ကိုယ်ထင်ရာလမ်း ကိုယ်ပဲသွား
လူအများရဲ့ တံတွေးခွက်ထဲမှာပဲ
ဘဝကို အချိန်ကုန်လို့မဖြစ်ဘူး ။
ကျောက်တုံးကြီးတွေရဲ့ ကြားထဲကနေ
ပွင့်တဲ့ပန်းဟာ . . .
လမင်းထက် သာတယ် ။
မသွားဘဲနဲ့ရောက်တာဆိုလို့
သေခြင်းပဲရှိတယ်
မမျှော်ဘဲနဲ့ ရောက်လာတာဆိုလို့
အိုမင်းခြင်းပဲရှိတယ်
မထွေးဖက်ချင်ဘဲ ဖက်ထွေးနေရတာ
ဒုက္ခသစ္စာပဲရှိတယ် ။
စိန်ကိုရှာရင်လွယ်ချင် လွယ်မယ်
ဒါပေမယ့် . . .
အချိန်ကို လိုက်ရှာနေမယ်ဆိုရင်
နွေလယ်ခေါင်မှာ . . . .
မီးလှူံ နေသလို ဖြစ်နေမယ် ။
လွင့်တော့ လွင့်ပျံနေကျတာပဲ
ဒါပေမယ့် . . . .
တိမ်တိုက်ရဲ့လွင့်ပျံမှု့နဲ့
ငှက်တစ်ကောင်ရဲ့လွင့်ပျံမှု့ဟာ
မတူညီဘူး ။
သမုဒ္ဒရာရဲ့ရင်ခွင်ထဲမှာ
ကူးတော့ ကူးတာပဲ
ဒါပေမယ့် . . .
ငါးတစ်ကောင်ရဲ့ကူးခတ်မှု့နဲ့
ခွေးတစ်ကောင်ရဲ့ကူးခတ်မှု့ဟာ
မတူညီဘူး ။
ခရီးတော့ ခရီးပဲ
လမ်းမရှိပဲနဲ့ . . . . .
ကိုယ်ထင်ရာ ကိုယ်သွားတဲ့ခရီးကတော့
ကိုယ့်အတွက်ပဲ ကောင်းတယ်
တခြားလူကိုလာ ဆွဲမခေါ်နဲ့ ။
ရောင်နီမရှိရင် . . .
ဆည်းဆာလဲမရှိနိုင်ပါဘူး ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment