ရွှေကုက္ကိုပေါ် ၊
ငွေကျေးနှစ်ဖော် ၊ တွဲခိုမှီ၍
ကြွေးသီဆိုပျော် ၊ သာယာသနှော်
မောင်နှံစုံကျေးငှက်နှစ်ဖော် ၊
ဝေသာလင်းလို့ ၊
လေမှာလွင့်ကာ ၊ ပူဆွေးစရာ
ငြင်သာတိုးဝှေ့ ၊ ရင်မှာငြိတော့
ဒီဘဝအပူခဏမေ့ထားခဲ့မယ် ၊
စိမ်းလဲ့တောင်ပြာ ၊
နေတိမ်းလှည့်လို့် ၊ ငွေကျေးနှစ်ဖော်
ကိုယ့်အိမ်ယာဆီ ၊ ခညောင်းဝင်ဖို့
မောင်တစ်လမ်း မယ်တစ်လမ်းနဲ့
ခွဲခွာသက္ကရာဇ်ထင်လေပြီ ၊။ ။ ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment