မြန်တဲ့ခြေလှမ်းမညီညာ
သည်းခံပါများရင်
လူတွေက စည်းကမ်းပျက်လို့
မထင်သလို အပြုအမူတွေကို
ထင်သလို '' ဝုန်းဒိုင်း ''
မြင်းရိုင်းတွေလို
အကျင့်ယုတ်လာတတ်ကြတယ် ။
စေသနာတွေကောင်းခဲ့ရင်
လူတွေက တမျိုးထင်လို့
တချို့ ကတော့
တမျိုးပုံစံနဲ့
မကျိုးရုံမယ် နင်းလို့ နင်းကာ
ရင်တွင်းမေတ္တာမပါတဲ့ . . .
စကားလုံးလေးတွေနဲ့
တွန်းပို့တတ်တဲ့ '' မရဏ''ဆိုတဲ့
ချောက်ကြီးထဲကိုပေါ့ ။
ချစ်တာတွေ သူသိခဲ့ပါစေ
သူပစ်ချင် ပစ်ခွာတတ်လို့
မေတ္တာသဘောထားတွေကို
သူမသိအောင် ဖော်ထုတ်ခဲ့ပြီး
တိတ်တိတ်လေးနဲ့ … …
တကောင်းကင် အောက်မှာ
နေပါစေ , , ,
ညမင်းကြယ်တံခွန်
No comments:
Post a Comment