အချိန်မမှီရင်ခွင်မဲ့
အနေစောလို့ အကြွေမစောပေမယ့်
တိမ်ခေါ်ညည်းတဲ့ ပလွေသံကြောင့်
အနေဝေးလျှက်နဲ့ပဲ သူထားခဲ့ပြီလေ
တသက်လုံး
ကြယ်ပွင့်လေးများ ကြွေနေသလား
တသက်လုံး
ရွက်ဝါတွေပဲ ယှက်ဖြာနေသလား
ကိုယ်ရဲ့ . . .
မျက်လုံးအိမ်မှာအရောင်လဲ့နေပြီး
ရင်ခွင်ထဲက မငြိမ်သက်တဲ့
အသဲနှလုံးက , , ,
ရုန်းကန်ဆန့်ရင်း သေခဲ့ပြီ,အချစ်ရယ်။
ညမင်းကြယ်တံခွန်

No comments:
Post a Comment