လက်သကြွယ် , , ,
ချစ်ဆုံးကြီးရေ . . . . .
လက်မ,ထောင် မာန်ဟုန်ဝင့်လို့
ဟန်မူယာအချစ် တင်းမာတတ်တယ်
ချစ်ဆုံးကြီးရေ . . . .
လက်ညှိုး,ထောင် ညွန်ရာခွာရလို့
သွန်မောက်ကာ အချစ်တွေဝေးတတ်တယ်
ချစ်ဆုံးကြီးရေ . . . . .
လက်ခလယ်ထောင်, အများငေးအောင်
လူတကာမြူ ဆွယ် အချစ်တွေပွန်းပဲ့တတ်တယ်
အချစ်ဆုံးကြီးရေ . . . . . လက်သန်း,ထောင် အားငယ်ရင်းနဲ့
ဘဝခရီးအချစ်စခန်းမှာ တကိုယ်တည်းနေခဲ့ရမှာစိုးမိ၏
ချစ်ဆုံးကြီးရေ . . . . .
အကြင်နာတွေစီး မေတ္တာအသဲဝယ်
လက်သကြွယ်,၌ ပေါင်းစုစုံလို့
အချစ်မေတ္တာတွေ သွယ်ကာသွယ်ကာ
လက်သကြွယ်,ချင်းချိတ်ကာ အကြင်နာအချစ်ခရီး ရာ,ထောင်ချီတည်ပါစေသတည်း ။ ။ ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment