ဝေဝေ ( ချစ်သူ )
ဝေနေပြီ . . .
ကြွေခနေတဲ့ ခရေပွင့်တွေ
မြေပြင်ကို ဦးစိုက်နမ်းလေပြီ . . .
ငိုနေပြီ . . .
ယိုနေတဲ့ ဇရပ်အိုအမိုးက
စိုရွဲနေတဲ့ မောင့်မျက်ရည်တွေကို
ဆေးကြောပေးနေပြီ . . .
မှုန်ပြာရီဝေ. . .
တုန်ခါနေသော အသံတချို့နဲ့
ကိုင်လှုပ်ကာ လွင့်ပျောက်သွားတဲ့
မောင့်ရဲ့ဝေဝေ ရေ
အလွမ်းကဗျာမရေးချင်ပေမယ့်
ဝေဝေက ပန်းတမာကို ပန်ဆင်ထားတော့
မောင်မောင်က ခါးသီးစွာနဲ့ ရူးရပြီပေါ့ . . .
ညမင်းကြယ်တံခွန်
No comments:
Post a Comment