Friday, January 27, 2017

အသဲထပ်ချစ်သူ

အသဲထပ်ချစ်သူ

အိပ်နေသူရဲ့အိမ်မက်ထဲဝင်ပြီး
ခေါ်နိုးချင်ပေမယ့် . . . .
စမ်းရေတစ်စက်ကတော့
ရေငတ်မှု့ကို မပြေနိုင်ခဲ့ဘူး
ဒါပေမယ့် . . . .
အသဲကတော့  စိုစွတ်သွားခဲ့တယ် ။

ငိုက်နေသူရဲ့အာရုံထဲကိုဝင်ပြီး
ပုတ်ခတ်နိုးချင်ပေမယ့် . . . . .
အလင်းရောင်ကတော့
လဲ့လဲ့တောက်ကြွယ်နေတယ်
ဒါပေမယ့် . . . .
ဆည်းဆာရဲ့ ရောင်ပြန်လင်းလဲ့မှု့ပေါ့

မေ့သူရဲ့ အချစ်ကိုအသဲနှင့်ဖွင့်ဝင်ပြီး
ကြင်နာယုယပြနေပေမယ့် . . . . .
သူရဲ့ခံယူမှု့စိတ်စွမ်းအားကတော့ 
ကိုယ်ဖက်မှာရှိသလိုလိုနဲ့
နောက်ဆုံးတော့ . . . .
စည်းစိမ်ရဲ့လက်တစုံကို 
သူရဲ့မေတ္တာမျှနေခဲ့တယ် ။

အသဲထပ်အချစ်ဆုံးဆိုတာ
တကယ်တော့ . . . . 
ညည်းတွားသံလောက် မချို မိန်ဘူးဆိုတဲ့
သက်သေကို  မင်းပေးခဲ့တယ်  အသဲထပ်ချစ်သူ ။

ညမင်းကြယ်တံခွန်

No comments:

Post a Comment