ကျောက်စိမ်းရွှင်ရွှင်
ငိုက်ညည်းဦးခေါင်း ၊ နေကုတ်စောင်းချိန်
သူလျှင်မြင်တွေ့ ၊ မြင်စွေ့အာရုံ
ကုန်းယံချူံ စပ် ၊ ရေနက်နှင့်ဝေး
မိုးဆုတ်ဆွေးလဲ ၊ ဒီတပင်မှာ
ကိုင်းညွှန့်ဖြာလျှက် ၊ ပင်မို့ယှက်ကာ
မြေသာ၌ စွင့်ကားဆုံထွက်သည် ။
တငုတ်ကမူ ၊ တအုပ်ကူသွင်း
နွေလ၊မိုးပြောင်း ၊ ဝေသီဆောင်းမှာ
ထွေလီလျှောင်းသာ ၊ ပင်အုပ်ဖြာထွက်
အဆို့တတ်ရင်း ၊ မြေထက်ခင်းလို့
ကူးလီပြောင်းရွေ့လေခဲ့သည် ။
နွေလခါ၌ ၊ ဤငုတ်စိုက်မှာ
ဖြူ ဖက်ရော်ရင်း ၊ အဆင်းမဲ့စွာ
ရွှံ့နွံ့ပေစုတ် ၊ ညစ်သွမ်းငုတ်ယိုင်
လေမဆိုင်နိုင် ၊ ရာသီပိုင်လှည့်
မိုးတည့်ဆင်းလို့ ၊ အားဆို့မြစ်လွှာ
မြေအောက်ထိ ထိုးစိုက်ဖောက်ခဲ့သည် ။
ရာသီတလှည့် ၊ မြေအောက်ဖက်၌
သူ့မြစ်ကြောင်းလွှာ ၊ အခိုင်မာကုတ်
အားထုတ်ဆောင်လေခဲ့တော့သည် ။
နှောင်းငုတ်စိုက်သည် ၊ ယခုအခါ
ကျောက်စိမ်းရွှင်ရွှင် ၊ ပင်မြင့်စင်၌
အာကာထိပ်ထိ ၊ တလူလူထွက်
တတောလုံးရံ ၊ ထောင၊်သောင်းခြံလျှက်
ဝါးငုတ်ပျက်သည် ၊ ယခုခါ၌
လူသားအကျိုးပြု ဖြစ်စေခဲ့သည် ။
ငါသည်မြင်တွေ့ ၊ အဖြစ်ကိုမူ
နှလုံးပြု ရင်း ၊ မငြီးမမော
အားခွန်သစ်ဖြင့် ၊ နေရောင်ဆူးကြား
ကြယ်မင်းဖွားလို ၊ ထင်ဟပ်ရောင်ပြန်
စံမှန်မှန်ဖြင့် လျှောက်လှမ်းရမည်တည်း ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment