ပျော်သလိုလို
ဗေဒင်ရဲ့ကောင်းသောနေ့ကို
မင်း,စောင့်မျှော်နေရင်. . . .
မင်း, အသိနည်းသေးတယ် ။
လူတစ်ဦးဦးရဲ့ကမ်းလက်ကို
မင်း,စောင့်မျှော်နေရင် . . . .
မင်း,အားနည်းသေးတယ် ။
ပတ်ဝန်းကျင်ရဲ့အပြောကို
မင်း,နားစိုက်ထောင်နေရင် . . . .
မင်း,လမ်းမဖြောင့်တော့ဘူး ။
လူတကာရဲ့အကြောင်းကို
မင်း,ထိုင်တွေးနေရင် . . . . .
မင်း,ခြေထောက်ကျိုးသွားပြီ ။
တကယ်တော့ , ဘဝဟာ
အစမှာ ပျော်သလိုလိုနဲ့
ပိုက်ဆံရှိရင် ပျော်သလိုလိုနဲ့
စည်းစိမ်ရှိရင် ပျော်သလိုလိုနဲ့
ဂုဏ်ဒြပ်ရှိရင် ပျော်သလိုလိုနဲ့
အချစ်ရှိရင် ပျော်သလိုလိုနဲ့
အပြီးသတ်ကာရန်တွေက
ရတုကဗျာလို , . . . .
အစ နဲ့အဆုံးသတ်မတူညီညာခဲ့ပါဘူး
ညမင်းကြယ်တံခွန်

No comments:
Post a Comment