Thursday, December 29, 2016

အလွန်အမင်း - အကြင်နာ

အလွန်အမင်း - အကြင်နာ

အမွှေးဆွယ်တွေတဖွားဖွားကျလို့
ပင်ရင့်သက်ကြားအိုမှာ
နားခိုရာ  လဲလျောင်း
''ခါး ''ချိလို့စောင်း
မေတ္တာနဲ့အကြင်နာ
ဘယ်အခါ မပြောင်းပါဘူး - သက်လျာရယ် ။

တွန့်လိမ်လို့ကောက်ကောက်ကွေး
အမြစ်ဆုံ''ဆွေး''ခြောက်သွေ့စေ
ဖျောက်မေ့၍   မရ
မင်းအရင်လို မလှပေမယ့်
သစ္စာ နဲ့ သံယောဇဉ်ကတော့
ပစ်ခွာပြေး  ငရဲဘုံထိရောက်ပါစေ
မောင့်,အသဲပုံလို့  လိုက်ပါရစေ ။

ညမင်းကြယ်တံခွန်

No comments:

Post a Comment