ဆိတ်ငြိမ်လွှာ
ဒာလွမ်းပြေ
ညို ညနေ
ဆွတ်ဖျန်းကြူ ကြူ
မွှေးနံ့သာနဲ့
လေညင်းဝင်တဲ့  . . ပျိုးးတခင်း
အချိန်တော်မှီ . . မွှေးပါဘိလေး ၊
ညနေချမ်း
ဆိတ်ငြိမ်လွှာ
မှုန်ရီပြာပြာ
ငွေမှိုင်းငယ်ဖြာ
မှီရာတွယ်တာ . ဥယျာဉ်ဘုံမှ
ပျို လေးခြေဆက် . တဖက်သို့ ထွက် ၊
ပြို ညနေ
တိုတောင်းချိန်
လေပြေငြိမ်ကာ
မုန်တိုင်းထန်လို့ 
တချပ်ခြင်းပဲ့  . . ဥယျာဉ်ဘုံပျက်
ပြေးကာပြေးကာ . . အချစ်ပါးလွှာ
ညမင်းကြယ်တံခွန်
No comments:
Post a Comment