ချစ်ကြင် / ရစ်ငင်
စေသနာပန်းများ ပွင့်လန်းသလို
နွေတစ်ရာအလွမ်းများ မထိုးစိုက်ချင်
တကယ်ဆို . . . ကိုယ်ဟာ
မင်းအတွက်အစဉ် ကမောက်ကမ မဖြစ်အောင် ထိန်းညှိပေးနေတဲ့ ကျောက်ခဲလေးပါ …
သွားလိုရာ မြန်းဆင်အုန်းပေါ့
ထားသိုကာ ပစ်ခွာစေလဲ
အားငယ်စွာဖြင့် နေရစ်မယ့်သူ
တကယ်ဆို . . . ကိုယ်ဟာ
ကြယ်တာရာအဆူဆူကို ခဲလုံးနဲ့ပေါက်နေမိရင်း ဦးခေါင်းထိပ်တည့်တည့် ခဲလုံးကျဆင်းလာမှ ကိုယ်သိလိုက်တယ် … … …
ကိုယ့်အချစ်ဟာ ကိုယ့်ကိုပြန်ရစ်ငင်ချည်နေလို့ အခုတော့ ကိုယ်လှုပ်မရတော့ဘူး ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment