Tuesday, January 24, 2017

လက်သင့်သော အဆိပ်

လက်သင့်သော အဆိပ်

မမေ့နိုင်သေးပါဘူး
ကြမ္မာမြားဆူးဒဏ်သင့်နဲ့
အသဲနှလုံးက ချစ်အားကြီးလျှက်ပါ ။

မမေ့နိုင်သေးပါဘူး
ရင်ခွင်တခြား မှီအုန်းစက်လဲ
အသဲနှလုံးက ချစ်တုန်းပါပဲ ။

မမေ့နိုင်သေးပါဘူး
တို့ကိုရက်စက်စွာ ကျောခိုင်းခဲ့လဲ
သောကနှင့်အတူ တမ်းရပေမယ့်
နမ်းဖူးတဲ့ ခရေညိုရိပ်အောက်မှာ
မှန်းဆခက်သော အနမ်းများရှိနေမယ် ။

မမေ့နိုင်သေးပါဘူး
တရံတခါဆီ ပြန်ရောက်ချင်လျှက်
အမှန်တကယ် ရင်မှာမြတ်နိုးရသူမို့ပါ ။

မမေ့နိုင်သေးပါဘူး
ဆူး၌အဆိပ်မရှိပေမယ့်
ဆူးကိုနုတ်တဲ့ လက်က
အဆိပ်လူးထားလို့
လက်သင့်သော အဆိပ်
အတိတ်က  ပုပ်သိုးသွားပြီး
အနာဂတ်က မှိုတတ်ခဲ့ပြီ ချစ်သူ ။

ညမင်းကြယ်တံခွန်

No comments:

Post a Comment