ထားခဲ့မယ် ( ထားခင် )
ကြားခံတွေ ဘာမှမရှိလဲ
ထားခင်ရေ ''မောင် ''သွားတော့မယ်
ကောင်းကင်က ကြင်နာသူကို
ဟောင်းလေတဲ့ တဲကုတ်က ''မောင် ''
ဘယ်လိုစွမ်းဆောင်လို့ . . . .
ချစ်ရမလဲ . . . သိရင်ဖြေပါ
ထားခင် . . . ,
မြေကြီးက ဂုဏ်မမက်ပေမယ့်
ရွှေထီးကိုမှ လူတွေကဆောင်းချင်
မင်းအလှဂုဏ်အင် . . ,
သိမ်းပိုက်မယ့် လူတစုလက်နက်ဆင်
မင်း… ငြင်းဆန်နိုင်မလား… ထားခင် ,.
စုတ်ချာချာထရံကြားက
ဝင်းဝါဝါ အလင်းဆက်သ
ကြေမွတဲ့ခေါင်မိုးက
မြင်ရတဲ့ စကြာဝဠာ
ထွေးမရတဲ့ ကြယ်ကညာ
မြင်ယုံလေးဖြင့် ကျေနပ်ခဲ့ရတာ ။
အမြင်မှာ ဘာမှမခြားထားတဲ့
ကောင်းကင်နဲ့မြေကြီး
စေ့စေ့ကြည့်ရင် . . . . .
နီးစပ်နိုင်မယ် ထင်ပေမယ့်
တွေးတွေးကြည့်ရင် . . . .
လေစိုင်ထု ခံရိုးဖွဲ့တားထားသလို
ထားခင် နဲ့ ကိုယ်တို့ကြား
အမြင်တွေ မခြားထားပေမယ့်
အဆင်တန်ဆာက ကွာခြားခဲ့တယ် ။
ကြားခံတွေ ဘာမှမရှိပေမယ့်
ထားခင်ရေ . . . .
'' မောင် '' ထွက်သွားတော့မယ် ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment