Tuesday, January 24, 2017

အချစ်စေသနာ

အချစ်စေသနာ


သစ်ကိုင်းထွက်ဖို့ဆိုတာ 
သစ်ပင်ရှိမှ ဖြစ်သလို
သကြားတစ်ခဲရဲ့အာနိသင်က
ပင်လယ်ကြီးကို မချို  မြစေခဲ့ပါဘူး 

ပထမဘုရားသခင်က မိဘဆိုရင်
ဒုတိယအစွမ်းရှင်က ချစ်သူမင်းပေါ့

'' အ ''နေတဲ့သူကို သီချင်းဆိုခိုင်းပြီး
ပျော်မြူးနေမယ့်အစား . . .
ကိုယ်နှစ်သက်တဲ့ စံပယ်ပန်းကို
တကယ်နမ်းချင်တဲ့  ဆန္ဒရှိပါတယ် 

သစ်ခက်ကိုင်းတွေ လှုပ်ရှားနေတယ်ဆိုတာ
လေတိုးနေလို့ပါ . . .
ဒါပေမယ့် . . . 
ကိုယ်အသဲနှလုံး လှုပ်ခါသွားတာကတော့
မိန်းကလေး , မင်းရဲ့စေသနာကြောင့်ပါ ။

ညမင်းကြယ်တံခွန်

No comments:

Post a Comment