အချစ်ဒဏ်
နေပူကာကျဲကျဲတောက်
တို့စိတ်တွေ ကမတ်ကမောက်
ရင်ခွင်မှာ မီးဟုန်တောက်
ပူပါစော , ပူပါစေ ။
ချစ်သူရယ် လှမ်းမလာမရောက်
စောင့်ရစ်သူ ထိုင်ခုံလေးပျောက်
တို့ဘဝဟာ ဒုက္ခဘုံရောက်
ပူပါစော , ပူပါစေ ။
အချစ်ဒဏ် အပြင်းအထန်
ခံစားရသူအချစ်တမန်ဆီသို့
ဖြည်းသာသာနဲ့ဖက်ထွေးလို့
ကောင်းကင်ဘုံဆီ , ရောက်ခဲ့ရပြီ ။ ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment