နှစ်ကိုယ်ဘဝ
ညင်သာတိုးခတ်
ရင်မှာငြိခဲ့ - ကြင်နာစုံဖက်
တစ်ယောက်သူအတွက်
အာရုံချစ်စိတ် - တွေးလွင့်ခဲ့ပြီ - ပျိုရေ
လပြည့်လုံးဝိုင်း
လရိပ်ဆိုင်းချိန် - ခဏမြင်မိတယ်
တစ်ယောက်သူမျက်ရည်
ယာယီပြိုကွဲ - အချစ်တွေလွဲ
ကုဋေတစ်သန်းဆီဝဲလွင့်ဝေးခဲ့ရပြီ ပျို
ငှက်အ ,သဏ္ဍာန်
နမိတ်ဆိုးဖန် - ပြုသလောက်မစံရတော့
မောင့်တို့, ပြန်မယ် , ပျို
နှင်းမှုန်ဆင်းလဲ မအေးချမ်းခဲ့
မီးဟုန်ဟပ်ကာ အပူပဲကျန်ခဲ့
ဒီဘဝ ဝဋ်ကြွေး
ကျေပါအေး
တခဏဘဝ ငြိမ်းချူ ပ်စေလေး
အေးပါစေသား , တို့ နှစ်ကိုယ်ဘဝ ။ ။
` ၸ ၢ ၢ´
ညမင်းကြယ်တံခွန်
No comments:
Post a Comment