အချစ်သက်တမ်း သံသရာ
နေညိုအေး ခါတော်ဦးမွှေးနံ့သာကြူ
လေဖီသွေး ဝါသော်စ ရှေ့ကြို
နီပိုပို စန်းသော်တာပန်လျှက်ထွက်လို့
ရီချို ချို ပုရစ်ကွဲသံများ လှောင်နေကြပြီ ။
နံ့သာတင် လှနွယ်ကြော့ဖုံး
သဲ့ကာစင် ညဆွယ်ကော့ဆုံးမှာ
လှမမုန်း နှောင်တွင်ရစ်သီကုံးလို့
ချစ်ပြည်ဆီ ချစ်နမ်းစီလျှက်
ချစ်မျှင်ယှက် ချစ်အသက် သံသရာ ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment