လင်းတခေါ်သံ
လေပြေသွေး ငယ်နုဆင်ကာ
ယိမ်းလိုက်ပေါ့ . . တဘဝတခါ
ပိုကျန်တဲ့ အလွမ်းနဲ့
ငိုကာရှိုက်ခဲ့မယ် . . . .
ပထဝီရေ . . သူငိုနေတယ် .
ဆောင်းညမှာ လရောင်ဖြာစဉ်
ခဏမှေးကာ သူအိပ်စက်ရင်း
တဘဝဝေးမှာ သူမသိတော့
တုန်ရီစိမ့်ကာ မောင့် ထွေးထားမယ်
ချစ်သူပါးပြင် မြေပြင်နမ်းမှာစိုးမိတယ်
လှပတဲ့ မောင့် ရင်ထဲမှာ
စံပယ်စီကုံးကာ
လှပတဲ့ မျက်ရည်နုတွေ
တသွင်သွင်စီးစိမ့်တော့
ပျို မေရေ. . စံပယ်မျက်ရည်ပွင့်ခဲ့ပြီ ၊
ညမင်းကြယ်တံခွန်
No comments:
Post a Comment