Tuesday, January 24, 2017

နန်းလှသူသခင်

 နန်းလှသူသခင်

နန်းဆီပြင်ဝယ် ၊ ယမုံလယ်၌
ပတ်ဆွယ်ဝိုက်လျှက် ၊ နန်းဗိမာန်ဘုံ
လှစုံသောပန်း ၊ ပျိုးစိုက်ဖြန်းရင်း
တစ်နေ့ မောင်တွေ့ ၊ အဆင်းထွေ့လျှင်
ရင်ခုန်မမေ့ သူသခင်မြင်တွေ့နိုင်ပါစေ ။

သန်းနီယှက်သွယ် ၊ ညိုဆင်းခြယ်တော့
မောင့် ပျိုးဥယျာဉ် ၊ ပျို ခင်းဝယ်မှာ 
ပျို ဆင်းသွယ်လာ  ၊ ပန်းလှကမ္ဘာ့  
ချစ်သမျှထင် ၊ သူသာမြင်စေ 
ညင်တုန်မသွေ့  သူသခင်မြင်စေ့နိုင်ပါစေ ။

မှန်းစီလျှောက်ရွယ် ၊ ပြန်ချိန်ရယ်စော
မောင့်,မောနွမ်းစေ ၊ နန်းခြေထက်မှ
မောင့်,အလှပန်း   ၊ တစ်နေ့သော်၌
အခါလယ်နွမ်း   ၊ မငြီးငွေ့လျှက်
သွင်ဆုန်မလေ့ သူသခင်နှင့်ထပ်တွေ့ဆုံနိုင်ပါစေ။

ညမင်းကြယ်တံခွန်

No comments:

Post a Comment