ငန်သောစကား အမှန်တရား
သမိုင်းတွင်အောင် ချစ်မယ်ဆိုပြီး
အသဲရိုင်းဆင်ကာ အခုတော့ပစ်ပယ်ခဲ့ပြီ
သြော် . . . သမိုင်း ,
ဧဝလိုခေတ်ဦးမေတ္တာနှင့် ချစ်ဦးသီမယ်ဆိုပြီး
ငြီးငွေ့ပျင်းလို့ နောက်တစ်ယောက်ရှာလေသလား
သြော် . . . ဧဝ ,
ဆန္ဒစောလို့ ရေကြည်မရသလို
အချစ်စောလို့ အကြင်နာမရခဲ့လေသလား
ချစ်သူ . . . . .,
သစ္စာစကား တောင်လိုပုံ
အမှန်စကား ပင်လယ်ရေလိုငန်
ချစ်သူရေ . . .
ကိုယ့်အချစ်က ငန်နေသလားဟင် ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment