Thursday, December 29, 2016

ကြယ်ကညာ

          ကြယ်ကညာ

ကနုတ်ထွင်သလိုအဟုတ်ထိုးလိုက်ပါ
ညတစ်ညရဲ့အလင်္ကာ
ဘဝတစ်ဘဝရဲ့စေသနာ
ကဗျာ ကဗျာ ကဗျာ
သက်ဆုံးတိုင် ရေးဖွဲ့စပ်မည်
တချက်မတုန်သော ဒီလက်နှစ်ဖက်သည်
အသက်ငင်ပါစေ ပေးစွမ်းရိပ်ကြည်
နောက်ဆုံးခရီးကိုချည်
တမလွန်ကိုမှီကာနေရင်း တည်နေမယ့်
ကိုယ့်ကဗျာ ကဗျာ ကဗျာ
ဖိုးလမင်းမဟုတ်တဲ့ ညရဲ့ကြယ်တံခွန်ပမာ
မင်းအတွက် ဝေဝေဆာဆာ
လင်းခြည်နုများဖြာသွားမည်
အို . . . ကြယ်ကညာ ။ ။ ။ ။

ညမင်းကြယ်တံခွန်

No comments:

Post a Comment