နေညိုရီ
နေညို ရီ
ရွက်တံဖူးငုံ မှေးစက်လျော်
တောင်ပြာပြာ ဘယ်ဝယ်စခန်းဆီသို့
ချူို တေးသံလွင့် ပျံသန်းရှာတဲ့
ကျေးငှက်မင်းအပေါင်း
ဖြတ်သန်းခရီးဖြူးပါစေ .
နေညို ရီ
ရှု့ခင်းသာ မြင်ကွင်းအစုံ
ကြာပေါင်းတစ်ထောင်ကန်ကြည်ပြင်ထက်
ပျို မေနှမ ရေခပ်ပြန်လှည့်
ဆည်းဆာအလှ ထင်ဟပ်စေခဲ့
ဘယ်ခြေညာယိမ်း ပျို အလှဖွဲ့ .
နေညို ရီ
လေညင်းကွေးကောက် သင်းရနံ့ရှာ
ဒီလောက မွှေးကြို င်ကြို င်နဲ့
ဖွေးဖွေးသန့်ဖို့ တခါသွယ်တန်း
ပတ်ဖျန်းဝေ့စွာ သင်းမြို င်စေလို့
ဒီလောကအပူ ငြိမ်းပါစေ . . .
ညမင်းကြယ်တံခွန်
No comments:
Post a Comment