ပရိယာယ်ဝေဝုစ်ပျို မေ
လှော်တတ်မရှိတဲ့ လှေ
အရိပ်မရှိတဲ့ သစ်ပင်
အချစ်မပါတဲ့ အချစ်
လမ်းမရှိတဲ့ ခရီး
ကိုယ်,ကပဲ စိတ်ကူးဆန်သလား
ဒဏ္ဍာရီဆန်သလား
အချစ်ရူးဆန်သလား
မပြောတတ်ဘူး မိန်းကလေးရေ
မင်းရှိရင် အချစ်မရှိလဲ
ကိုယ်နေတတ်ပါတယ်
အခုတော့ဖြင့် , , ,
ကိုယ်မှာ မင်းကြောင့်နဲ့
အသဲနှလုံးပယောဂ ဖြစ်နေပြီ
မိန်းကလေးရေ . . . . .
မင်းရဲ့ပဉ္စလက်အသဲခွဲနည်းဖြင့်
ဖြည်းဖြည်းလေးသာ ခွဲခွဲပေးပါ ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment