်ကြတယ် ၊ ဒါကြောင့်မို့ မိန်းကလေးများသည် စဉ်းစားရာတွင်
ဥစ္စာပစ္စည်းမဲ့သူ ဆင်းရဲသားတစ်ယောက်ဖြစ်ပါစေ သူတို့အတွက် တသက်တာ လှုံခြုံနွေးထွေးမှု့ပေးနိုင်တဲ့လူ( ဟုတ်၊မဟုတ်) သူတို့ဘဝအတွက် အာမခံချက်ပေးနိုင်တဲ့သူ (ဟုတ်၊မဟုတ်)-( ဆိုလိုတာက အာမခံချက်ဆိုတာ ဥစ္စာပစ္စည်း စည်းစိမ်တွေပြောတာမဟုတ်ပါဘူး ) ဘာဖြစ်ဖြစ် သူတို့အရှေ့ကနေ ဦးဆောင်ဖြေရှင်းနိုင်တဲ့သူကို ပြောတာ ၊ စိန်တွေ ရွှေတွေကတော့ မိန်းကလေးမှ မက်မောတာမဟုတ်ဘူး ခင်ဗျားတို့၊ကျွန်တော်တို့၊ လူတိုင်း သည်းခြေကြိုက်ပဲလေ ၊
နောက်တခုက ( brain work) ဦးနှောက်အလုပ်လုပ်မှု့
ယောက်ကျာင်္းလေးနဲ့မိန်းကလေး ဘယ်သူအတွေးပိုများမယ်ထင်လဲ? ၊ တကယ်တော့ မိန်းကလေးတွေက ယောက်ကျာင်္းလေးတွေထက် ဦးနှောက်အလုပ်လုပ်မှု့ အတွေးပိုများပါတယ် ၊
ဘာလို့အတွေးများလဲဆိုရင် မိန်းကလေးတွေက လှေစီးမယ့် သူတွေမို့လို့ပါ ၊ ကျွန်တော်တို့ မြစ်တဖက်ကမ်းကို သွားဖို့ဆို လှေစီးရမယ် ၊ ကျွန်တော်တို့ကို လှေလှော်ပို့ပေးမယ့်သူက အားနွဲ့ပြီး လှော်တတ်ကို မကိုင်တတ်သူဆို ကျွန်တော်တို့ အဲ့ဒီလှေလှော်သမားရဲ့လှေကို စီးရဲပါ့မလား ၊ စီးပါ့မလား ၊ ဒီလိုပဲ ဘဝဆိုတဲ့ပင်လယ်မှာ ကျွန်တော်တို့ယောက်ကျာင်္းလေးတွေက လှေလှော်သားတွေဖြစ်တယ် ၊ မိန်းကလေးတွေက ကျွန်တော်တို့ယောကျာင်္းသား
တွေ အားကိုးနဲ့လောကဓံကို စိန်ခေါ်ကြရမှာမို့လို့
ကိုယ့်ကို သူတို့ဘယ်လောက်ပဲ (ချစ်ချစ်)ချက်ခြင်းအဖြေပြန်ပေးလေ့မရှိပါဘူး
သူတို့သေချာစဉ်းစားဆုံးဖြတ်ပြီးမှသာ အဖြေပြန်ပေးတာပါ ၊ အဲ့ဒီအဖြေကိုကျတော့ ( life giving ) လို့ခေါ်တယ် သူတို့ဘဝကို သူတို့ယုံကြည်မှု့ရဲ့လက်ထဲအပ်လိုက်တာ ၊ ( အဲ့ဒါကို ပျော်ရွှင်မှု့ဆိုတဲ့ တသက်တာခေါ်ဆိုခြင်းဖြစ်ပါတယ် ၊( ဒီနေရာမှာ ကျွန်တော် တခုပြောချင်တာက တချို့မိန်းကလေးကျတော့ ( life giving) သူတို့ဘဝကို သူတို့ယုံကြည်သူလက်ထဲ အချိန်သိပ်မစဉ်းစားပဲနဲ့အပ်လိုက်တဲ့မိန်းကလေးမျိုးကျတော့ ကိုယ့်ကိုသူတို့ရဲ့နှလုံးသားထဲမှာ သူရဲကောင်းတစ်ဦးအနေနဲ့အသိမှတ်ပြုလိုက်လို့ပါ )
အပျော်ဆိုတာကတော့ မိန်းကလေးပဲဖြစ်ဖြစ် ၊ ယောက်ကျာင်္းလေးပဲဖြစ်ဖြစ်( တစ်ယောက်မကောင်း နောက်တစ်ယောက်ပြောင်း )ဆိုတဲ့ အတွေးခေါ်သာဖြစ်၍
အပျော်ဆိုတဲ့ အိမ်ထောင်ရေးတွေဟာ အကြာဆုံး 1နှစ်ပဲ ၊ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ပန်းတစ်ပွင့်ပေါ့ ၊ အခုမှ အငုံလေးစထွက်လာတဲ့ ပန်းတစ်ပွင့်ကို ခူးပြီး ကိုယ့်ရဲ့လက်ထဲမှာ အဲ့ပန်းလေးကို အဖူး အပွင့်တွေ ထွက်လာအောင် ပျိုးလို့ရပါ့မလား ၊ ( အပျော်ဆိုတာ ခုမှအငုံလေးစထွက်လာတဲ့ပန်းတစ်ပွင့်ပဲ ) တချို့တွေ ရှိကြတယ် မိန်းကလေးနဲ့ယောက်ကျာင်္းလေးပေါ့ ငါတို့တွဲကြမယ်ဆိုတာနဲ့ '' Yes''ပဲ ( အဲ့ဒါတွေ အပျော်လို့ခေါ်တယ် ) ဒါကြောင့်မို့ အပျော်ဆိုတာ တခဏတာပါ/ ပျော်ရွှင်မှု့ဆိုတာ တသက်တာပါလို့ပြောရင်း အားလုံး ပျော်ရွှင်မှု့တွေကို ပိုင်ဆိုင်ကြပါစေဗျာ ။
#ညမင်းကြယ်တံခွန်
Thursday, September 14, 2017
Monday, September 11, 2017
Nya Min Kyal Ta Khon
ည မင်း ကြယ် တံ ခွန်
ငါကဗျာ ငါတရား ငါအချစ်ည မင်း ကြယ် တံ ခွန်
ကမ္ဘာ့မြေကို ကဗျာတွေနဲ့
ပန်ဆင်ခဲ့မယ် ။
ဘဝကဗျာ. .အလှမပါ
ပျိုးချယ်ရာဝယ်. .ပွင့်လာသောပန်း
နေခြည်ဆန်းသစ်. .အလှစစ်နှင့်
ရွှင်ဆင့်ထွက်လာ. .ငါ မေတ္တာ ။
မလိုသူပစ်. .လိုသူချစ်ရင်း
အဖော်ကင်းကွာ. .ငါ မျက်နှာမှာ
အက္ခရာဆိုတာ. .အမုန်းမရှိ ။
မာယာရစ်တိုး စောင်းကြိုးငြိကာ
ပျော်ရှာသည့် မိန်းမယုတ်
ငါ သွေးကိုစုပ်
ငါ ငါအသက် နုတ်သွားခဲ့တယ်။
ဓမ္မတရား. . ကိုယ်ကျင့်အားနဲ့
ငါသည်ထိန်းသိမ်း. .အမျက်ယိမ်း၍မထွက်ခဲ့ပေ ။
နောက်ဆုံး ကမ္ဘာ့မြေကို
အမြတ်ဆုံး ကဗျာတွေနဲ့ နူတ်ဆက်ခဲ့မယ် ။
Tuesday, September 5, 2017
Nya Min Kyal Ta Khon
ည မင်း ကြယ် တံ ခွန်
မင်း ဘာအတွက် ကိုယ့်ကိုချစ်ခဲ့တာလဲ
ကိုယ်နဲ့မင်း အတူတကွ ချစ်ခဲ့ကြတယ် .
အချိန်မတိုင်ခင် နောက်ဆုံးစကား
မင်း ပြောခဲ့ပြီး မင်း ထွက်ခွာခဲ့တယ် .
ကိုယ် ဘဝကို မုန်တိုင်းတိုက်ခတ်နေပြီ
ကိုယ်မျက်ရည်တွေကို ဖြေသိမ့်ပေးဖို့အတွက်
မင်း ပြန်လာခဲ့ပေးပါ .
{ ကိုယ့် အချစ်ဆုံး }
မင်း ဘာအတွက် ကိုယ့်ကိုချစ်ခဲ့တာလဲ .
ည မင်း ကြယ် တံ ခွန်
မင်း ဘာအတွက် ကိုယ့်ကိုချစ်ခဲ့တာလဲ
ကိုယ်နဲ့မင်း အတူတကွ ချစ်ခဲ့ကြတယ် .
အချိန်မတိုင်ခင် နောက်ဆုံးစကား
မင်း ပြောခဲ့ပြီး မင်း ထွက်ခွာခဲ့တယ် .
ကိုယ် ဘဝကို မုန်တိုင်းတိုက်ခတ်နေပြီ
ကိုယ်မျက်ရည်တွေကို ဖြေသိမ့်ပေးဖို့အတွက်
မင်း ပြန်လာခဲ့ပေးပါ .
{ ကိုယ့် အချစ်ဆုံး }
မင်း ဘာအတွက် ကိုယ့်ကိုချစ်ခဲ့တာလဲ .
ပျိုချစ်တေး
ညမင်းကြယ်တံခွန်
အကိုရေ . . အတော်ကဲ
အပိုထွင် . . အလွမ်းတွေချွဲလို့
မငြိုငြင် . . မေရင်ထဲ
အချစ်တွေဖြန့်ကျဲ ။
မေ့ပါဘူး . . အကိုရယ်
ဝေးနေလဲ. .တွေးနေတဲ့အကိုအကြောင်း
ပြန်ဆုံပေါင်းဖို့ ဆုတောင်းနေတယ် ။
အလိုကွယ် . . .
အကိုနဲ့မေကြား
မီးတောင်ဆိုတာ ခြားစေအုန်းတော့
သေခါမှ အရည်ပျော်ကျမယ့်
မေရင်ထဲက အသဲ ။
ညမင်းကြယ်တံခွန်
အကိုရေ . . အတော်ကဲ
အပိုထွင် . . အလွမ်းတွေချွဲလို့
မငြိုငြင် . . မေရင်ထဲ
အချစ်တွေဖြန့်ကျဲ ။
မေ့ပါဘူး . . အကိုရယ်
ဝေးနေလဲ. .တွေးနေတဲ့အကိုအကြောင်း
ပြန်ဆုံပေါင်းဖို့ ဆုတောင်းနေတယ် ။
အလိုကွယ် . . .
အကိုနဲ့မေကြား
မီးတောင်ဆိုတာ ခြားစေအုန်းတော့
သေခါမှ အရည်ပျော်ကျမယ့်
မေရင်ထဲက အသဲ ။
ဝေးသောအရပ်
ညမင်းကြယ်တံခွန်
စိုဝင်းပြီးလှပနေတဲ့ မူလနူတ်ခမ်းလေးပေါ်ကို
အတ္တတွေ ဆိုးချယ်နေရင် . . .
နူတ်ခမ်းလေး မဲသွားလိမ့်မယ် ချစ်သူ ။
ချောမွတ်ပြီးလှပနေတဲ့ နဂိုပါးပြင်ပေါ်ကို
မာနတွေ လိမ်းချယ်နေရင်
ပါးပြင်လေး ညစ်သိုးသွားလိမ့်မယ် ချစ်သူ ။
တစ်နာရီစကားပြောလို့ အဆင်မပြေတိုင်း
တသက်လုံး ကျောခိုင်းပြီးနေတော့မလား
ဒီကမ္ဘာ့မှာ ဝေးသောအရပ်ဆိုတာ
မရှိပါဘူး . . .
အနီးစပ်ဆုံးသူကို မမြင်နိုင်ခြင်းသာ
ထိုလူဟာ . .ဝေးသောအရပ်ကိုရောက်နေတာပါ ။
ညမင်းကြယ်တံခွန်
စိုဝင်းပြီးလှပနေတဲ့ မူလနူတ်ခမ်းလေးပေါ်ကို
အတ္တတွေ ဆိုးချယ်နေရင် . . .
နူတ်ခမ်းလေး မဲသွားလိမ့်မယ် ချစ်သူ ။
ချောမွတ်ပြီးလှပနေတဲ့ နဂိုပါးပြင်ပေါ်ကို
မာနတွေ လိမ်းချယ်နေရင်
ပါးပြင်လေး ညစ်သိုးသွားလိမ့်မယ် ချစ်သူ ။
တစ်နာရီစကားပြောလို့ အဆင်မပြေတိုင်း
တသက်လုံး ကျောခိုင်းပြီးနေတော့မလား
ဒီကမ္ဘာ့မှာ ဝေးသောအရပ်ဆိုတာ
မရှိပါဘူး . . .
အနီးစပ်ဆုံးသူကို မမြင်နိုင်ခြင်းသာ
ထိုလူဟာ . .ဝေးသောအရပ်ကိုရောက်နေတာပါ ။
ဒဏ္ဍာရီရဲ့ပုံပြင်ဟောင်း
ညမင်းကြယ်တံခွန်ခန္ဓာကိုယ်မှာ . . . .
မီးလျှံတွေ မီးဟုန်တွေလောင်မြိုက်ကျွမ်းခံနေရတဲ့
လူနှစ်ယောက် . . .
အားသွန်လို့ ပြေးရင်းနဲ့ ငြိမ်းပေးမယ့်သူကို
ပြေးလွှားရှာဖွေကြလို့ပေါ့
တောနက်ရဲ့တစ်နေရာရောက်တော့
မြစ်ဝမ်းရေပြင်နက်ကြီးတစ်ခု
တွေ့သွားတယ်
ပထမလူက သူ့ခန္ဓာကိုယ်မှာလောင်ကျွမ်းနေတဲ့
မီးလျှံ မီးဟုန်တွေကို ငြိမ်းဖို့
ထိုမြစ်ဝမ်းရေပြင်နက်ကြီးထဲ ခုန်ဆင်းချလိုက်တယ်
ခဏကြာတော့ . . .
ပထမလူ ကုန်းပေါ်ကို ရေကူးပြီး
ပြန်တတ်လာနိုင်ခဲ့တယ် . .
အေးချမ်းစွာဖြင့် ဆက်လျှောက်လှမ်းသွားတယ်။
ထို့အတူ . . .
ဒုတိယလူဟာလဲ ထိုမြစ်ဝမ်းရေပြင်နက်ကြီးကို
တွေ့ပြီးနောက် . . . .
သူ့ခန္ဓာမှာ လောင်ကျွမ်းနေတဲ့
မီးလျှံ မီးဟုန်တွေကိုငြိမ်းဖို့
ထိုမြစ်ဝမ်းရေပြင်နက်ကြီးထဲသို့
ခုန်ချခဲ့တယ် . . . သို့သော်ငြားလဲ
ဒုတိယလူဟာ ပထမလူလိုရေမကူးတတ်ပေ
သူ့ခန္ဓာကိုယ် အပူငြိမ်းသွားဖို့အတွက်သာ
မြစ်ဝမ်းရေပြင်နက်ထဲ ခုန်ချဆင်းသော
ဒုတိယလူဟာ . . . ပထမလူလို
ကုန်းပေါ်သို့ ပြန်မတတ်နိုင်ခဲ့ပေ
အပူမီးတွေကို ငြိမ်းဖို့ရေထဲခုန်ချကာမှ
ထိုရေပြင်ဟာ အပူတင်မက သူရဲ့အသက်ကိုပါ
ငြိမ်းပေးလိုက်တယ် ။
ပုံပြင်ရဲ့အဆုံးသတ်မှာတော့ . . .
ဘဝဆိုတာ မီးလောင်ကျွမ်းနေတဲ့
ရှင်သန်ခြင်းတခုဖြစ်တယ်
ဘယ်အရာမှ ကောင်းခြင်းဆိုတဲ့ တခုတည်းသော ခံစားမှု့ကို
မပေးစွမ်းနိုင်ပါဘူး မိတ်ဆွေ
အရာရာတိုင်းရဲ့ အကျိုးရလဒ်ဟာ
ကောင်းခြင်း ၊ ဆိုးခြင်း တွဲယှက်နေတယ်
ကျွမ်းကျင်နေသူအတွက်တော့ . . .
မှားသည့်လမ်းကို. . . .
အောင်မြင်ခြင်းရဲ့ဖြတ်လမ်းတခုအနေနဲ့
သူ အသုံးချပြီး ဆက်လျှောက်နေလိမ့်မယ်။
Monday, September 4, 2017
ယုရင်ထဲက တံခွန်
http://tagonstar1.blogspot.com/2017/08/?m=1
မှော်တံခါးရဲ့အနမ်း
ညမင်းကြယ်တံခွန်
မှေးစက်နေတဲ့ အခန်းလေးထဲမှာ
ပင်ပန်းစွာနဲ့ အသက်ရှုနေရတဲ့
ဖန်ပုလင်းထဲက ပိုးစုန်းကြူးကို
သနားမိတယ် ။
သူ့အလင်းကိုသာ မှီဝဲနေတယ်
သူ့ငိုသံကို ကိုယ်မကြားဘူး
ဖန်အိမ်ဝန်းထဲ သူရောက်နေတာကိုး ။
တခါတလေကျတော့လဲ
နောင်ဘဝဆိုတာ ဖန်အိမ်ဝန်းကြီးနဲ့တူတယ်
ကြားသာကြားသိရတယ် မမြင်ရဘူး ။
ဘဝမှာ ''တူ''ဖြစ်ခွင့်မရှိတောင်
''ပေ''ဖြစ်ခွင့်တော့ လိုချင်တယ်
ကိုယ် ဘယ်လောက်ခံနိုင်ရည်ရှိလဲဆိုတာ
လောကဓံကို သက်သေပြဖို့ပေါ့ ။
ဗီဒိုထဲက အင်္ကျီတစ်ထည်ကို
ယူဝတ်လိုက်တယ် . . .
ကိုယ် ဝတ်ဆင်ထားမိတဲ့ အင်္ကျီက
သံချပ်ကာအင်္ကျီဖြစ်နေတယ် ချစ်သူ ။
ဟော့ ဟိုမှာ . . .
လောကဓံရဲ့ခရာတွတ်သံကြားနေရပြီ
ငြိမ်းအေးစွာ ဖြတ်သန်းပါရစေ ။
http://tagonstar1.blogspot.com/2017/08/?m=1
မှော်တံခါးရဲ့အနမ်း
ညမင်းကြယ်တံခွန်
မှေးစက်နေတဲ့ အခန်းလေးထဲမှာ
ပင်ပန်းစွာနဲ့ အသက်ရှုနေရတဲ့
ဖန်ပုလင်းထဲက ပိုးစုန်းကြူးကို
သနားမိတယ် ။
သူ့အလင်းကိုသာ မှီဝဲနေတယ်
သူ့ငိုသံကို ကိုယ်မကြားဘူး
ဖန်အိမ်ဝန်းထဲ သူရောက်နေတာကိုး ။
တခါတလေကျတော့လဲ
နောင်ဘဝဆိုတာ ဖန်အိမ်ဝန်းကြီးနဲ့တူတယ်
ကြားသာကြားသိရတယ် မမြင်ရဘူး ။
ဘဝမှာ ''တူ''ဖြစ်ခွင့်မရှိတောင်
''ပေ''ဖြစ်ခွင့်တော့ လိုချင်တယ်
ကိုယ် ဘယ်လောက်ခံနိုင်ရည်ရှိလဲဆိုတာ
လောကဓံကို သက်သေပြဖို့ပေါ့ ။
ဗီဒိုထဲက အင်္ကျီတစ်ထည်ကို
ယူဝတ်လိုက်တယ် . . .
ကိုယ် ဝတ်ဆင်ထားမိတဲ့ အင်္ကျီက
သံချပ်ကာအင်္ကျီဖြစ်နေတယ် ချစ်သူ ။
ဟော့ ဟိုမှာ . . .
လောကဓံရဲ့ခရာတွတ်သံကြားနေရပြီ
ငြိမ်းအေးစွာ ဖြတ်သန်းပါရစေ ။
အလင်းပျက်ညရဲ့အလင်းတစ'ကြယ်'
ညမင်းကြယ်တံခွန်
ပုလင်းကွဲညတွေနဲ့ထွန်းညှိခံထားတဲ့
ရောင်စုံပန်းတစ်ပွင့် . . .
နေမှုန်ကို စောင့်ဆိုင်းနေတယ် ။
လေမတိုက်ပဲနဲ့တော့ သစ်ရွက်မလှုပ်ဘူးလေ
အချစ်ဆိုတာ . . .
နှစ်ဦးစလုံး ညီမျှမှု့ကနေ
ဆင်းသက်လာတဲ့ '' အက္ခရာ '' ။
မလျှော့မတင်း အကြည့်တွေနဲ့
ခိုးဝှက်ခံထားရတဲ့ အပြုစားခံအသဲနှလုံး
ချူပ်နှောင်မှု့တွေတင်းရစ်ပတ်နေတဲ့
အလွမ်းချည်မျှင်ကြိုး . . .
ဖြတ်မရလို့ ကူပါအုန်း အချစ် ။
နေထွက်လာလို့ အလင်းရပေမယ့်
ရေငတ်နေသူအဖို့ . . .
နေမင်းရောင်ခြည် ရက်စက်လွန်းပေသည် ။
ပါးပါးလေး တွေ့လိုက်တယ်
လှနေတဲ့အပြုံးဟာ
ဘယ်သူအတွက်လဲ . . .?
ကိုယ် မဆိုလိုဘူး
အချစ်ကို ဘောင်ခတ်မထားလို့
ရှောင်ထွက်သွားမယ်ဆို
ကိုယ် မငိုပါဘူး ။
သစ်ရွက်စိမ်းတွေတောင်မှ
အချိန်တန် ဝါဖန့်ဖန့်ရောင်သန်းရပေမယ့်လို့
အချစ်ရဲ့မာနတွေနဲ့ ပြည့်နှက်ဆူပွက်နေတဲ့
လက်တစ်စုံဟာ . . .
ဘယ်တော့များမှ သာယာမှု့ပေးမလဲ ။
သန်းခေါင်ယံဆိုပေမယ့်
သူ့မှာ အထီးကျန်ဆန်မှု့မရှိဘူး
ညမွှေးပန်းက သူ့ရဲ့အဖော်မွန်
ကိုယ်ကတော့ သန်းခေါင်ယံထက်ပိုနက်ခဲ့လို့
အမှောင်ပင်လယ်မှာ လှော်တတ်ပျောက်နေတယ် ။
အချစ်ကို စာမဖွဲ့တတ်ပေမယ့်
လွမ်း အလွမ်းကဗျာတွေ
မှန်း ရည်မှန်းကာ ရေးစပ်သမျှ
ပဝါနဲ့မျက်ရည် ရွှဲနစ်ကုန်ပြီ ။
လေမဆန် မုန်တိုင်းမတိုက်
မီးလှိုက်လှိုက်မပြင်းရှသော်လည်း
နွေအပြုံး ဆောင်းမျက်နှာနဲ့
ချစ်သူ . . .
လျှပ်ဆင်မြန်းကာ မိုးကြိုးသွားများစွာနဲ့
တို့ အသဲနှလုံး . . .
လွမ်းမျက်ရည် မိုးမညိုပါရစေနဲ့ ။
ချစ်သူ . . .
စကားမပြောချင်နေပါ
ဒါပေမယ့် . . .
အပြစ်မရှိတဲ့ မင်းအသဲနှလုံးနဲ့
တို့ အသဲနှလုံးကိုတော့
ရင်းနှီးခွင့် ခွင့်ပြုလိုက်ပါ ။
ချစ်သူ . . .
မြေခွေးတွေ 'အူ 'တိုင်း
'လ'မသာပါဘူး
ကိုယ်တိုင်ဖြတ်မရတဲ့ အချစ်ကြိုးကို
ဘေးအတိုက်တွေ ဘယ်လိုတွန်းဖျက်ဖျက်
တည်သောကြိုးသည် သစ္စာကြိုးပါပဲ ။
ချစ်သူ . . .
ချစ်တာတွေကိုလဲ ရင်ဖွင့်မပြတတ်ဘူး
အမူအယာများစွာနဲ့
ချိုချိုသာသာ မာယာစကားတွေကိုလဲ
ရုပ်လုံးဟန်ကြွအောင် မပြောတတ်ဘူး ။
ဒီကမ္ဘာ့မှာ အလှဆုံးပန်းတစ်ပွင့်ရှိရင်
မင်း ပန်ဖို့အတွက် ဖူးပွင့်လာခြင်းပဲ
ဒီကမ္ဘာ့မှာ တောက်ပဆုံး'ကြယ်'တစ်ပွင့်ရှိရင်
မင်း အေးချမ်းဖို့အတွက် ထွန်းတောက်ပေါ်ထွက်လာခြင်းပဲ ချစ်သူ ။
အကွာအဝေးဆိုတာ
တိုင်းတာလို့ ရှည်လျှားပေမယ့်
အချစ်နယ်နမိတ်မှာတော့
ဝေးချင်း နီးချင်း ရှည်လျှားမှု့မရှိ
ချစ်တဲ့သူ တစ်ယောက်ရင်ထဲမှာ
ချစ်သောသူတစ်ယောက်သာ အစဉ်ရှိ၏ ။
မြှားတံက အားပျော့နေပြီး
လေးကြိုးကတအား ခိုင်ခံ့နေရင်လည်း
ခရီးဟာ ဆုံမှတ်ရဲ့
သုညဒီဂရီအောက် ရလဒ်ပဲဖြစ်လိမ့်မယ် ချစ်သူ ။
သုညကမ္ဘာ့မှာ ''တစ်''ဖြစ်အောင်
ကြိုးစားလို့ရပေမယ့် . .
ဘာမှမမြင်ရတဲ့ ပန်းချီတစ်ချပ်ကို
ဘယ်လိုခံစားချက်တွေနဲ့ ပန်းတွေကျဲပေးရမလဲ ။
လက်နက်တကာ လက်နက်ထဲမှာ
ကိုယ် အကြောက်ဆုံးက
'မေတ္တာ,ဆူး ' လက်နက်
ကြောက်သထက် အကြောက်ဆုံးက
မချို မချဉ်အပြုံးနဲ့ မလိုတခါ လိုတခါ
သုံးတတ်တဲ့ ''အချစ်ရဲ့မျက်လှည့်''တွေကြောင့်
ဒီလူမောင် ရူးခဲ့ရတာ … … …
{ဘယ့်အင်္သချေ}ရှိပြီလဲ မရေတွက်နိုင်ဘူး ။
ရေနစ်နေသူကို ကယ်ဖို့ထက်
ကိုယ်အရင် ရေကူးတတ်သလားဆိုတာ
တွေးမိဖူးလား . . . .?
လူတွေနဲ့ အံ့ဝင်ခွင်ကျဖြစ်ချင်ရင်တော့
ဘာမှသိပ်မလိုအပ်ဘူး ချစ်သူ
ရိုးသားမှု့တွေနဲ့သစ္စာတွေကို
မြေမှာမြုပ်ပြီး စတေးလိုက်ရုံပဲ ။
ကိုယ်က သူ့နေရာမဝင်သ၍တော့
အပြစ်တင်ရင် တင်မယ်
ကဲ့ရဲ့ရင် ကဲ့ရဲ့မယ်
အဆုံးအဖြတ်တွေရဲ့နောက်ဆုံးမှာတော့
လူတွေဟာ
ရူးသွပ်ပြီး မီးဘုံထဲမှာ ရွှေရှာနေကြတယ်။
ကောင်းကင်ဟာ တိမ်မျှင်တွေနဲ့
ရှုပ်ထွေးနေချိန်မှာ . . .
အခါလွန်မိုးတွေ ရွာချလိုက်
မနက်ခင်းဟာ မည်းမှောင်လိုက်နဲ့
တကြိမ်ချော်လွဲခဲ့တဲ့ လမ်းတဖက်မှာ
ကိုယ်ဟာ . . .
ချစ်သူကို ချော့သိပ်သော
မိုးစက်တစ်ပွင့် ဖြစ်လေ၏ ။
မင်း အိပ်တတ်ရင် အိပ်ပျော်လိမ့်မယ်
မင်း နားထောင်တတ်ရင်
ကိုယ့် တီးခတ်မှု့က နားဝင်ချိုလိမ့်မယ်
မင်း နှစ်သက်ရင်
ကိုယ့် ကဗျာက အသဲနှလုံး
မင်း မနှစ်သက်ရင်တော့
ကိုယ့် ကဗျာက အစုတ်ပလုတ် ။
'နေ'သာချိန်မှ
'လမင်း'ထွက်ရှာနေလို့ အပိုပဲ
အမူယာ အဆန်းပြားတွေနဲ့
လူတကာ ယစ်မူးတဲ့လမ်းကိုမှ
လျှောက်ချင်လှ ဆိုရင်
အပိုအရှုပ်တွေကို အဟုတ်ထင်တဲ့လူတွေနဲ့
မင်း မိတ်ဖွဲ့ပြီး နေရစ်တော့ ချစ်သူရေ ။
တကယ်တော့ . . .
လူ့ဘဝဆိုတာ ခမ်းနား၊ ထည်ဝါဖို့မလိုဘူး
ဆည်းဆာရဲ့သန်းခေါင်ယံ မဖြစ်ဖို့ပဲ
လိုအပ်တယ် ချစ်သူ !!! ။
ညမင်းကြယ်တံခွန်
ပုလင်းကွဲညတွေနဲ့ထွန်းညှိခံထားတဲ့
ရောင်စုံပန်းတစ်ပွင့် . . .
နေမှုန်ကို စောင့်ဆိုင်းနေတယ် ။
လေမတိုက်ပဲနဲ့တော့ သစ်ရွက်မလှုပ်ဘူးလေ
အချစ်ဆိုတာ . . .
နှစ်ဦးစလုံး ညီမျှမှု့ကနေ
ဆင်းသက်လာတဲ့ '' အက္ခရာ '' ။
မလျှော့မတင်း အကြည့်တွေနဲ့
ခိုးဝှက်ခံထားရတဲ့ အပြုစားခံအသဲနှလုံး
ချူပ်နှောင်မှု့တွေတင်းရစ်ပတ်နေတဲ့
အလွမ်းချည်မျှင်ကြိုး . . .
ဖြတ်မရလို့ ကူပါအုန်း အချစ် ။
နေထွက်လာလို့ အလင်းရပေမယ့်
ရေငတ်နေသူအဖို့ . . .
နေမင်းရောင်ခြည် ရက်စက်လွန်းပေသည် ။
ပါးပါးလေး တွေ့လိုက်တယ်
လှနေတဲ့အပြုံးဟာ
ဘယ်သူအတွက်လဲ . . .?
ကိုယ် မဆိုလိုဘူး
အချစ်ကို ဘောင်ခတ်မထားလို့
ရှောင်ထွက်သွားမယ်ဆို
ကိုယ် မငိုပါဘူး ။
သစ်ရွက်စိမ်းတွေတောင်မှ
အချိန်တန် ဝါဖန့်ဖန့်ရောင်သန်းရပေမယ့်လို့
အချစ်ရဲ့မာနတွေနဲ့ ပြည့်နှက်ဆူပွက်နေတဲ့
လက်တစ်စုံဟာ . . .
ဘယ်တော့များမှ သာယာမှု့ပေးမလဲ ။
သန်းခေါင်ယံဆိုပေမယ့်
သူ့မှာ အထီးကျန်ဆန်မှု့မရှိဘူး
ညမွှေးပန်းက သူ့ရဲ့အဖော်မွန်
ကိုယ်ကတော့ သန်းခေါင်ယံထက်ပိုနက်ခဲ့လို့
အမှောင်ပင်လယ်မှာ လှော်တတ်ပျောက်နေတယ် ။
အချစ်ကို စာမဖွဲ့တတ်ပေမယ့်
လွမ်း အလွမ်းကဗျာတွေ
မှန်း ရည်မှန်းကာ ရေးစပ်သမျှ
ပဝါနဲ့မျက်ရည် ရွှဲနစ်ကုန်ပြီ ။
လေမဆန် မုန်တိုင်းမတိုက်
မီးလှိုက်လှိုက်မပြင်းရှသော်လည်း
နွေအပြုံး ဆောင်းမျက်နှာနဲ့
ချစ်သူ . . .
လျှပ်ဆင်မြန်းကာ မိုးကြိုးသွားများစွာနဲ့
တို့ အသဲနှလုံး . . .
လွမ်းမျက်ရည် မိုးမညိုပါရစေနဲ့ ။
ချစ်သူ . . .
စကားမပြောချင်နေပါ
ဒါပေမယ့် . . .
အပြစ်မရှိတဲ့ မင်းအသဲနှလုံးနဲ့
တို့ အသဲနှလုံးကိုတော့
ရင်းနှီးခွင့် ခွင့်ပြုလိုက်ပါ ။
ချစ်သူ . . .
မြေခွေးတွေ 'အူ 'တိုင်း
'လ'မသာပါဘူး
ကိုယ်တိုင်ဖြတ်မရတဲ့ အချစ်ကြိုးကို
ဘေးအတိုက်တွေ ဘယ်လိုတွန်းဖျက်ဖျက်
တည်သောကြိုးသည် သစ္စာကြိုးပါပဲ ။
ချစ်သူ . . .
ချစ်တာတွေကိုလဲ ရင်ဖွင့်မပြတတ်ဘူး
အမူအယာများစွာနဲ့
ချိုချိုသာသာ မာယာစကားတွေကိုလဲ
ရုပ်လုံးဟန်ကြွအောင် မပြောတတ်ဘူး ။
ဒီကမ္ဘာ့မှာ အလှဆုံးပန်းတစ်ပွင့်ရှိရင်
မင်း ပန်ဖို့အတွက် ဖူးပွင့်လာခြင်းပဲ
ဒီကမ္ဘာ့မှာ တောက်ပဆုံး'ကြယ်'တစ်ပွင့်ရှိရင်
မင်း အေးချမ်းဖို့အတွက် ထွန်းတောက်ပေါ်ထွက်လာခြင်းပဲ ချစ်သူ ။
အကွာအဝေးဆိုတာ
တိုင်းတာလို့ ရှည်လျှားပေမယ့်
အချစ်နယ်နမိတ်မှာတော့
ဝေးချင်း နီးချင်း ရှည်လျှားမှု့မရှိ
ချစ်တဲ့သူ တစ်ယောက်ရင်ထဲမှာ
ချစ်သောသူတစ်ယောက်သာ အစဉ်ရှိ၏ ။
မြှားတံက အားပျော့နေပြီး
လေးကြိုးကတအား ခိုင်ခံ့နေရင်လည်း
ခရီးဟာ ဆုံမှတ်ရဲ့
သုညဒီဂရီအောက် ရလဒ်ပဲဖြစ်လိမ့်မယ် ချစ်သူ ။
သုညကမ္ဘာ့မှာ ''တစ်''ဖြစ်အောင်
ကြိုးစားလို့ရပေမယ့် . .
ဘာမှမမြင်ရတဲ့ ပန်းချီတစ်ချပ်ကို
ဘယ်လိုခံစားချက်တွေနဲ့ ပန်းတွေကျဲပေးရမလဲ ။
လက်နက်တကာ လက်နက်ထဲမှာ
ကိုယ် အကြောက်ဆုံးက
'မေတ္တာ,ဆူး ' လက်နက်
ကြောက်သထက် အကြောက်ဆုံးက
မချို မချဉ်အပြုံးနဲ့ မလိုတခါ လိုတခါ
သုံးတတ်တဲ့ ''အချစ်ရဲ့မျက်လှည့်''တွေကြောင့်
ဒီလူမောင် ရူးခဲ့ရတာ … … …
{ဘယ့်အင်္သချေ}ရှိပြီလဲ မရေတွက်နိုင်ဘူး ။
ရေနစ်နေသူကို ကယ်ဖို့ထက်
ကိုယ်အရင် ရေကူးတတ်သလားဆိုတာ
တွေးမိဖူးလား . . . .?
လူတွေနဲ့ အံ့ဝင်ခွင်ကျဖြစ်ချင်ရင်တော့
ဘာမှသိပ်မလိုအပ်ဘူး ချစ်သူ
ရိုးသားမှု့တွေနဲ့သစ္စာတွေကို
မြေမှာမြုပ်ပြီး စတေးလိုက်ရုံပဲ ။
ကိုယ်က သူ့နေရာမဝင်သ၍တော့
အပြစ်တင်ရင် တင်မယ်
ကဲ့ရဲ့ရင် ကဲ့ရဲ့မယ်
အဆုံးအဖြတ်တွေရဲ့နောက်ဆုံးမှာတော့
လူတွေဟာ
ရူးသွပ်ပြီး မီးဘုံထဲမှာ ရွှေရှာနေကြတယ်။
ကောင်းကင်ဟာ တိမ်မျှင်တွေနဲ့
ရှုပ်ထွေးနေချိန်မှာ . . .
အခါလွန်မိုးတွေ ရွာချလိုက်
မနက်ခင်းဟာ မည်းမှောင်လိုက်နဲ့
တကြိမ်ချော်လွဲခဲ့တဲ့ လမ်းတဖက်မှာ
ကိုယ်ဟာ . . .
ချစ်သူကို ချော့သိပ်သော
မိုးစက်တစ်ပွင့် ဖြစ်လေ၏ ။
မင်း အိပ်တတ်ရင် အိပ်ပျော်လိမ့်မယ်
မင်း နားထောင်တတ်ရင်
ကိုယ့် တီးခတ်မှု့က နားဝင်ချိုလိမ့်မယ်
မင်း နှစ်သက်ရင်
ကိုယ့် ကဗျာက အသဲနှလုံး
မင်း မနှစ်သက်ရင်တော့
ကိုယ့် ကဗျာက အစုတ်ပလုတ် ။
'နေ'သာချိန်မှ
'လမင်း'ထွက်ရှာနေလို့ အပိုပဲ
အမူယာ အဆန်းပြားတွေနဲ့
လူတကာ ယစ်မူးတဲ့လမ်းကိုမှ
လျှောက်ချင်လှ ဆိုရင်
အပိုအရှုပ်တွေကို အဟုတ်ထင်တဲ့လူတွေနဲ့
မင်း မိတ်ဖွဲ့ပြီး နေရစ်တော့ ချစ်သူရေ ။
တကယ်တော့ . . .
လူ့ဘဝဆိုတာ ခမ်းနား၊ ထည်ဝါဖို့မလိုဘူး
ဆည်းဆာရဲ့သန်းခေါင်ယံ မဖြစ်ဖို့ပဲ
လိုအပ်တယ် ချစ်သူ !!! ။
ကဗျာရယ် ပဝါရယ် ချစ်သူရယ်
ညမင်းကြယ်တံခွန်
ဟို့ . . ဟိုမှာ မြူငွေ့တွေတဖွေးတဖွားနဲ့
ဥယျာဉ်တော်မှာ ပျော်မြေ့စရာတွေ
စွန့်ကျဲနေကြတယ် ။
ချစ်သူဟာ
မြူခိုးငွေ့လေးအဖြစ်နဲ့
ပေါ်လာလိုက် ဖျော့သွားလိုက်
ပျောက်ဆုံးသွားလိုက်နဲ့
အာကာ ကွင်းပြင်ကြီးမှာ
ငါကို ပေးဆပ်သွားခဲ့တယ် ။
မျက်ရည်နဲ့ ညနက်ထဲမှာ
ငါဟာ . . . .
ကဗျာရယ် ၊ ပဝါရယ်ကိုသာ
အဖော်ပြုရင်း
ချစ်သူအတွက် ပန်းစီချယ်နေတယ် ။
ငါ ဦးနှောက်ကို မီးရှို့သွားတဲ့
မနေ့ မနက်က အမှိုက်တစဟာ
ချစ်သူကို လွမ်းတွေချွေပေးခဲ့တယ် ။
တကယ်တော့ . . .
ငါ ခေါင်းမမာတတ်ပါဘူး
ဒီလောကကြီးက အချိုးမပြေလို့သာ
အဆင်ပြေသလို ကြိုးညှိလိုက်ရတာပါ
ချစ်သူ ငိုတဲ့အခါတိုင်း
ငါ ရင်နာခဲ့ရတယ်
ဘယ်. . . မြူခိုးငွေ့ဟာ ငါချစ်သူလဲ
ရှာဖွေရခက်လို့ပဲ ။
ဒီကမ္ဘာ့ရဲ့တစိတ်တပိုင်း ဒြပ်ဝတ္ထုတိုင်းမှာ
ငါ ရှာဖွေနေတဲ့ ငါချစ်သူ
ရှိကောင်းရှိနိုင်တယ် ။
နှင်းစက် ၊ မိုးစက် ၊ လေပြေ ၊ မြူခိုး
ကန္တရရဲ့သဲတစ်ပွင့်စီတိုင်းမှာလဲ
ရှိကောင်းရှိနိုင်တယ် ။
နောက်ဆုံး . . .
ငါ ခန္ဓာရဲ့နောက်ဆုံး ထွက်သက်လေးဟာ
ငါ ချစ်သူများ ဖြစ်ကောင်း ဖြစ်နိုင်မလား ။
ညမင်းကြယ်တံခွန်
ဟို့ . . ဟိုမှာ မြူငွေ့တွေတဖွေးတဖွားနဲ့
ဥယျာဉ်တော်မှာ ပျော်မြေ့စရာတွေ
စွန့်ကျဲနေကြတယ် ။
ချစ်သူဟာ
မြူခိုးငွေ့လေးအဖြစ်နဲ့
ပေါ်လာလိုက် ဖျော့သွားလိုက်
ပျောက်ဆုံးသွားလိုက်နဲ့
အာကာ ကွင်းပြင်ကြီးမှာ
ငါကို ပေးဆပ်သွားခဲ့တယ် ။
မျက်ရည်နဲ့ ညနက်ထဲမှာ
ငါဟာ . . . .
ကဗျာရယ် ၊ ပဝါရယ်ကိုသာ
အဖော်ပြုရင်း
ချစ်သူအတွက် ပန်းစီချယ်နေတယ် ။
ငါ ဦးနှောက်ကို မီးရှို့သွားတဲ့
မနေ့ မနက်က အမှိုက်တစဟာ
ချစ်သူကို လွမ်းတွေချွေပေးခဲ့တယ် ။
တကယ်တော့ . . .
ငါ ခေါင်းမမာတတ်ပါဘူး
ဒီလောကကြီးက အချိုးမပြေလို့သာ
အဆင်ပြေသလို ကြိုးညှိလိုက်ရတာပါ
ချစ်သူ ငိုတဲ့အခါတိုင်း
ငါ ရင်နာခဲ့ရတယ်
ဘယ်. . . မြူခိုးငွေ့ဟာ ငါချစ်သူလဲ
ရှာဖွေရခက်လို့ပဲ ။
ဒီကမ္ဘာ့ရဲ့တစိတ်တပိုင်း ဒြပ်ဝတ္ထုတိုင်းမှာ
ငါ ရှာဖွေနေတဲ့ ငါချစ်သူ
ရှိကောင်းရှိနိုင်တယ် ။
နှင်းစက် ၊ မိုးစက် ၊ လေပြေ ၊ မြူခိုး
ကန္တရရဲ့သဲတစ်ပွင့်စီတိုင်းမှာလဲ
ရှိကောင်းရှိနိုင်တယ် ။
နောက်ဆုံး . . .
ငါ ခန္ဓာရဲ့နောက်ဆုံး ထွက်သက်လေးဟာ
ငါ ချစ်သူများ ဖြစ်ကောင်း ဖြစ်နိုင်မလား ။
Subscribe to:
Posts (Atom)