သိမ့်တည်းတုန်စေ
မွှေးညင်းမြက်သား ၊ လေဖိအားများ
တိုက်စားခံရင်း ၊ ရှင်သန်ခြင်းဖြင့်
အားစွင့်အုံခဲ ၊ ဖြန့်ကျဲဝေ့စွာ
မြေလွှာကျောရိုး တွန်းဖြိုးစေနိုင်ပြီ ။
မုတ်သုံဇုန်မြူး ၊ ဝေ့ရမ်းလူးခတ်
အထက်ဖက်သို့ ၊ အမြစ်စို့ဖျက်
ယိမ်းရိုက်ခတ်ထန် ၊ လေဆန်အံတု
ဟန်ပြုနမိတ်တည် ။
အုံခဲစုစီ ၊ တွန်းအားညီလို့
မြေပေါ်သို့ထင် ၊ ပေါင်းစုဆင်ကာ
မြေလွှာကမ္ဗည်း ၊ သိမ့်တည်းတုန်စေ
ဖွင့်ဖောက်ထိုးထွင်းစေသတည်း ။ ။ ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment