ရင်နာရတဲ့စကြာဝဠာ
ခံစားမှု့တွေ ရင်၌ရှိတော့
စံစားပါရစေ . . တသက်လုံးပေါ့ ။
ယောင်ချာချာအတွေးတွေက
ဘောင်ခတ်ထားတဲ့ သံယောဇဉ်ကို
မိန်းမောစွာ ပွေ့ပိုက်ချင်သူ
အချစ်သူရဲကောင်းဆန်ဆန်
ကန္တာရကို ပြောင်းပြန်လှော်တတ်ချင်တယ် ။
နေရမယ့်ကမ္ဘာ့က အဆွေးကမ္ဘာ့
ရှူ ရမယ့်လေက အောက်ဆီဂျင်မပါ
မင်း -- စွန့်ပစ်ခဲ့တာ . . . .
အခုဆို တစ်မနက် နဲ့ စကြာဝဠာ
မြင့်အာကာ တိမ်ထပ်တလွှာ ။
လေတိုးသလို ခြေထိုးငင်သံ
ဆူညံညံနှင့် လောကကဗျာ
ယှက်ဖြာသော အမြစ်ခေါက်
ပင်ခြောက်တို့မှ ပွင့်လေပြီ ။
ကြင်နာစွာ မနေရပေမယ့်
ရင်တနာနာ ဝေဒနာအဖြစ်ကို
သူ - သိခဲ့တောင် …
သူ - ပြန်မချစ်နိုင်တော့လို့
ယူဆောင်သွားတဲ့ ညနေလေညင်း
ရှို က်သွင်းရင် ပါသွားခဲ့ရပြီကွယ် ။ ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment