မေတ္တာမြူ ခိုး
လွမ်းရပါသည်
လမ်းအိုတွေ မြေကြားအက်ကွဲ
စခန်းသင့်ရာ ပြန်အုန်းကွဲ့
မောင့်မေတ္တာ,ဝေ ၊
လွမ်းရပါသည်
မြေရိုင်းနမိတ်အတိတ်ပုံတွေ
လက်လွှတ်လွဲ အချစ်ပြိုကွဲ
မောင့်မေတ္တာ, ဖရိုဖရဲ ၊
လွမ်းရပါသည်
ဆူးခက်နွယ်ရစ်ပတ်ထုံးလို့
အခုဘဝမှာမပျော်နိုင်သူ
ရင်တချက်ခုန် ဆူးတချက်တိုး
အသဲကွဲဒဏ်ရာ ဆိုးသထက်ဆိုး
ဒီမောင့်မေတ္တာ,မြူးငွေ့ခိုး ၊။ ။ ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment