အချစ်ထက် သကြားကပိုချို တယ်
လင်းတ''တွန်''မှ မိုးလင်းမယ်ဆိုရင်
ကိုယ်လိုကောင်ရဲ့ စာရွက်လေးက
အနမ်းတွေကို ပန်းလှေလေးနဲ့
လှော်ခတ်ပါရစေ ,
သူက မေးတယ်
''ဘယ်လိုသတိရလဲတဲ့''
ကိုယ်ကလဲ ပြန်ဖြေချင်ပါတယ်
''သကြား''စားပြီးသွားရင်
ပန်းသီးက မချို မိန်တော့ပါဘူးလို့ပေါ့ ,
ချစ်လားမေးရင်တော့ . . .
ချစ်တယ်လို့ ပြန်ဖြေမယ်
မုန်းလားမေးရင်
မုန်းတယ်လို့ ပြန်ဖြေမယ်
လမ်းခွဲကြစတမ်းဆိုရင်တော့
ကိုယ်ကလဲ တောင်းဆိုထားလျှက်ပါ ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment