စွဲလန်းမှု့ဗလာ
မင်းနဲ့တွေ့မှ ရင်ခုန်တာမဟုတ်ပါဘူး
မြေပွေးကို တွေ့မိရင်လဲ
ကိုယ်က ရင်ခုန်တတ်ပါတယ်
အလင်္ကာမဲ့တဲ့ ကဗျာကိုဖတ်သလို
ရင်မှာစွဲလန်းထင်တဲ့အရာကို
အချစ်လို့ သတ်မှတ်ကြမလား
ဘယ်လို လက်ရေးနဲ့
ဆုံးဖြတ်မလဲ , ချစ်သူ ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment