Sunday, January 8, 2017

နှစ်ကြာသော အိမ်

        နှစ်ကြာသော အိမ်

နှစ်ကြာလာတဲ့ အိမ်တအိမ်
ခင်းထားတဲ့ ပျဉ်က
ယင်ကောင်နားတောင်
ကျိုးလွယ်နိုင် ။

နှစ်ကြာလာတဲ့ အိမ်တအိမ်
အိမ်အမိုးက  သွပ်ချပ်ပြား
လမင်းက ခေါင်မိုးကြားထဲထွက်
လသာသာညပါကွယ့် ။

နှစ်ကြာလာတဲ့ အိမ်တအိမ်
တချပ် တပြားနဲ့  ယွင်းဆက်တင်
တထိုင်နေရာသာ  အကောင်းဆင်
ခြေဆန့်ရင် အိမ်အောက်ရောက်သမို့
ဒူးကွေးအိပ်လို့သာအစဉ် ။

ညမင်းကြယ်တံခွန်

No comments:

Post a Comment