Tuesday, January 24, 2017

လမင်းငိုကြွေး တိမ်လွှာပြေး

 လမင်းငိုကြွေး တိမ်လွှာပြေး


ကြယ်စင်ဝင်းတဲ့ ဆောင်းရိပ်ခ ည
ဘယ်လိုမှမနီးစပ်နိုင်ခဲ့ပါ ,
အချစ်အက္ခရာတစ်လုံးနဲ့တစ်လုံးက
ကြယ်တစ်ပွင့်စီကုံးသီထားသလို 
မိုင်ထောင်ချီဝေးလှလွန်းတယ်,

ကိုယ့်အတိတ်ကို မေ့နိုင်အောင်
ကိုယ့်ဦးခေါင်းကို မီးရှို့ ပစ်ချင်တယ်
ဒါပေမယ့် . . .
ရင်ထဲကတော့
ထာဝရ မျက်ဝန်းပင်လယ်ပါ ,

ဆွဲအားမရှိတဲ့ လေဟာနယ်မှာ
နှင်းဆီတပွင့် အလိုလိုကိုယ့်အနား
လွင့်ရောက်နေပါစေ 
မနမ်းမိပါဘူး , အချစ်ရယ်

ရာသီအိုသစ်ပင်တွေလဲ
တပွင့် တခက် အသစ်သစ်တွေနဲ့ပျော်မြူးလျှက်
ကြယ်စင်လွှာ ငွေသွေးရောင်လိမ်းခြယ်ပြီး
နေမင်းရဲ့အလင်းအကူနှင့် ညရဲ့လမင်းလည်းဝင်းပနေလို့ပေါ့
ဒီအဖြစ်အပျက်တွေကြားထဲမှာ . . .
ကိုယ်တစ်ယောက် အားကူမဲ့စွာ
အဖော်မဲ့ခရီးနှင်လျှက်ပါကွယ် ။

ညမင်းကြယ်တံခွန်

No comments:

Post a Comment