Thursday, December 29, 2016

ပိုလို့လွမ်းမယ်

  ပိုလို့လွမ်းမယ်

 အဖော်ဝေးကွာလို့
မျှော်ဆွေးရတယ် -- ချစ်သူ

သြော် …  အတွေးကလဲ
ဖော်ပြလို့မရတဲ့  သင်္ကေတဖြစ်လို့
ပျော်မြူးစရာ ရင်ခွင်မှာ
မင်းမှမရှိတာ ။

သြော် … အချစ်ရယ်
အဝေးနယ်မှာ  . . .
အတွေးပင်လယ်မဖြစ်ဖို့
မင်း . . . ဖတ်ဖို့စာစီ
ဒီကဗျာသည်  မင်းအတွက်ပေါ့ ။

အိပ်ရေးမဝလို့
လက်ရေးတွေမလှခဲ့ရင်
ခွင့်လွှတ် … … …
ဘာရယ်ကြောင့်မဟုတ် . . .
ကိုယ့် စိတ်ကူးထဲ , ,
မင်းက  ငုတ်တုတ်လာထိုင်နေတော့
မှိတ်မရတဲ့ မျက်လုံးက
ရက်ပေါင်း ( ၇၃၀ )ပေါ့ ။ ။

ညမင်းကြယ်တံခွန်

No comments:

Post a Comment