ချစ်လွမ်းဝေ ( အလင်္ကာကဗျာ )
ညိုလွင့်နုဆင် ၊ ပတ်ဝန်းကျင်မှာ
ဝေမှိုင်ညစ်လိမ်း ၊ မြောက်လေယိမ်းသွေး
ဝေ့တိမ်းကာလူး ၊ ကြည်နူးခြင်းများ
ဆီးတားဟန့်လေပြီ ။
စိမ်းနုကြိုင်ပွင့် ၊ ရော်ဝါလွင့်ရင်း
နားစွင့်ကြားကာ ၊ ချန်ရစ်ခွာလို့
သာယာဖြောင့်ဖြူး ၊ ဘဝကူးလမ်း
အေးချမ်းစမ်းရေသန့်စင်စေ ။
မြေပြင်ညို ညို ၊ အုံ့မှိုင်းခိုဝင်
နွမ်းအိုလေပြေ ၊ ပင့်သက်စေကာ
ညင်းသာသာနဲ့ ၊ ပတ်ချာလှည့်ယိမ်း
လွမ်းစိမ်းဒဏ်ရာ မဖြေသာ ။
အတွေးပင်သာ ၊ ပြိုကွဲစွာဖြင့်
တုန်ခါလှုပ်ရှား ၊ ပင်ရင့်ဖျားမှ
တလွှားကြွေရင်း ၊ မြေပေါ်ဆင်းကာ
အဖြာဖြာဟောင်းမြေ့ပြီ ။
တည်ရာပြောင်းရွေ့ ၊ ပူခြောက်သွေ့လို့
အောင်းမေ့မရ ၊ စူးရှလှတဲ့
ပွန်းပဲ့ဒဏ်ရာ ၊ အသဲမှာနစ်
ဆွဲခြစ်ရေးထွင်း နာလှသည် ။
ဖွင့်ဟစကား ၊ တိမ်ယံကြားထိ
လွင့်လွှားကာဟိန်း ၊ တိုးတိတ်မှိန်းနေ
ကိန်းအောင်းလွမ်းဝေ ၊ စိတ်တွေမချို
နေညို ပြီဆို ဆွေးဓာတ်ပို ။
ဒဏ်ရာဆူးပုံ ၊ ရင်၌ငုံလို့
မငြီးလေသံ ၊ သင့်ထံပါးမည်
ရပ်တည်ပျက်ပျောက် ၊ အရောက်သူဆီ
စာစီမြန်းခဲ့ပြီ ။
ကျွမ်းလောင်မြိုက်စေ၊ကွယ်ရစ်နေမင်း
ကြွေလေပြင်းလို့ ၊ နောက်ဦးသို့ဝင်
ရင်ဆို့မျက်ရည် ၊ ရက် ၊ လ ရှည်ခဲ့
ချစ်တဲ့တစ်နေ့ တစ်ရက် သူ့အတွက် ။
ခိုလှူံ မှု့လွဲ ၊ ညနက်ထဲမှ
မှောင်မဲတံခါး ၊ ဖွင့်ဟထားလို့
သူ့အားဆွဲရစ် ၊ ရုန်းမဖြစ်ခင်
ကျွန်ဝင်နစ်လေပြီ ။
သူ့အားပွေ့ဖက် ၊ သွေးနာစက်တွေ
ဝဲယက်ရင်မှာ ၊ လိမ့်လူးစွာဖြင့်
သူချန်ရစ်ခဲ့ ၊ သစ္စာခန္ဓာ
လွင့်ခွာဝေးလဲ မောင်ထွေးလျှက်သာ ။
ပိတ်ကာရံရင်း ၊ အိပ်စက်ကြင်နာ
တမြေမှာနေ ၊ လေပြေခြားလဲ
ရင်ထဲကွင်းပြင် ၊ ခုန်မင်နှစ်သက်
မင်းလာခဲ့ချင် လာခဲ့ပေါ့အစဉ် ။
ဘယ်လေညင်းဖြူ ၊ ဘယ်လေညင်းမဲ
တို့အရိပ်ထဲ ၊ ဆုံးဖြတ်ဝေဝါး
လောကပန်းချီတွေက ပြုစားခြင်းပဲ ။
လမင်းအတွက် ၊ နေအကူဆက်
ဘဝအတွက် ၊ လောဘတွေဆက်
မြူ ခိုးထွက်သော ၊ စိတ်နယ်ဇောတွေ
အထွေထွေ မှုန်မှိုင်းခဲ့သည် ။
ငရဲတစ်လမ်း ၊ ဒုက္ခစမ်းရေ
သောက်သုံးကြွေရင်း ၊ ခရီးပြင်းနှင်
မမြင်မတွေ့ ၊ ကောက်ကွေ့လိမ်လမ်း
ခြေလှမ်းရစ်ငင် သံသရာချည်သောစခန်း ။
မျက်ရည်လှိုင်းအုံ ၊ အဖုံဖုံလွှမ်း
သောကလှန်းတင် ၊ မြေတခွင်၌
ခြေလျှင်အဆုံး ၊ တသက်လုံးစို
ရှိုက်ငိုခံပြင်း
ဒဏ်ရာတွေတောင်လိုပုံဆင်းခဲ့တယ် ။
စိတ်နာကျင်လျှက် ၊ မိန်းမောယှက်ရင်း
သက်ဆင်းညှာကြွေ ၊ ဘဝကိုခွဲ
ညိုမွဲကောင်းကင် လွင့်စင်ကာကွယ် ။
မှန်းရွယ်ခြင်းများ ၊ တိုက်ခတ်စားနေ
ယူစေ ယူဆောင်၊သူယောင်လို့တမ်း
အကန်းနေ့ရက် ကျော်ဖြတ်လွန်ပြီ ။
အနာတရ ၊ ကျွမ်းခဏနဲ့
ဆူးလေတဲ့ဆူး ၊ ပွင့်ဖူးထိုးထွက်
ဟက်တတ်ကွဲခဲ့ ၊ မနက်တစ်ရက်
တသက်တည ရှည်ပြင်းလွန်းတယ် ။
အချစ် -- အချစ် ၊ နွမ်းစုတ်နစ်ကာ
ပင်လယ်ပမာ ၊ ကူးဖြတ်မိသူ
ဒဏ်ရာကဗျာ ၊ ဝေဆာနေသည့်
မွန်းတည့်အချစ် အပူရှိန်အလွန်မြင့်ခဲ့ ။
အတူတကွ ၊ ပေါင်းလောင်းဆွလို့
ပန်းတခင်းဝယ် ၊ ပျော်ခဲ့တယ် , ဝေ
မကြွေလင့်ချိန် ၊ အပြုံးထိန်ထိန်
ဝင်းရှိန်လင်းလဲ့ခဲ့လေသည် ။
နောက်ဆုံးတပုဒ် ၊ အလွမ်းပိုက်ရင်း
စာဖွဲ့ခင်းမယ် ၊ ညိုဖျော့ပျယ်သော
ညနေနေမင်း ၊ လ ရောင်းခင်းကာ
မနက်နေမင်း ၊ ရောင်ဝါဆင်းကာ
အဝင်အထွက် ၊ ရှု့ငေးစပ်ရင်း
မောင့် ရဲ့ကဗျာ ၊ ပွင့်လာသောပန်း
ညိုးနွမ်းခြောက်သွေ့ မေ့မရပြီ --
ချစ်လွမ်းဝေ ။ ။ ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment