Tuesday, January 24, 2017

စိုရုံဖြင့် မညိုပါနဲ့

  စိုရုံဖြင့် မညိုပါနဲ့

အနေအထားတွေက
တဖြည်းဖြည်းနဲ့တင်းရစ်လာလို့
ပြင်းပြင်းဆွဲလိုက်ရင်
ကင်းရှင်းသွားမယ့် သံယောဇဉ်ကို
စဉ်းစားသင့်တယ် ၊

မသည်းပါဘူး မိုးရယ်
စိုရုံသာ  ရွာဖို့ညိုတာဆိုရင်
ကြီးကြီးကျယ်ကျယ်
လျှပ်စီးတွေ ဝင်းလဲ့ပြဖို့မလိုပါဘူး
မှန်မှန်သာ ရွာလိုက်ပါ ။

ညမင်းကြယ်တံခွန်

No comments:

Post a Comment