တနေကွယ် တနေသစ်
အချစ်က ( ကြက်ဥ )ဆိုရင်တော့
ပြုတ်စားလို့ရတာပေါ့
မိန်းကလေး ၊
အချစ်က ( ရေတပေါက် ) ဆိုရင်တော့
မောနွမ်းရင် ရင်အေးတာပေါ့
မိန်းကလေး ၊
အချစ်က ( နေမင်း )ဆိုရင်တော့
ဆောင်းတွင်းမှာ နွေးစေတာပေါ့
မိန်းကလေး ၊
အချစ်က( ကဗျာတပုဒ်)ဆိုရင်တော့
ခံစားချက်လေး ပိုသာတာပေါ့
မိန်းကလေး ၊
ဒါပေမယ့် . . . အချစ်က
ကြက်ဥ လဲမဟုတ်ဘူး
ရေတပေါက်လဲ မဟုတ်ဘူး
နေမင်းလဲ မဟုတ်ဘူး
ကဗျာတပုဒ်လဲ မဟုတ်ပါဘူး
ထားချင်ထား
သွားချင်သွား
စေရာပျံ
လေမှာလွင့်
နေချင်သလို နေပေါ့အချစ်
အချစ်ကို နေမင်းလိုသဘောထားပါတယ်
တနေကွယ်ရင် တနေသစ်ပေါ့ ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment