ရွက်ဝါကြွေလမ်း
ရွက်ဝါကြွေလမ်း ၊ မြေသင့်ရုံလှမ်း
ခြေစုန်လို့ကမ်း ၊ ဖြန့် ဆင်းကာဖျန်း
ရင်တခက်တမ်း ၊ ထင်သယောင်ဖမ်း
ကြွေလွှာစခန်း ၊ ဆိုက်မြိုက်ကြို မြန်း
အတွေးစီခန်း ၊ ရောင်ဝါဖြာသန်း
လှမ်းလို့ပွင့်ဆန်း ။
ရွက်ဝါေ၇ာင်စုံ ၊ ခြေလျင်ချီလို့
မြေအလွှာသို့ ၊ ခဆင်းမြုပ်စေ
ဖြာဖြာဖွေးနေ ၊ အာကာရိပ်ထင်
မှိုင်းဆို့နစ်ကာ ၊ ကြည်လွှာပေါက်ပြဲ
မိုးအာကာကွဲ ။
ရွက်ဝါစခန်း ၊ မြေဝါဝါကြမ်း
ခရီးလွန်လှမ်း ၊ ပင်ပန်းမလှ
အပူလုံးကြွ ၊ ရင်မှာဘဝ
အပူပြင်းကာ ၊ ၇ွက်ဝါေ၇ာင်စုံ
ဆွေးမြေ့လည်စွာ ၊ မိုးအောက်မြေမှာ
ဘဝတူးဆွ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment