Friday, January 27, 2017

ညောင်မုတ်ဆိတ် ( ၂ )

   ညောင်မုတ်ဆိတ် ( ၂ )

 လွမ်းငွေ့ဖွယ် . . .
 အမွေးဆွယ်တဖါးဖါးကျလို့
 ငှက်နူတ်တိုရဲ့တွန်သံချို 
 ဤ ညောင်မုတ်ဆိတ်မှာ တခါဝင်ခို 
 အခုတော့ . ဘယ်မလဲ  ငှက်နူတ်တို ။

  ဟင်းဟာပြင် . . . . 
  ဆင်းတတ်လိုက်နဲ့ရာသီသုံးခွင်
  မနှစ်ကပင် . . . မိုးသက်ပြင်းလို့
 ကျိုးပဲ့ကာ  ငှက်နူတ်တို
  လှူံ ခြုံ စွာ  ဤအရိပ်မှာခိုပြီး
  အခုတော့ . . .  မင်းက
  လေလွှာစီးလို့ . . . . . ,
  အာကာပြင်မှာ အဖော်အသစ်တွေ့
 သြော် . . . မေ့မရ
  မော့ကာပြုံးမရ . . ,
 ညောင်မုတ်ဆိတ် နဲ့ ကိုယ့်ဘဝ ။ ။ ။

 ညမင်းကြယ်တံခွန်

ဇာမဏီလူသား ( ၂ )

     ဇာမဏီလူသား ( ၂ )

 ပုံပန်းချီ အသက်ဝင်
 စုံညီသောအစွမ်းရှင်
 တုန်ခါသော မြေအလျှင်
 လေဆန်များစွာ ဖြိုခွင်း
 ညင်းလေပြေရနံ့သင်း
ထွင်းအောင်နိုင်သူ တင့်လေမင်း
  အမှောင်ရိပ် ခြေတစ်သန်း
  အလင်းပေးစွမ်းဖို့ … … …,
  ကျော်ဖြတ်လှမ်းရင်း ...
   ပုံပန်းချီအသက်ဝင်
   ဇာမဏီငှက်အသွင်
ကိုယ်လိုရာကို  ကိုယ်ဖန်ဆင်းပေါ့
ကိုယ်ကသခင် ။

ညမင်းကြယ်တံခွန်

ဘယ်က ဒုတိယ

 ဘယ်က ဒုတိယ

တောခြောက်တဲ့အချိန်မှာ
မြေခွေးတွေက'အူ'စရာမလိုတော့ဘူး 
ကိုယ် အသဲကွဲတာကို 
သူတို့ကျေနပ်ကြမှာပါ ၊

လငုတ်တဲ့ညတစ်ည အချိန်မှာ
ညည့်ယံက ပိုအမှောင်ဖြန့်စရာမလိုတော့ဘူး
ကိုယ် နာကျင်နေတာကို
သူတို့ ကျေနပ်ကြမှာပါ ၊

လှေအပေါက်နဲ့ပင်လယ်ဖြတ်တဲ့အခါ
လှိုင်းကြီးတွေဖုံးအုပ်စရာ မလိုတော့ဘူး
ကိုယ်က ရှူံးပြီးသားမို့
သူတို့ ကျေနပ်ကြမှာပါ ၊

ပျို မေဦးရယ် . . .
ရောင်နီထွန်းတဲ့မနက်နဲ့
မှောင်စီခြယ်တဲ့  ည
ဘယ်က  ဒုတိယလဲ ။

ညမင်းကြယ်တံခွန်

ကိုယ်ထင်ရာလမ်း ကိုယ်ပဲသွား

ကိုယ်ထင်ရာလမ်း ကိုယ်ပဲသွား

လူအများရဲ့ တံတွေးခွက်ထဲမှာပဲ
ဘဝကို အချိန်ကုန်လို့မဖြစ်ဘူး ။

ကျောက်တုံးကြီးတွေရဲ့ ကြားထဲကနေ
ပွင့်တဲ့ပန်းဟာ . . .
လမင်းထက် သာတယ် ။

မသွားဘဲနဲ့ရောက်တာဆိုလို့
သေခြင်းပဲရှိတယ်
မမျှော်ဘဲနဲ့ ရောက်လာတာဆိုလို့
အိုမင်းခြင်းပဲရှိတယ်
မထွေးဖက်ချင်ဘဲ ဖက်ထွေးနေရတာ
ဒုက္ခသစ္စာပဲရှိတယ် ။

စိန်ကိုရှာရင်လွယ်ချင် လွယ်မယ်
ဒါပေမယ့် . . . 
အချိန်ကို လိုက်ရှာနေမယ်ဆိုရင်
နွေလယ်ခေါင်မှာ  . . . .
မီးလှူံ နေသလို ဖြစ်နေမယ် ။

လွင့်တော့ လွင့်ပျံနေကျတာပဲ
ဒါပေမယ့် . . . .
တိမ်တိုက်ရဲ့လွင့်ပျံမှု့နဲ့
ငှက်တစ်ကောင်ရဲ့လွင့်ပျံမှု့ဟာ
မတူညီဘူး ။

သမုဒ္ဒရာရဲ့ရင်ခွင်ထဲမှာ
ကူးတော့ ကူးတာပဲ
ဒါပေမယ့် . . .
ငါးတစ်ကောင်ရဲ့ကူးခတ်မှု့နဲ့
ခွေးတစ်ကောင်ရဲ့ကူးခတ်မှု့ဟာ
မတူညီဘူး ။

ခရီးတော့  ခရီးပဲ
လမ်းမရှိပဲနဲ့ . . . . .
ကိုယ်ထင်ရာ ကိုယ်သွားတဲ့ခရီးကတော့
ကိုယ့်အတွက်ပဲ ကောင်းတယ်
တခြားလူကိုလာ ဆွဲမခေါ်နဲ့ ။

ရောင်နီမရှိရင် . . .
ဆည်းဆာလဲမရှိနိုင်ပါဘူး ။

ညမင်းကြယ်တံခွန်

ငန်သောစကား အမှန်တရား

ငန်သောစကား အမှန်တရား

သမိုင်းတွင်အောင် ချစ်မယ်ဆိုပြီး
အသဲရိုင်းဆင်ကာ အခုတော့ပစ်ပယ်ခဲ့ပြီ
သြော် . . . သမိုင်း ,

ဧဝလိုခေတ်ဦးမေတ္တာနှင့် ချစ်ဦးသီမယ်ဆိုပြီး
ငြီးငွေ့ပျင်းလို့ နောက်တစ်ယောက်ရှာလေသလား
သြော် . . .  ဧဝ ,

ဆန္ဒစောလို့ ရေကြည်မရသလို
အချစ်စောလို့ အကြင်နာမရခဲ့လေသလား
ချစ်သူ . . . . .,

သစ္စာစကား တောင်လိုပုံ
အမှန်စကား ပင်လယ်ရေလိုငန်
ချစ်သူရေ . . . 
ကိုယ့်အချစ်က ငန်နေသလားဟင် ။

ညမင်းကြယ်တံခွန်

ခွန်အားသိဒ္ဓိ

ခွန်အားသိဒ္ဓိ

ပင်မြင့်ထိပ်ဖျား
မောက်ကြွားဝင့်နေ
မြင့်စေမိုးထိ
စိတ်သိစိတ်တန်
မာန်ဆွယ်ကိုချိုး
တန်ခိုးသိဒ္ဓိပန်သော့ ဆင့်မည်
ယောက်ကျာင်္းတံခွန်
ထူးချွန်ကိုယ်သွေး
ငိုကြွေး ဒူးထောက် လက်မမြောက်ပါ ။

ညမင်းကြယ်တံခွန်

စန်းထသောရောင်ပြန်

စန်းထသောရောင်ပြန်

ငှက်ကျေးးဝါတွေ သံတေးကြူ လို့
ညင်းမှုန်လိုလေမှာလွင့်
စံပယ်တွေလို မြေမှာကြွေ
ပင်အိုလို  မြေမှာလဲ
ဒါပေမယ့်လည်း အချစ်ရယ်
ကြယ်ကြွေသော်လဲ မြေမခပါဘူး 
လာချိန်မှားလဲ  ပြန်ဝင်ရမယ့်
ရင်ခွင်သင့်ကတော့ . . . . .
အချိန်မှန်လျှက်  နေညိုမဖျော့သေးပါ 
စန်းထသောရောင်ပြန် 
အသင်ရဲ့နှလုံးသားဆီသို့ ပုံမှန်အရင်အတိုင်း
ချစ်လျှက်ပါပဲ ။

ညမင်းကြယ်တံခွန်

ပရိယာယ်ဝေဝုစ်ပျို မေ

ပရိယာယ်ဝေဝုစ်ပျို မေ

လှော်တတ်မရှိတဲ့ လှေ
အရိပ်မရှိတဲ့ သစ်ပင်
အချစ်မပါတဲ့ အချစ်
လမ်းမရှိတဲ့  ခရီး
ကိုယ်,ကပဲ စိတ်ကူးဆန်သလား
ဒဏ္ဍာရီဆန်သလား
အချစ်ရူးဆန်သလား 
မပြောတတ်ဘူး မိန်းကလေးရေ
မင်းရှိရင်  အချစ်မရှိလဲ
ကိုယ်နေတတ်ပါတယ် 
အခုတော့ဖြင့် , , , 
ကိုယ်မှာ မင်းကြောင့်နဲ့
အသဲနှလုံးပယောဂ ဖြစ်နေပြီ 
မိန်းကလေးရေ . . . . .
မင်းရဲ့ပဉ္စလက်အသဲခွဲနည်းဖြင့်
ဖြည်းဖြည်းလေးသာ  ခွဲခွဲပေးပါ ။

ညမင်းကြယ်တံခွန်

မေ့မလွမ်း

    မေ့မလွမ်း 

ပန်းဆိုတာ အချိန်တန်ရင်ပွင့်မယ်
လမ်းဆိုတာ ကာလကြာခဲ့ရင်
ပျက်စီးယွင်းမှာပဲ 
လွမ်းလဲ တခဏပါပဲ ။

စကားဆိုရင် သကြားလိုချို မယ်
အကြည့်တွေရဲ့ အသက်ဝင်မှု့က
နှလုံးသားရဲ့ အမြင်တခြမ်းပဲ
အချစ်ရဲ့ခံစားမှု့ဆိုတာကလဲ
အမြင်တခြမ်းရဲ့ပျော်ရွှင်မှု့ပဲ
မမေ့နိုင် မလွမ်းနိုင်နဲ့
နောက်ဆုံး . . . 
အစားထိုးတခုဖြင့် မေ့လျှော့သွားမှာပဲ။

ညမင်းကြယ်တံခွန်

အသဲထပ်ချစ်သူ

အသဲထပ်ချစ်သူ

အိပ်နေသူရဲ့အိမ်မက်ထဲဝင်ပြီး
ခေါ်နိုးချင်ပေမယ့် . . . .
စမ်းရေတစ်စက်ကတော့
ရေငတ်မှု့ကို မပြေနိုင်ခဲ့ဘူး
ဒါပေမယ့် . . . .
အသဲကတော့  စိုစွတ်သွားခဲ့တယ် ။

ငိုက်နေသူရဲ့အာရုံထဲကိုဝင်ပြီး
ပုတ်ခတ်နိုးချင်ပေမယ့် . . . . .
အလင်းရောင်ကတော့
လဲ့လဲ့တောက်ကြွယ်နေတယ်
ဒါပေမယ့် . . . .
ဆည်းဆာရဲ့ ရောင်ပြန်လင်းလဲ့မှု့ပေါ့

မေ့သူရဲ့ အချစ်ကိုအသဲနှင့်ဖွင့်ဝင်ပြီး
ကြင်နာယုယပြနေပေမယ့် . . . . .
သူရဲ့ခံယူမှု့စိတ်စွမ်းအားကတော့ 
ကိုယ်ဖက်မှာရှိသလိုလိုနဲ့
နောက်ဆုံးတော့ . . . .
စည်းစိမ်ရဲ့လက်တစုံကို 
သူရဲ့မေတ္တာမျှနေခဲ့တယ် ။

အသဲထပ်အချစ်ဆုံးဆိုတာ
တကယ်တော့ . . . . 
ညည်းတွားသံလောက် မချို မိန်ဘူးဆိုတဲ့
သက်သေကို  မင်းပေးခဲ့တယ်  အသဲထပ်ချစ်သူ ။

ညမင်းကြယ်တံခွန်

နှစ်ချို့ တဲ့အလွမ်း

    နှစ်ချို့ တဲ့အလွမ်း

တခါတလေတော့လဲ အော်ငိုချင်မိပါတယ်
ဒါပေမယ့် . . . .
ရင်ဆိုင်နေရတဲ့အရာတွေက
ကြမ်းတမ်းလွန်းတော့ 
ကိုယ်က ပျော့ညံ့လို့မရဘူး ။

တခါတလေတော့လဲ 
ဒူးထောက်အရှူံးပေးချင်မိတယ်
ဒါပေမယ့် . . .
ကြုံတွေ့နေရတဲ့ အရာတွေက
ဘဝကိုဆေးခါးတိုက်တော့
ကိုယ်က ကြောက်နေလို့မဖြစ်ဘူး ။

တခါတလေတော့လဲ 
ဇာမဏီငှက်တစ်ကောင်လို
လေအုံကို ထွင်းဖောက်ပြီး
ပျံစီး ပျံ သန်းချင်မိတယ်  ။

တခါတလေတော့လဲ 
ချစ်သူကို ရင်ခွင်မှာထွေးဖက်ပြီး
သာယာတဲ့အိမ်မက် မက်ချင်မိတယ် ။

ဒါပေမယ့်လည်း . . . .
လူ့ဘဝမှာ လမ်းခွဲလေးများစွာရှိတော့
တစ်ယောက်လက် တစ်ယောက်တွဲလျှောက်ချင်ပေမယ့်
ဘဝရဲ့လမ်းခွဲလေးမှာ  . . .
မှေးစက်နေပေါ့  သက်လျာ ။

ညမင်းကြယ်တံခွန်

ဘယ်တော့မှမကောင်း

ဘယ်တော့မှမကောင်း

လမ်းလျှောက်တော့မယ်ဆို
လမ်းကြမ်းတဲ့အဖြစ်

ထမင်းစားခါနီးဆို
သွားကျိုးတဲ့အဖြစ်

ချစ်မယ်လို့ကြံရင်
အသဲပေါက်တဲ့အဖြစ်

ကြိုးစားနေရင်း
နေစောင်းတဲ့အဖြစ်

အမြင့်မရှိတဲ့ ချောက်ထဲကနေ
ရုန်းကန်မှု့ဖြင့် လှမ်းတတ်ကြပေမယ့်
ဘယ်တော့မှမကောင်းတဲ့
ဤလောကကြီးထဲကနေ. . . .
ဘယ်လိုမှ  , ထွက်ရန်ခက်လှတယ် ။

ညမင်းကြယ်တံခွန်

ဒဏ်ရာနှင့်လူ

ဒဏ်ရာနှင့်လူ

လူတစ်ယောက်ရဲ့ခံစားမှု့အတွက်
လူတစ်ယောက်က မှတ်တိုင်ဖြစ်ပေးရတယ် 
မိုးကောင်းကင်ကိုမော့ကြည့်ရင်
တိမ်တွေရှိသလို . . . .
ကိုယ့်ဘဝကိုလှည့်ကြည့်လိုက်ရင်
ဒဏ်ရာနှင့်လူ ,
အပယ်ဘဝကို နာကျင်စွာ
ထမ်းပိုးသူပါ . . . . .
ကမ်းခွာခဲ့ရတဲ့ အတိတ်ကချစ်သူကို
သတိရလို့ , ပြန်လည်မတွေ့ဆုံပေမယ့်လည်း
ကိုယ်ဟာ . . .
အမိုက်တစ်ကောင်ဖွား  လူသားတစ်ဦးမို့
နှလုံးသားထက်ကသွေးစက်များနှင့်
ဒီသံသရာကိုအရောင်တင်ဆိုးလိမ်းချင်တယ်
ဒုက္ခခံပြီးနေမယ့်အစား
ဒုက္ခဘုံထဲကိုသာ
ခုန်ဆင်းပစ်ချင်တယ် , ချစ်သူ ။

ညမင်းကြယ်တံခွန်

သစ္စာမျက်ကန်း

  သစ္စာမျက်ကန်း

ငြင်သာခြင်းကို ကဗျာလို့ခေါ်ရင်
ခံစားမှု့ကို နှလုံးသားလို့ဆိုမယ် ။

နူးညံခြင်းကို  အချစ်လို့ခေါ်ရင်
ကြမ်းတမ်းမှု့ကို ဘဝလို့ဆိုမယ် ။

ဥပေက္ခာကို အမုန်းလို့ခေါ်ရင်
ခလုတ်တိုက်ခြင်းသည် ဘုရားကိုသတိရခြင်းလို့ဆိုမယ် ။

ပြုံးခြင်းကို  မေတ္တာလို့ခေါ်ရင်
အရှူံးသည် သဘာဝမြက်ပင်လို့ဆိုမယ် ။

မေတ္တာကို အကြင်နာလို့ခေါ်ရင်
သစ္စာကို မျက်ကန်းဟုဆိုမယ် ။

ညမင်းကြယ်တံခွန်

Tuesday, January 24, 2017

တကမ္ဘာ့ တစ်ယောက်ဖွားပါ

 တကမ္ဘာ့ တစ်ယောက်ဖွားပါ

အလွန်တရာအေးချမ်းသောနေရာကို
လူတိုင်း လူသားတိုင်း . . . .
သွားချင် ၊ နေချင်ကြလိမ့်မယ် ၊
သို့ပေမယ့်လို့ 
ကိုယ်ကတော့  
ထိုလိုအေးချမ်းမှု့တွေထက်
မင်းရဲ့ပူလောင်မြိုက်သော  
ငရဲမီးတစ်ဖြာကို  . . . . 
ပိုချစ်တယ် ၊ 
လူတကာရဲ့အပြုံးကို 
ကိုယ်မလိုချင်ဘူးးးး
ကိုယ်လိုချင်တာက
မင်းရဲ့နူတ်ခမ်းစူစူအမူယာနဲ့
မင်းရဲ့ခါးသီးစကားသွားများကိုသာ
ကိုယ်ကလိုချင်မိသူ ,
ကိုယ်လိုကောင်ရဲ့အချစ်မျိုးက
တကမ္ဘာ့ တစ်ယောက်ဖွားပါ ။

ညမင်းကြယ်တံခွန်

ချစ်မဝ,ရှုလှ

ချစ်မဝ,ရှုလှ

အိမ်မက်ထဲမှာ  သိပ်သိပ်လှ
အပြင်မှာတော့  မင်းသိပ်ဝ
ဒါပေမယ့်လည်း . . .
ကိုယ်အချစ်က  ချစ်မဝနိုင်ပါ ။

ညမင်းကြယ်တံခွန်

ရေသောက်မြစ်ကိုရှာပေးပါ

ရသောက်မြစ်ကိုရှာပေးပါ

မနက်ဖြန်ဘာဖြစ်မယ်ဆိုတာကို
ကြိုမသိချင်ဘူး . .
ရင်ခုန်မှု့နဲ့ ဖြတ်ကျော်ချင်တဲ့'သူပါ ,

အဝေးက လာတဲ့ဘယ်သူဆိုတာကို
ကြိုမကြည့်ချင်ဘူး . .
ရင်ခုန်မှု့နဲ့ တွေ့ဆုံချင်တဲ့ 'သူပါ ,

အရာရာတိုင်းကို ရင်ခုန်မှု့နှင့်အတူ
မစောင့်ကြိုချင်ပါဘူး , , 
ဒါပေမယ့် . . . .
အမြစ်မနက်သေးတဲ့  သစ်ပင်လေးက
ရေလောင်းပေးမယ့်  ဥယျာဉ်မှူးကို
ရင်ခုန်မှု့နှင့်အတူ  စောင့်နေပါတယ် ။

ညမင်းကြယ်တံခွန်

အလွမ်းစိတ္တ

အလွမ်းစိတ္တ

လမ်းတလျှောက်ပေါ်
ခရေဖွေးဖွေး
ဆွတ်ပျံ့မွှေးကာ
ုမြိုင်အုပ်တောတန်းလေး
သောကအဖြာဖြာ
ထိုတောကညာမှာ
ပွင့်တဲ့ ခရေပန်း  
အချိန်လွန်သူမပေါ်လာကြောင့်
မြေမှာခလျှက် လေ၌ရနံ့ပျယ်လွင့်ခဲ့ပြီ။

ညမင်းကြယ်တံခွန်

နေလျှက်အပြင်မထွက်သေးပါ

နလျှက်အပြင်မထွက်သေးပါ

ကမ်းအလွန်းဝေးတဲ့ ရေပြင်လုံးလေး
ပြင်အလယ်ကို ရောက်ရှိလို့
သင် မြင်သလား 
မေးချင်မိတယ် ။

မရှင်မသေအဖြစ်နဲ့  ကိုယ့်ဘဝက
ပြင်အလယ် ရေပြင်လုံးလေးလို
ကမ်းအနားကို  လာချင်ပေမယ့်
လှမ်းအားမရှိတဲ့ ခြေလှမ်းတွေကြောင့်
ကမ်းအလယ်ကနေ   
မှန်းရွယ်စွာ ချစ်နေလျှက်
ညင်းလေသွဲ့သွဲ့ ယိမ်းခတ်မယ့်
(ရက်) ကို . . . .'~
စောင့်မျှော်နေပါတယ် အချစ်ရယ် ။

ညမင်းကြယ်တံခွန်

အချိန်မမှီရင်ခွင်မဲ့

အချိန်မမှီရင်ခွင်မဲ့

အနေစောလို့ အကြွေမစောပေမယ့်
တိမ်ခေါ်ညည်းတဲ့  ပလွေသံကြောင့်
အနေဝေးလျှက်နဲ့ပဲ  သူထားခဲ့ပြီလေ 
တသက်လုံး
ကြယ်ပွင့်လေးများ  ကြွေနေသလား
တသက်လုံး
ရွက်ဝါတွေပဲ  ယှက်ဖြာနေသလား
ကိုယ်ရဲ့ . . .
မျက်လုံးအိမ်မှာအရောင်လဲ့နေပြီး
ရင်ခွင်ထဲက မငြိမ်သက်တဲ့
အသဲနှလုံးက , , ,
ရုန်းကန်ဆန့်ရင်း သေခဲ့ပြီ,အချစ်ရယ်။

ညမင်းကြယ်တံခွန်

နေဗဟို( ပြန် )

နဗဟို( ပြန် )

နေကိုဗဟိုပြု 
နေကိုရှု့၍
နေညို ရင်  ပြန်
နေကုန်တော့လဲ  ပြန်ချေတဘဝပေါ့ကွယ် ။

ညမင်းကြယ်တံခွန်

စိန်နံ့သာဟူ

စိန်နံ့သာဟူ

စိန်ခင်းပြောင်မွတ်  ၊ စိန်ကွပ်လက်စွပ်
စိန်ရောင်သင်းလို့ ၊ စိန်ဆွဲကုံးသီ
စိန်စီချယ်လှ    ၊  စိန်ရောင်ကြွတဲ့
စိန်မင်းသမီးရယ်  လှနေပါကွယ် ။

စိန်နံနက်သစ်  ၊ စိန်ထွန်းလဲ့စွာ
စိန်ဆင်းမိုးရွာ  ၊  စိန်ပန်နားကပ်
စိန်နားဆက်လို့  ၊  စိန်ဖောက်ခင်းတဲ့
စိန်လမ်းလေးမှာ လျှောက်နေပါကွယ။်

စိန်နံ့သာဟူ  ၊ စိန်သင်းကြူ မွှေး
စိန်သူပြည်အေး  ၊  စိန်ထိမ်မြားထပ်
စိန်နှင်းအပ်လျှက် ၊ စိန်ခင်းသီတဲ့
စိန်တော်အခါမှာ  ဝင့်ထည်နေပါကွယ်။

ညမင်းကြယ်တံခွန်

လမင်းကူကူ

 လမင်းကူကူ

လပြည့်တည  ၊ လဝန်းလှလှ
လမင်းပွင့်စွ    ၊ လဆိုင်းသည့်ဟန်
လကိုတိမ်အုပ် ၊
လငုပ်ပုန်းခို    ၊ လမင်းငို၍
လှလှလေးသာ  ငိုကျွေးနေ၏ ။

လကွယ်တည ၊ လကိုထွက်ရှာ
လမင်းဘယ်မှာ ၊ လသာသာလဲ
လဝန်းဖြူ ဖြူ   ၊
လကူကူရေ   ၊   လမင်းကြွေစင်
ရွရွထင်ကာ    ပါးနှစ်ဖက်မှာ ။

လပြည့်တလှ  ၊ လကွယ်တည
လမင်းကူကူ   ၊  လဖြူ ဖြူ ရေ
လချွေတဲ့ည    ၊ 
လမင်းဘဝ     ၊  လသာသာ၌
လှလှလေးသာ  ပွင့်စေပါ၏ ။

ညမင်းကြယ်တံခွန်

ပပပင်လယ်

ပပပင်လယ်

  ပပပင်လယ် ၊
ပလ္လင်ထက်မှ  ၊ ပတ္တမြားဆွယ်
 ပဝင်းနီလျှက်  ၊  ပပဖြိုးသွယ်
 ပလွယ်တံရိုး   ၊ ပပျိုးခင်းဝယ်
ပပတောက်ကြွယ်လေတော့၏ ။

ညမင်းကြယ်တံခွန်

ရာသီမုတ်သုံ ဆီးစောင့်ကြို

 ရာသီမုတ်သုံ ဆီးစောင့်ကြို

ကိုင်းညွန့်လာတဲ့ လေးတခွင်ထဲက
မြားတစ်ဆင်း . . .  လွတ်ထွက်ခဲ့ပြီ ။

မျက်ရည်တိတ်  အငိုတွေဖိတ်
ရင်ကိုထိတ်   သူလေ,သူပေါ့ 
တိတ်တိတ်လေး ပျောက်ဆုံးခဲ့တယ် ။

ဆိတ်ဆိတ်ညံ တိုးခတ်သံစုံမြိုင်နေလျှက်
ညိမ့်ညိမ့်ယံ  နိုးလတ်စ ညို့တခွင်ထက်တွင်
ပျို့ ခြေဦး   ဘယ်ရှေ့ထူးမို့
စိန်ရွက်ဖူး  ညှာရွှေကူးတယ်
ငြိမ်လျှက်သာကွယ် ။

ထိန်ကြံရွယ်   ဆောင်းခယ်တင့်တော့
နှင်းငွေ့ကြွယ်  ပိုးပွေ့ပိုက်ချီ
ပြင်းဟုန်မှီ    ကူရွက်ဆင့်ကာ
ခရီးဆီ    ပြုစထွက်သမို့
မနက်မှာ   ညောင်ညိုကူးလို့ရယ်
နှင်းအုပ်ခဲ့တယ် ။

မင်းလိုက်ရင်   အပါခေါ်
မောင်မျှော်ဖူးကိုးမယ်
သွားရာလိုက်မြဲ ။

ညမင်းကြယ်တံခွန်