နှောင်းကုန်ကူးပြောင်း
အတွေးဟောင်းဖြည့် - လွမ်းလောင်းစွတ်ကာ
ချစ်ရိပ်ကမ္ဘာ - မာယာယှက်လို့
ရင်၌ဆို့ စို - တခါကူးတဲ့
အချစ်ဟောင်းသစ္စာ .
ပျော့ပြောင်းကာတိမ်း
လေပြေယိမ်းလို - လွင့်ခြောက်ကုန်ခမ်း
တို့မှာတမ်းရင်း - ဖမ်းဆုပ်မိတဲ့
အချစ်မဲ့လေး - သဲ့ကာစိုပြီ
အချစ်ဟောင်းအလွမ်းရေ .
အတိတ်ဟောင်းက
ချစ်ရေးကြောင်းဟာ - ဗြောင်းဆန်သမို့
လွမ်းဦးကွဲ့လို့ - ကြင်နာတေးရင်း
ရင်မှာမေ့မယ် - ကူးပြောင်းသူရေ
တို့အတိတ်ရင်မှာ မင်းရှိခဲ့တယ် . .
ညမင်းကြယ်တံခွန်
No comments:
Post a Comment