ဆူးဥယျာဉ်
ဒဏ်ရာတွေ ရင်မှာမလှလို့
ချန်ခွာသူကျကျန်ခဲ့တဲ့
ဆူးခတ် လွင်ပြင်
ကောင်းကင်ပေါ်တင်ခဲ့တယ် ။
ပြောင်းလှန်ကုန်ပြီ …
ဆောင်းပန်းချီ နွေအသွင်ဝင်လို့
လေပြေညင်း မိုးဦးကျဆင်း
စီခင်းထားတဲ့ ဆူးနမိတ်တည် ။
အေးမြနေတဲ့ မိုးစက်အလီလီ
ကိုယ်ပေါ်ညီညီစီရင်း
ကြွေခဲအောင် ပင့်သက်စေ
လေနုထွေး တဟုန်ဝင်ခဲ့ပြီ ။
အသင်ပေးခဲ့သော
ဆူးဆိပ်ဒဏ်ရာတွေကို … … …
ကျွန်ုပ်ရင်မှာ
အမြဲရှင်သန်အောင် .…
အခွင့်အခါကြုံ လျှင် ….
အားစိုက် ပျိုးဆောင် ပေးပါ ။ ။ ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment