Tuesday, September 5, 2017

    ပျိုချစ်တေး
ညမင်းကြယ်တံခွန်

အကိုရေ . . အတော်ကဲ
အပိုထွင် . . အလွမ်းတွေချွဲလို့
မငြိုငြင် . . မေရင်ထဲ
အချစ်တွေဖြန့်ကျဲ ။

မေ့ပါဘူး . . အကိုရယ်
ဝေးနေလဲ. .တွေးနေတဲ့အကိုအကြောင်း
ပြန်ဆုံပေါင်းဖို့ ဆုတောင်းနေတယ် ။

အလိုကွယ် . . .
အကိုနဲ့မေကြား
မီးတောင်ဆိုတာ ခြားစေအုန်းတော့
သေခါမှ အရည်ပျော်ကျမယ့်
မေရင်ထဲက အသဲ ။
 

No comments:

Post a Comment