အလွမ်းပုံပြင်
မြေကတုံးပေါ်ခြေရိပ်လှမ်းပါလို့
စေပါးသူလွင့်လွှားကာ
နေမင်းငယ်ဖြာ , , ,
ရောင်ရှိန်ဝါညိုးတဖျော့ဖျော့
ငွေမျှင်တိမ်ပြေးကာလိမ့်
ပိုးဇာခင်းရိပ်. . .
ခြေရိပ်တစ်စုံ လေကူမလို့
ရွှေညို့ပန်းချီ , , ,
ဝင်းဝါတောက်ကာညီ
ဖိန်းတလဲ့လဲ့စီ , , ,
ရွှေအိုမျှင် နေလုံးကိုရစ်သီ
ရွှေဆည်းဆာအလှတည်
ကြယ်ရောင်တွေမဖြန့်ဆင်းချိန်
ကျယ်မြေဝန်းပြင်ထက်မှာ
ရွက်လှတွေပြေးလူးလိမ့်ရင်း
တနေညိုကာ တညသစ်မို့
ဟို့ . . တချိန်ချစ်ဦးရယ်လို့
မြည်ဆွေးကာကြူးသီခဲ့ပြီ ။ ။ ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment