Thursday, December 29, 2016

အလွမ်းပုံပြင်

အလွမ်းပုံပြင်

  မြေကတုံးပေါ်ခြေရိပ်လှမ်းပါလို့
  စေပါးသူလွင့်လွှားကာ
  နေမင်းငယ်ဖြာ , , ,
  ရောင်ရှိန်ဝါညိုးတဖျော့ဖျော့
  ငွေမျှင်တိမ်ပြေးကာလိမ့်
   ပိုးဇာခင်းရိပ်. . .

   ခြေရိပ်တစ်စုံ လေကူမလို့
   ရွှေညို့ပန်းချီ , , ,
   ဝင်းဝါတောက်ကာညီ
   ဖိန်းတလဲ့လဲ့စီ , , ,
   ရွှေအိုမျှင် နေလုံးကိုရစ်သီ
    ရွှေဆည်းဆာအလှတည်

  ကြယ်ရောင်တွေမဖြန့်ဆင်းချိန်
  ကျယ်မြေဝန်းပြင်ထက်မှာ
  ရွက်လှတွေပြေးလူးလိမ့်ရင်း
  တနေညိုကာ တညသစ်မို့
  ဟို့ . . တချိန်ချစ်ဦးရယ်လို့
  မြည်ဆွေးကာကြူးသီခဲ့ပြီ ။ ။ ။

ညမင်းကြယ်တံခွန်      

လက်သကြွယ် , , ,

လက်သကြွယ် , , ,

ချစ်ဆုံးကြီးရေ . . . . .
 လက်မ,ထောင် မာန်ဟုန်ဝင့်လို့
 ဟန်မူယာအချစ် တင်းမာတတ်တယ်

ချစ်ဆုံးကြီးရေ . . . .
လက်ညှိုး,ထောင် ညွန်ရာခွာရလို့
သွန်မောက်ကာ အချစ်တွေဝေးတတ်တယ်

ချစ်ဆုံးကြီးရေ . . . . .
လက်ခလယ်ထောင်,  အများငေးအောင်
လူတကာမြူ ဆွယ်  အချစ်တွေပွန်းပဲ့တတ်တယ်

အချစ်ဆုံးကြီးရေ . . . . . လက်သန်း,ထောင်  အားငယ်ရင်းနဲ့
ဘဝခရီးအချစ်စခန်းမှာ  တကိုယ်တည်းနေခဲ့ရမှာစိုးမိ၏

ချစ်ဆုံးကြီးရေ . . . . .
အကြင်နာတွေစီး မေတ္တာအသဲဝယ်
လက်သကြွယ်,၌   ပေါင်းစုစုံလို့
အချစ်မေတ္တာတွေ သွယ်ကာသွယ်ကာ
လက်သကြွယ်,ချင်းချိတ်ကာ   အကြင်နာအချစ်ခရီး  ရာ,ထောင်ချီတည်ပါစေသတည်း ။ ။ ။

ညမင်းကြယ်တံခွန်

အဲ့ဒီည ,

အဲ့ဒီည ,

  တွန်းဝင်လာ ဝိညာဉ်ကညာရေ
  ထွန်းညှီကာ အပူမီးမယူတယ်
ကိုယ့်ညဟာ တကယ်မှောင်လို့ကွယ်
   အဲ့လိုည ကိုယ်နှစ်သက်တယ် ၊

  ကောင်းကင်က ကြယ်ကြွေသလား
 ကိုယ်ရင်မှမင်းထွက်ခွာသလား
  တကယ်ပါညရယ် ပြန်မဆုံဘဝနဲ့
    သူ , . . တို့ကို ထားခဲ့တယ် ၊

  မှိန်ဝါးတဲ့ကိုယ့်အခန်းငယ်ထဲကို
    အနမ်းခြောက်တို့နှင့်အတူ
    အလွမ်းတစ္ဆေတွေခြံရံလို့
ပြေးနှင်ကာထွက်ခွာမသွားနဲ့ကြင်သူ
    အဲ့ဒီည  ကိုယ်ထွေးထားမယ်  ။ ။ ။

ညမင်းကြယ်တံခွန်

တဘဝကသူ , မကြား

        တဘဝကသူ , မကြား

  ရုတ်တရက်
  ကြမ္မာဆိုးက ကြိုးခွေတွေသိုင်းရင်း
 ကိုယ်အသဲနှလုံးကို
  တုတ်ချည်ငင်လို့ ထားခဲ့တယ်
ကိုယ်မှာလေ . . .
  အော်ဟစ်လိုက်ရတာ . . .
ချစ်သူရယ် . . .
   မင်းသာကြားခဲ့ရင် . ,
အဲ့ဒီနေ့ ကိုယ်မသေဘူးး  ၊ ၊ ။။
 
ညမင်းကြယ်တံခွန်

ပန်းရောင်

                ပန်းရောင်

   ပန်းရောင်သန်းတဲ့နေ့မှာ
   လွှမ်းဇာရိပ်နဲ့
  သက်လျာရဲ့အကြင်နာတွေဝေဆာ
  ပျော်လိုက်ရတာ တို့ရင်မှာ ၊

 ခေါ်လာခဲ့ပေါ့ မင်းအချစ်ကဗျာ
 တေးကဗျာနဲ့တို့ရဲ့ကမ္ဘာ
 သီကြူးစာစီချစ်လိပ်ပြာ
  ပျံဝဲသင်းကာ မွှေးပါ၏ ၊

    ပန်းသွေးရောင်သန်း
    မင်းနူတ်ခမ်း
    လွမ်းသံဆွေးဖို့
             မပွင့်ပါနဲ့  ။ ၊။

ညမင်းကြယ်တံခွန်

နွေကြိုးကျစ်ချိန်

     နွေကြိုးကျစ်ချိန်

   လေနီဦးတွေတိုးဝှေ့ခတ်လို့
   ရေ , မြေ , တပါးကလွမ်းနေရသူ
   ဖုန်ထူထူလမ်းအိုထက်မှာ
   သူမျှော်ရှာ , လာခဲ့တော့ကွယ်
    တွယ်ငင်လို့နွေကြိုးမျှင်ရယ် ၊

   လွမ်းပွင့်ချွေ လွမ်းရွက်ကြွေကာ
  မြေအိုမှာတည်ငြိမ်ဆွေးရင်း
   တလွှာလွှာပွင့်ချပ်ကြွေ
    တင့်တယ်လို့မလှခဲ့ချေ  ၊

 မျှော်လင့်စောင့်ချိန်မှာ
 သူဝင့်ကာလှမ်းလာရင်
  ပျော်နေမိမှာ အမှန်ပါ ၊ ၊ ။

ညမင်းကြယ်တံခွန်

လင်းတခေါ်သံ

လင်းတခေါ်သံ

   လေပြေသွေး ငယ်နုဆင်ကာ
   ယိမ်းလိုက်ပေါ့ . . တဘဝတခါ
   ပိုကျန်တဲ့  အလွမ်းနဲ့
   ငိုကာရှိုက်ခဲ့မယ် . . . .
   ပထဝီရေ . . သူငိုနေတယ် .

  ဆောင်းညမှာ လရောင်ဖြာစဉ်
   ခဏမှေးကာ  သူအိပ်စက်ရင်း
  တဘဝဝေးမှာ သူမသိတော့
 တုန်ရီစိမ့်ကာ  မောင့် ထွေးထားမယ်
 ချစ်သူပါးပြင် မြေပြင်နမ်းမှာစိုးမိတယ်

    လှပတဲ့ မောင့် ရင်ထဲမှာ
       စံပယ်စီကုံးကာ
    လှပတဲ့ မျက်ရည်နုတွေ
       တသွင်သွင်စီးစိမ့်တော့
  ပျို မေရေ. . စံပယ်မျက်ရည်ပွင့်ခဲ့ပြီ ၊

ညမင်းကြယ်တံခွန်

တပါးတရပ်

            တပါးတရပ်

     မိုးစက်နုတွေ မြေမခတော့
  ကြွေကာကျတဲ့  ရော်ရွက်လွန်
      လင်းတသံ တဆာဆာနဲ့
  တနာနာဖြစ်တဲ့  အတွင်းဒဏ်ရာ
      တမ်းတကာ  ညအခါခါမှာ
  ချစ်သက်လျာက . . မကြင်နာပြေး
       အို . . . ဘယ်ဝယ်ဆီဝေးးး

   ထွေပြားမှု့နဲ့ ကြေကွဲနေလျှက်
   တွေးဆချီသော ညလယ်ဦးမှာ
      ဘဝကိုနူတ်ခွန်းဆက်ကာ
  လ နှင့် ကြယ်ရောင် အရိပ်အောက်
  ခြေတလှမ်းခြင်းရဲ့တဖဝါးပျောက်
      ရင်တွေပူလောင်ခြောက်
        အို . . ပျော်ရွှင်ခြင်းတွေ
  ဘယ်ကမ္ဘာက  သိမ်းပိုက်သွားလဲ ။ ။

ညမင်းကြယ်တံခွန်

ဓားတစ်လက်ရဲ့သတ္တိ

 ဓားတစ်လက်ရဲ့သတ္တိ

 နွေ ဝင် / မိုး ဆုတ် /ဆောင်းချီတက်
 ရာသီသုံးခွင်အချိန်ဇယားခတ်
ကာလကူးနှောင်းပြောင်းလဲကာ
 လှုပ်ရှားရင်းဖြင့်နေဝင်လာ
 အိပ်စက်မှေးပေါ့ , တရေးရေး
 သွေးအုံးမယ်ကွဲ့ , တရေးရေး
 စိန်တောင်ခွင်းမယ့် ရွှေဓားတလက်
    ငွေရောင်ပတ္တမြားလဲ့

            သံချေးကိုဖယ်ခွာဖြုတ်ဖို့
           စံမြကျောက်ပေါ်သွေးကာတင်
           ထုံသင်းရနံ့ရွှင်
           ဘဝ သံချေးထုထစ်ပြန်သွေး
           ရူပအလှကိုပိုက်ကာထွေးမယ်
           လင်းနီကာ နေစထွက်တော့
           ထင်းလို့ရယ်တဝင်းဝင်းပေါ့

  သတ္တိ / ဇွဲ / မာန်ဟုန်မြင့်ရင်
     စကြာဝဠာတစ်ခွင်
      မိုး , မြေမဟာကို
 ကိုင်လှုပ်ကာ စိန်ခေါ်ထွင်းမယ်
 ဤမြေလွှာ တောက်ပစေသတည်း ၊

ညမင်းကြယ်တံခွန်

ဤသစ္စာ

             ဤသစ္စာ

       တပင်ပေါ်ယှက်
       တဆင့်ခတ်ကာ
       တသက်ရင်မှာ
       တမျိုးသာရှိ
       တဘဝ၌
       တယောက်ဦးသူ
       တပါးတူစွာ
       တယူမတိမ်း
       တသက်အချစ်
       တဘဝသစ္စာ
   သံယောဇဉ် . . သံသရာမှာ
        တဦးသူနဲ့
 ပြန်ဆုံပေါင်းဖက် . . ပြည့်စေသား ။ ။

ညမင်းကြယ်တံခွန်

ရက်စက်မှု့အရှူံး

ရက်စက်မှု့အရှူံး

 ရေပြင်ကိုငေးကြည့်မိတယ်  .  ရင်ခွင်မှာ ဒဏ်ရာဆေးချက်က မလှပတော့  ဒီရေပြင်ကလဲ  မဖွေးကြည်တော့ပါဘူး . . .  လရိပ်အောက်မှာ  ထိုင်ချင်ရင်   ညရိပ်ပဝါကို ခြုံထားမှ ရလိမ့်မယ် . . . . တို့သိပါတယ်  မင်းအချစ်ကို ရရှိပြီးရင်
မင်းရဲ့အမုန်းကိုပါ  တစ်နေ့နေ့မှာ ရရှိလိမ့်မယ်လို့ပေါ့ . ဒါပေမယ့်  ကြင်သူ
  ရက်စက်မှု့အမုန်း ဆိုတာ  တချိန်ချိန်မှာ
အရှူံးဖြစ်လာနိုင်တယ်နော်  . . . . . . . . . .


ညမင်းကြယ်တံခွန်

မနေ့ကချစ် ယခုတော့ပစ် ဖြစ်ရတဲ့အဖြစ်

မနေ့ကချစ် ယခုတော့ပစ် ဖြစ်ရတဲ့အဖြစ်

* ပျော်ရွှင်ခဲ့သောမနေ့အချစ်
    မေတ္တာရွှေရည်အနှစ်

* ငိုကာလမ်းခွဲဒီနေ့အဖြစ်
    ရှိုက်ငင်ချီကာပစ်

* ပြောင်းလဲရက်ရှည်ဒီဘဝအဖြစ်
    ဟောင်းအိုခဲ့ရင် ပြောင်းတဲ့အသစ်
    လူ့သဘောမေတ္တာ ရွေ့လျှား - ချစ် ။ ။ ။

ညမင်းကြယ်တံခွန်

အလွမ်းရူး

    အလွမ်းရူး

     ရေ ၊ မြေလေးရယ်တခွာခြား
     လွမ်းလိုက်ရတဲ့နေ့ရက်များ
     မျက်ရည်ဦးရေပြင်လေးဖြစ်လို့သွား

       အနေဝေးသူသွေးပူပူ
       ဆွေးထူထူအတွေးတပ်တော့
       လွမ်းတိုင်းငိုလို့ ညတွေအို

        အလှမ်းကွာတော့ အနမ်းဝေးခြောက်       တိမ်တိုက်ရောင်စုံတဖြန့်ခင်းတော့
         တစ်နေ့ထက်တည  ပိုမိုကာထူး
             မောင့်ဟာ အလွမ်းရူး

ညမင်းကြယ်တံခွန်      

အချစ်--နှင်

         အချစ်--နှင်

 ကိုယ့်ရဲ့အပြန်လမ်းမှာ
စမ်းရေတွေခမ်းခြောက်
မရောက်နိုင်တဲ့ခရီးတလျှောက်
မလှပသော ဘဝတည်ဆောက်ခဲ့ပြီး
မညောင်းတဲ့ ခြေထောက်က
မပန်သင့်သော ပန်းတစ်ပွင့်အတွက်
ဝေး ဝေး ပြေး နှင်ခဲ့ပြီ ။ ။ ။ ။

 ညမင်းကြယ်တံခွန်

မွန်းတည့်လေညင်း( လေပြေ )

    မွန်းတည့်လေညင်း( လေပြေ )

မွန်းတည့်လေပြေ
ဆုံရာမြေ
ဖွင့်ချွေခဲ့သော  ဒေစီပန်း
ဒီတသက်အချစ်ကမလန်းဆန်း ၊

သစ်ခေါက်ဆုံဆွေး
ချည်ဆက်ထေး
မနှေးပုံရိပ်  ပြောင်းရွှေ့ပြေး
ဒီတသက်နယ်နမိတ်ဝေး ၊

မွန်းတည့်လေညင်း
ရှေ့ချီ ရင်း
မနက်ခင်းကို  ကျောကာထွက်
ဒီတသက်အချစ်အတွက်
ကဗျာတွေစပ်ခဲ့ပြီ ။ ။ ။

ညမင်းကြယ်တံခွန်

ကြယ်ကညာ

          ကြယ်ကညာ

ကနုတ်ထွင်သလိုအဟုတ်ထိုးလိုက်ပါ
ညတစ်ညရဲ့အလင်္ကာ
ဘဝတစ်ဘဝရဲ့စေသနာ
ကဗျာ ကဗျာ ကဗျာ
သက်ဆုံးတိုင် ရေးဖွဲ့စပ်မည်
တချက်မတုန်သော ဒီလက်နှစ်ဖက်သည်
အသက်ငင်ပါစေ ပေးစွမ်းရိပ်ကြည်
နောက်ဆုံးခရီးကိုချည်
တမလွန်ကိုမှီကာနေရင်း တည်နေမယ့်
ကိုယ့်ကဗျာ ကဗျာ ကဗျာ
ဖိုးလမင်းမဟုတ်တဲ့ ညရဲ့ကြယ်တံခွန်ပမာ
မင်းအတွက် ဝေဝေဆာဆာ
လင်းခြည်နုများဖြာသွားမည်
အို . . . ကြယ်ကညာ ။ ။ ။ ။

ညမင်းကြယ်တံခွန်

ချည်ထားမရတဲ့ခန္ဓာ

      ချည်ထားမရတဲ့ခန္ဓာ

           မြေပဝရံ   ၊  ရွှေမြစံလို့
 သက်တံလှိုင်းစီး  ၊ ကြို ခရီးစဉ်
မျှော်ပြီးစောင့်ကာ ၊ လာပါ လာပါ
ရင်မှာဆင်းကြွေခပါ ။

ခြောက်သွေ့စွေ့ခုန် ၊ ညည်းသွဲ့မှုန်စွာ
        မှိုင်းသုန်ပမာ    ၊ လွှမ်းခြုံကာရံ
        မှန်းပုံရိပ်ယံ      ၊ ခတ်ထံလူးရင်း
ချစ်ချင်းမေတ္တာပျောက်လှ၏ ။

   ဆွေးဖွဲ့သံမြည် ၊ ထွေးရစ်ချည်မှီ
လွမ်းစည်တီးချွေ  ၊ ပုံရိပ်နွေမှ
စုကြွေသက်ဆင်း ၊ ထွေခင်းစီကာ
ဒဏ်ရာပြည့်နှက်လေခဲ့ပြီ ။

   တွေးစရိပ်ဖြန်း  ၊ ရောင်ဝါသန်းစဉ်
မျှော်မှန်းလွင့်စင်  ၊ ကောင်းကင်ဆီသို့
ဝေးလို့ဆွေးရပြီ  ။

 ဖြေမဆည်သာ ၊ ရင်ခွင်မှာနင့်
ပြေးကာအချစ်   ၊  နွမ်းနွံ့နစ်လို့
ပိုင်းထစ်လေခဲ့   ၊ ပြတ်တဲ့ကြိုးဆက်
ရက်စက်ချည်ခဲ့တယ် ။

    တမာငယ်သွေး  ၊  မေတ္တာထွေးရင်း
တိုက်ကြွေးလေသူ ၊ ထိုဤလူတို့
       ပေးယူမျှကာ   ၊ ဆွဲဖြုတ်ခွာလို့
       ဝေးခြင်းသို့ဖန် ၊  စေတန်အဖျက်
ရိုက်ချက်ကြမ်းလှ၏ ။

 ရှို က်ပြင်းလှုပ်တုန် ၊ မြေစိုင်ဖုန်တွေ
      ဖြန့်ခုန်အုပ်ပြီ    ၊ လွှမ်းပန်းချီရေ
       ညွှန်စေရပ်မှာ  ၊ နေသာနေခဲ့
ချစ်တဲ့သူ့အတွက် အသက်စတေးမယ်

   ဘဝတကွေ့  ၊ တသက်ရွေ့လဲ
ဖျောက်မေ့မရ   ၊ ခြောက်သွေ့လှတဲ့
ကိုယ့်ရဲ့ဒဏ်ရာ
 ကုဋေကုဋ္ဌာသင့်လေပြီ ။

 ''ဝေ''ရယ်မှန်းရွယ်  ၊ ပန်းစီချယ်ခင်း
လမ်းသွယ်ထက်မှာ ၊ ပွင့်စေကာကျဲ
   လှမ်းလာခြေလွဲ    ၊ ရက်စွဲကြွေကွဲ
ဆုံခွဲခွာမျက်ရည်ပွင့်လေမြဲ  ။

       ကြူးရင့်သီပါ  ၊ ငှက်ကျေးဝါတို့
အော်ကာအော်ဆို ၊ ဆွေးစိတ်ပိုလို့
ပျက်ပြို ဆောက်တည်မဲ့နေပြီ ။

         တဲအိုပမာ  ၊  လွင့်အခါခါ
   လေဖြာပင့်လို့  ၊ ပါရာသို့ယိမ်း
ဆွေးမြေ့မှိန်းရင်း ၊ ဝေးချင်းပုံရိပ်
နမိတ်မြင်မိတယ် ။

အတိတ်ကြွေငယ် ၊ အလွမ်းကြွယ်ရုပ်
ပွေ့လွယ်ထုတ်ပိုး ၊ ရင်ခွင်မိုးသား
သွန်းဖြိုးစေပါး       ၊ ညို့အားပြင်းရှ
ဒီညမရှု့မလှဖြစ်ချေ၏ ။

 ယုယနမ်းချွေ  ၊ ဆင်းသက်လေသော်
မောင့်''ဝေ''ကညာ ၊ ရင်နာကွဲအက်
အသက်ထပ်လျှက်၊ ပေးဆပ်လိုက်မည် ။

  မနှေးဆုံမယ်  ၊ သွားနှင့်ကွယ်လို့
နူတ်ရယ်စကား ၊ အသဲဖျားက
ဖွင့်ကြားလေသံ ၊ သူ့ထံစေပါး
မှာထားခဲ့လေသည် ။

 ဒီ ''နေ'' , မီးဖို  ၊ လှူံ ကာခိုရင်း
 ရွေ့အိုလို့လာ ၊ ခန္ဓာတပါး
ချည်ထားလို့မရဒီသဘာဝပေါ့ '' ဝေဝေ ''

ညမင်းကြယ်တံခွန်

ကိုယ်ပြန်မဖတ်တတ်တဲ့ကိုယ်စာ

ကိုယ်ပြန်မဖတ်တတ်တဲ့ကိုယ်စာ

ကိုယ့်အိမ်မက်ကမ္ဘာငယ်ထဲ
ခဏ ခဏဝင်လာလေမြဲ
မိန်းကလေး - မင်းဘယ်သူလဲ .

ကိုယ့်အရိပ်နောက်ကွယ်မှာ
ခြေရာကြီးထပ်လိုက်လာ
အသင်ဟာ ကျွန်တော်ခြေထောက်မဟုတ်ခဲ့ပါ .

ကိုယ့်နေတဲ့အိမ်ထဲ
မဖိတ်ခေါ်ပဲကြွလာလို့
မနှင်ထုတ်နိုင်တဲ့  ဧသည့်
ဒီသံသရာကို လည်ပတ်စေခဲ့တယ်. . .

ညမင်းကြယ်တံခွန်

အချစ်ပဝရံ

             အချစ်ပဝရံ

ပျိုမေရေ
တစ်ကြိမ်နွေဆင်းလို့
တမှိန်မှိန်ဖြစ်ကာ
တလိမ့်လိမ့်ကျရတဲ့
ရွက်ခြောက်ပွင့်တွေ
စမ်းရေအပေါ် ဖြတ်သန်းပြေးနေ
ခဏလာပါအုန်း - - _ - ပျို မေ ,

ပျို မေရေ
ရင်ခွင်ထဲခိုမှီနေရင်း
ရုတ်တရက်ဘုံပျောက်
နူတ်ခမ်းနုခြောက်တွေက
လမ်းခွဲစကားဘက်ရောက်ကာ
ကျောခိုင်းထွက်သွားတဲ့ ဒီရင်ခွင်သို့
တစ်ကြိမ် တစ်နွေ  တစ်ခါဆင်းလှည့်ပါလို့
အချစ်ပဝရံ ထောင်ချီပါစေ , , ,

ညမင်းကြယ်တံခွန်

သိမ့်တည်းတုန်စေ

           သိမ့်တည်းတုန်စေ

မွှေးညင်းမြက်သား ၊ လေဖိအားများ
     တိုက်စားခံရင်း  ၊ ရှင်သန်ခြင်းဖြင့်
        အားစွင့်အုံခဲ   ၊ ဖြန့်ကျဲဝေ့စွာ
     မြေလွှာကျောရိုး တွန်းဖြိုးစေနိုင်ပြီ ။

      မုတ်သုံဇုန်မြူး  ၊ ဝေ့ရမ်းလူးခတ်
    အထက်ဖက်သို့ ၊ အမြစ်စို့ဖျက်
ယိမ်းရိုက်ခတ်ထန် ၊ လေဆန်အံတု
ဟန်ပြုနမိတ်တည် ။

           အုံခဲစုစီ   ၊  တွန်းအားညီလို့
  မြေပေါ်သို့ထင် ၊ ပေါင်းစုဆင်ကာ
မြေလွှာကမ္ဗည်း  ၊ သိမ့်တည်းတုန်စေ
ဖွင့်ဖောက်ထိုးထွင်းစေသတည်း ။ ။ ။

ညမင်းကြယ်တံခွန်

လက်စုံဝိုင်း

 လက်စုံဝိုင်း

နေမဝင်ခင်အလျှင်သုတ်လို့
မောဟိုက်စွာထင်းချောင်းစီ
မီးထည့်ရင်းတည်
လေဟပ်လို့သွေးချီ
ရဲရဲတောက်ခဲ့ပြီ
စုံလင်စွာချက်ပြုတ်ရင်း
အနောက်လယ်ပြင်မှကန်စွန်းရွက်ခင်း
တမျှင်မဟုတ်တဲ့ ချည်ထုံးပွေ့ခူးရင်း
မြေအိုးထဲ ရေထည့်ပြုတ်ကာ
အမေမှာ - အိမ်သားတွေမျှော်ရှာ
နေနီညိုးလို့သာ
အနောက်သို့ ဦးတည်ထွက်ခွာ
အိမ်သားတွေပြန်ရောက်တဲ့အခါ
ပြုံးပျော်သော ထမင်းဖွဲ့ရင်း
အလယ်ဗဟိုမှာ ကန်စွန်းရွက်တည့်ခင်း
ယူဆောင်ကာ ငါးပိကျဲကျဲစမ်းရင်း
မေမေရဲ့လက်စုံထမင်းပွဲ
ဗိုက်တင်းဖို့ ကျွန်တော်တအားနွှဲလိုက်မယ်
မေမေ ။ ။ ။

ညမင်းကြယ်တံခွန်

နိုးထသော်မနက်

        နိုးထသော်မနက်

 မနက်နေမင်းရောင်ငယ်ခေါ်
 ရှင်သန်ဝမ်းရေး ပြိုင်တူလှော်
 ထပါ . . ထပါ . . ထပါ
အလင်းစိတ်ဓာတ်
ရောင်ခြည်ဝင်းမွတ်ထွက်
ပုန်းအောင်းနေတဲ့ စိတ်အားငယ်
တွန်းလှန်ဖျောက်စို့ကွယ်
ဖဝါးစိတ်စိတ် ချီကာလှမ်း
တစ်နေ့ထက် တစ်နေ့ အောင်မြင်ခြင်းတခြမ်း
အလုံးစုံဆိုက်စေမြန်း ။

ညမင်းကြယ်တံခွန်

ခွင့်ပြုခဲ့ပါ

                     ခွင့်ပြုခဲ့ပါ

 မှုန်နံ့သာ
 ရွှေရည်ဝါ
 ပါးပြင်ထက်မှာ
 တင့်လှလေခဲ့တာ
ဖွေးဖွေးသင်းမြိုင်
သနပ်ခါးသွေးလူးလို့သာ
နေရီချမ်းမှာ ရနံ့မွှေးကြိုင်စေခဲ့ပြီ ၊

    ပါးကွက်ကြား
   ပါးပြင်ထက်မှာတင်ထားလို့
   လွှားကာ လွှားကာ
   ပွင့်နုပန်းသဇင်ကညာ
 ထွင်းထွက်လာသော ကြယ်စင်တသိုက်
  ဝေ့ဝိုက်ကာ စီသွယ်ဖူးလို့
ဖိုးလမင်းကြီးရေ - ခွင့်ပြုခဲ့ပါ ။ ။ ။

ညမင်းကြယ်တံခွန်

မဝေးရဲဘူးအချစ်

မဝေးရဲဘူးအချစ်

အလှမ်းဝေးတဲ့အချစ်နယ်ပယ်
မခံစားတတ်ဘူးအချစ်ရယ်
အဆွေးခက်တဲ့ညအလယ်မှာ
ကိုယ်မငိုချင်ဘူး - ရင်ခွင်ကညာ ၊

တနယ်တကျေးက ချစ်သူရယ်
တကယ်မဝေးဘူး ကတိပေးတယ်
တစ်ယောက်အပြုံး တစ်ယောက်ချယ်ကာ
အလွမ်းရက်တွေကို ကျော်ဖြတ်ကြမယ်  ။ ။ ။

ညမင်းကြယ်တံခွန်

ဒီနေ့

ဒီနေ့

 ယဉ်ယဉ်လေးချော
 ပိုပိုကာမပြောတတ်တဲ့
 တို့အသဲနူတ်ဖျား
ဒီနေ့ , မင်းအရမ်းလှပါလား ၊

ညင်ညင်သာသူ့ခြေလှမ်းလေးက
ရင်ခွင်မှာလိုနေတဲ့ အကြင်နာဆေးတစ်ခွက်ပေါ့
    ဖြည့်စွတ်လို့ပေးလှည့်ပါ
ဒီနေ့ , အလှသစ်ထူးကဗျာ ။ ။ ။

ညမင်းကြယ်တံခွန်

ရင်ခုန်သူမို့

ရင်ခုန်သူမို့

အရောင်များလင်းလဲ့လို့ပေါ့
မီးတခဲရဲ့ အနီရဲရဲဝင်းဖြာဟပ်လို့
ထီးတစ်လက်မိုးထားပေးမယ် --ချစ်သူ

မငိုပါနဲ့လို့  ပြောချင်ပေမယ့်
 . . . မျက်ရည်က  မျက်လုံးထဲကလား
  . . . ရင်ထဲကလား
မသေမချာအတွေးတွေက
သဏ္ဍာန်မပါသလိုပေါ့ . . ဖမ်းဆုပ်လိုက်ရင် အဆင်းမဲ့သွားမှာ စိုးရိမ်မိတယ် …

မေ့ပြီလားလို့ မမေးရဲဘူး
ကျိုးတော့မယ့်တံတားတခုအပေါ်
ဖြတ်နင်းလျှောက်ရသလိုမျိုးပဲ
တကျွီကျွီ နဲ့အသံထွက်ရင်တောင်
ကိုယ်က  ရင်ခုန်တတ်သူပါ --ချစ်သူ

ညမင်းကြယ်တံခွန်

ဆူးဥယျာဉ်

ဆူးဥယျာဉ်

ဒဏ်ရာတွေ ရင်မှာမလှလို့
ချန်ခွာသူကျကျန်ခဲ့တဲ့
ဆူးခတ် လွင်ပြင်
ကောင်းကင်ပေါ်တင်ခဲ့တယ် ။

ပြောင်းလှန်ကုန်ပြီ …
ဆောင်းပန်းချီ  နွေအသွင်ဝင်လို့
လေပြေညင်း မိုးဦးကျဆင်း
စီခင်းထားတဲ့ ဆူးနမိတ်တည် ။

 အေးမြနေတဲ့ မိုးစက်အလီလီ
ကိုယ်ပေါ်ညီညီစီရင်း
 ကြွေခဲအောင် ပင့်သက်စေ
 လေနုထွေး တဟုန်ဝင်ခဲ့ပြီ ။

 အသင်ပေးခဲ့သော
 ဆူးဆိပ်ဒဏ်ရာတွေကို … … …
ကျွန်ုပ်ရင်မှာ
အမြဲရှင်သန်အောင် .…
အခွင့်အခါကြုံ လျှင် ….
 အားစိုက် ပျိုးဆောင် ပေးပါ ။ ။ ။

ညမင်းကြယ်တံခွန်

ချစ်သူ

ချစ်သူ

 နေ့စဉ်တိုင်းမင်းကိုမြင်လျှင်
 အသဲနီးစပ်ချင် . . . .

 မြင်လို့သာမြင်
 မကြင်နာရသူရင်ထဲ
 အချစ်တွေပွကြဲလို့ . . အစဉ်
 ကောက်ယူရင် ကြွေခပေးမယ်
 တို့ရင်ခွင်ကို အချစ်ပန်းဆင်မှာလား
 သင့်အားမေးချင်တယ်  ချစ်သူ  . . . . ,

 အတူတူလမ်းလျှောက်ကြရင်း
 ကိုယ့်ပခုံးထက်  မင်းမှီလို့
  ချစ်သူလဲမဟုတ် . . . . .,
  ချစ်ပန်းဆင်ရင် ဖြုတ်ခွာတတ်တဲ့
  အပြုံးလေးနဲ့ နှစ်သိမ့်ခဲ့သူ
  ကိုယ့် . . ချစ်သူ . . ,

 နှင်းထူထူမှာ  ရင်တွင်းကပူ
 အကြင်နာတွေ ဆူအုံကြွလို့
 မြင်တာကို  မရှု့မှတ်တတ်တော့
 ထင်သလိုသာ  ထင်ပေါ့  ချစ်သူ
  ဒီနေ့ကစပြီး  . . . မင်းက , , ,
          "ကိုယ့်ချစ်သူ "

ညမင်းကြယ်တံခွန်

ညောင်မုတ်ဆိတ် ( ၂ )

 ညောင်မုတ်ဆိတ် ( ၂ )

 လွမ်းငွေ့ဖွယ် . . .
 အမွေးဆွယ်တဖါးဖါးကျလို့
 ငှက်နူတ်တိုရဲ့တွန်သံချို
 ဤ ညောင်မုတ်ဆိတ်မှာ တခါဝင်ခို
 အခုတော့ . ဘယ်မလဲ  ငှက်နူတ်တို ။

  ဟင်းဟာပြင် . . . .
  ဆင်းတတ်လိုက်နဲ့ရာသီသုံးခွင်
  မနှစ်ကပင် . . . မိုးသက်ပြင်းလို့
 ကျိုးပဲ့ကာ  ငှက်နူတ်တို
  လှူံ ခြုံ စွာ  ဤအရိပ်မှာခိုပြီး
  အခုတော့ . . .  မင်းက
  လေလွှာစီးလို့ . . . . . ,
  အာကာပြင်မှာ အဖော်အသစ်တွေ့
 သြော် . . . မေ့မရ
  မော့ကာပြုံးမရ . . ,
 ညောင်မုတ်ဆိတ် နဲ့ ကိုယ့်ဘဝ ။ ။ ။

ညမင်းကြယ်တံခွန်

ဇာမဏီလူသား ( ၂ )

ဇာမဏီလူသား ( ၂ )

 ပုံပန်းချီ အသက်ဝင်
 စုံညီသောအစွမ်းရှင်
 တုန်ခါသော မြေအလျှင်
 လေဆန်များစွာ ဖြိုခွင်း
 ညင်းလေပြေရနံ့သင်း
ထွင်းအောင်နိုင်သူ တင့်လေမင်း
  အမှောင်ရိပ် ခြေတစ်သန်း
  အလင်းပေးစွမ်းဖို့ … … …,
  ကျော်ဖြတ်လှမ်းရင်း ...
   ပုံပန်းချီအသက်ဝင်
   ဇာမဏီငှက်အသွင်
ကိုယ်လိုရာကို  ကိုယ်ဖန်ဆင်းပေါ့
ကိုယ်ကသခင် ။

  ညမင်းကြယ်တံခွန်

ဘဝအစာအိမ်

ဘဝအစာအိမ်

 သံစဉ်ကောင်းကောင်း နားထောင်တတ်ဖို့ဆိုတာ
ရင်ခုန်သံမှန်မှန်လေး  ဖြစ်နေဖို့လိုတယ်
မနေ့ကခြေရာတွေက  မသန်စွမ်းတော့ပေမယ့်
ဒီနေ့စီးတဲ့  ဖိနပ်ကြိုးက ခိုင်မာနေလို့ပေါ့ … … …

တနေဝင် တနေပြန်ဝင်ရင်းနဲ့
စီးထားတဲ့ဖိနပ်က ပါးပါးလာခဲ့တယ်
အော် . ဘဝကအစားကြမ်းတယ်ဆိုပြီး
လောင်းထည့်လိုက်တယ် . . . .
ဘာတွေမှန်းတော့မသိဘူး … … … ဒါပေမယ့်  ကိုယ်ကတော့  တဖြည်းဖြည်း
   အိုမင်းလာခဲ့တယ် ။ ။ ။

ညမင်းကြယ်တံခွန်

ချစ်ကြင် / ရစ်ငင်

ချစ်ကြင် / ရစ်ငင်

စေသနာပန်းများ ပွင့်လန်းသလို
နွေတစ်ရာအလွမ်းများ မထိုးစိုက်ချင်
တကယ်ဆို . . . ကိုယ်ဟာ
မင်းအတွက်အစဉ် ကမောက်ကမ မဖြစ်အောင်  ထိန်းညှိပေးနေတဲ့  ကျောက်ခဲလေးပါ …

သွားလိုရာ မြန်းဆင်အုန်းပေါ့
ထားသိုကာ ပစ်ခွာစေလဲ
အားငယ်စွာဖြင့် နေရစ်မယ့်သူ
တကယ်ဆို . . . ကိုယ်ဟာ
ကြယ်တာရာအဆူဆူကို ခဲလုံးနဲ့ပေါက်နေမိရင်း  ဦးခေါင်းထိပ်တည့်တည့် ခဲလုံးကျဆင်းလာမှ  ကိုယ်သိလိုက်တယ် … … …
ကိုယ့်အချစ်ဟာ  ကိုယ့်ကိုပြန်ရစ်ငင်ချည်နေလို့  အခုတော့  ကိုယ်လှုပ်မရတော့ဘူး ။

ညမင်းကြယ်တံခွန်

မြန်တဲ့ခြေလှမ်းမညီညာ

မြန်တဲ့ခြေလှမ်းမညီညာ

သည်းခံပါများရင်
လူတွေက စည်းကမ်းပျက်လို့
မထင်သလို  အပြုအမူတွေကို
ထင်သလို  '' ဝုန်းဒိုင်း ''
မြင်းရိုင်းတွေလို
အကျင့်ယုတ်လာတတ်ကြတယ် ။

စေသနာတွေကောင်းခဲ့ရင်
လူတွေက  တမျိုးထင်လို့
တချို့ ကတော့
တမျိုးပုံစံနဲ့
မကျိုးရုံမယ်  နင်းလို့ နင်းကာ
ရင်တွင်းမေတ္တာမပါတဲ့ . . .
စကားလုံးလေးတွေနဲ့
တွန်းပို့တတ်တဲ့ '' မရဏ''ဆိုတဲ့
ချောက်ကြီးထဲကိုပေါ့ ။

 ချစ်တာတွေ သူသိခဲ့ပါစေ
 သူပစ်ချင်  ပစ်ခွာတတ်လို့
 မေတ္တာသဘောထားတွေကို
သူမသိအောင် ဖော်ထုတ်ခဲ့ပြီး
 တိတ်တိတ်လေးနဲ့ … …
 တကောင်းကင် အောက်မှာ
 နေပါစေ , , ,

ညမင်းကြယ်တံခွန်

ရင်နာရတဲ့စကြာဝဠာ

ရင်နာရတဲ့စကြာဝဠာ

 ခံစားမှု့တွေ ရင်၌ရှိတော့
 စံစားပါရစေ . . တသက်လုံးပေါ့ ။

 ယောင်ချာချာအတွေးတွေက
 ဘောင်ခတ်ထားတဲ့ သံယောဇဉ်ကို
 မိန်းမောစွာ  ပွေ့ပိုက်ချင်သူ
 အချစ်သူရဲကောင်းဆန်ဆန်
 ကန္တာရကို ပြောင်းပြန်လှော်တတ်ချင်တယ် ။

  နေရမယ့်ကမ္ဘာ့က အဆွေးကမ္ဘာ့
  ရှူ ရမယ့်လေက အောက်ဆီဂျင်မပါ
  မင်း -- စွန့်ပစ်ခဲ့တာ . . . .
  အခုဆို  တစ်မနက် နဲ့ စကြာဝဠာ
  မြင့်အာကာ တိမ်ထပ်တလွှာ ။

 လေတိုးသလို ခြေထိုးငင်သံ
 ဆူညံညံနှင့် လောကကဗျာ
 ယှက်ဖြာသော အမြစ်ခေါက်
 ပင်ခြောက်တို့မှ ပွင့်လေပြီ ။

 ကြင်နာစွာ မနေရပေမယ့်
 ရင်တနာနာ ဝေဒနာအဖြစ်ကို
 သူ - သိခဲ့တောင် …
 သူ - ပြန်မချစ်နိုင်တော့လို့
 ယူဆောင်သွားတဲ့ ညနေလေညင်း
  ရှို က်သွင်းရင် ပါသွားခဲ့ရပြီကွယ် ။ ။

 ညမင်းကြယ်တံခွန်

ထားခဲ့မယ် ( ထားခင် )

ထားခဲ့မယ် ( ထားခင် )

ကြားခံတွေ ဘာမှမရှိလဲ
ထားခင်ရေ  ''မောင် ''သွားတော့မယ်

ကောင်းကင်က ကြင်နာသူကို
ဟောင်းလေတဲ့ တဲကုတ်က ''မောင် ''
ဘယ်လိုစွမ်းဆောင်လို့ . . . .
ချစ်ရမလဲ . . . သိရင်ဖြေပါ
ထားခင် . . . ,

မြေကြီးက ဂုဏ်မမက်ပေမယ့်
ရွှေထီးကိုမှ လူတွေကဆောင်းချင်
မင်းအလှဂုဏ်အင် . . ,
သိမ်းပိုက်မယ့် လူတစုလက်နက်ဆင်
မင်း… ငြင်းဆန်နိုင်မလား… ထားခင် ,.

 စုတ်ချာချာထရံကြားက
 ဝင်းဝါဝါ အလင်းဆက်သ
 ကြေမွတဲ့ခေါင်မိုးက
  မြင်ရတဲ့ စကြာဝဠာ
 ထွေးမရတဲ့ ကြယ်ကညာ
 မြင်ယုံလေးဖြင့် ကျေနပ်ခဲ့ရတာ ။

 အမြင်မှာ ဘာမှမခြားထားတဲ့
 ကောင်းကင်နဲ့မြေကြီး
 စေ့စေ့ကြည့်ရင် . . . . .
 နီးစပ်နိုင်မယ် ထင်ပေမယ့်
 တွေးတွေးကြည့်ရင် . . . .
 လေစိုင်ထု ခံရိုးဖွဲ့တားထားသလို
ထားခင် နဲ့ ကိုယ်တို့ကြား
အမြင်တွေ မခြားထားပေမယ့်
 အဆင်တန်ဆာက  ကွာခြားခဲ့တယ် ။

ကြားခံတွေ ဘာမှမရှိပေမယ့်
ထားခင်ရေ . . . .
'' မောင် '' ထွက်သွားတော့မယ်  ။

 ညမင်းကြယ်တံခွန်

ချစ်လွမ်းဝေ ( အလင်္ကာကဗျာ )

ချစ်လွမ်းဝေ ( အလင်္ကာကဗျာ )

ညိုလွင့်နုဆင် ၊ ပတ်ဝန်းကျင်မှာ
ဝေမှိုင်ညစ်လိမ်း ၊ မြောက်လေယိမ်းသွေး
ဝေ့တိမ်းကာလူး ၊ ကြည်နူးခြင်းများ
ဆီးတားဟန့်လေပြီ ။

စိမ်းနုကြိုင်ပွင့်  ၊ ရော်ဝါလွင့်ရင်း
နားစွင့်ကြားကာ  ၊ ချန်ရစ်ခွာလို့
သာယာဖြောင့်ဖြူး ၊ ဘဝကူးလမ်း
အေးချမ်းစမ်းရေသန့်စင်စေ ။

မြေပြင်ညို ညို   ၊ အုံ့မှိုင်းခိုဝင်
နွမ်းအိုလေပြေ ၊ ပင့်သက်စေကာ
ညင်းသာသာနဲ့ ၊ ပတ်ချာလှည့်ယိမ်း
လွမ်းစိမ်းဒဏ်ရာ မဖြေသာ ။

  အတွေးပင်သာ ၊ ပြိုကွဲစွာဖြင့်
   တုန်ခါလှုပ်ရှား ၊ ပင်ရင့်ဖျားမှ
တလွှားကြွေရင်း ၊ မြေပေါ်ဆင်းကာ
အဖြာဖြာဟောင်းမြေ့ပြီ ။
                                                 
တည်ရာပြောင်းရွေ့ ၊ ပူခြောက်သွေ့လို့
အောင်းမေ့မရ  ၊ စူးရှလှတဲ့
ပွန်းပဲ့ဒဏ်ရာ   ၊ အသဲမှာနစ်
ဆွဲခြစ်ရေးထွင်း နာလှသည် ။

        ဖွင့်ဟစကား  ၊ တိမ်ယံကြားထိ
လွင့်လွှားကာဟိန်း ၊ တိုးတိတ်မှိန်းနေ
ကိန်းအောင်းလွမ်းဝေ ၊ စိတ်တွေမချို
နေညို ပြီဆို ဆွေးဓာတ်ပို ။

ဒဏ်ရာဆူးပုံ  ၊ ရင်၌ငုံလို့
မငြီးလေသံ    ၊ သင့်ထံပါးမည်      
ရပ်တည်ပျက်ပျောက် ၊ အရောက်သူဆီ
စာစီမြန်းခဲ့ပြီ ။

ကျွမ်းလောင်မြိုက်စေ၊ကွယ်ရစ်နေမင်း
ကြွေလေပြင်းလို့ ၊ နောက်ဦးသို့ဝင်
  ရင်ဆို့မျက်ရည် ၊ ရက် ၊ လ ရှည်ခဲ့
ချစ်တဲ့တစ်နေ့ တစ်ရက် သူ့အတွက် ။

   ခိုလှူံ မှု့လွဲ  ၊ ညနက်ထဲမှ
မှောင်မဲတံခါး ၊ ဖွင့်ဟထားလို့
သူ့အားဆွဲရစ် ၊ ရုန်းမဖြစ်ခင်
ကျွန်ဝင်နစ်လေပြီ ။

သူ့အားပွေ့ဖက်  ၊ သွေးနာစက်တွေ
    ဝဲယက်ရင်မှာ  ၊ လိမ့်လူးစွာဖြင့်
       သူချန်ရစ်ခဲ့   ၊  သစ္စာခန္ဓာ
လွင့်ခွာဝေးလဲ မောင်ထွေးလျှက်သာ ။

 ပိတ်ကာရံရင်း ၊ အိပ်စက်ကြင်နာ
  တမြေမှာနေ  ၊ လေပြေခြားလဲ
ရင်ထဲကွင်းပြင် ၊ ခုန်မင်နှစ်သက်
မင်းလာခဲ့ချင်  လာခဲ့ပေါ့အစဉ် ။

ဘယ်လေညင်းဖြူ  ၊ ဘယ်လေညင်းမဲ
တို့အရိပ်ထဲ ၊ ဆုံးဖြတ်ဝေဝါး
လောကပန်းချီတွေက  ပြုစားခြင်းပဲ ။

 လမင်းအတွက် ၊ နေအကူဆက်
ဘဝအတွက် ၊ လောဘတွေဆက်
မြူ ခိုးထွက်သော ၊ စိတ်နယ်ဇောတွေ
အထွေထွေ မှုန်မှိုင်းခဲ့သည် ။

           ငရဲတစ်လမ်း  ၊ ဒုက္ခစမ်းရေ
သောက်သုံးကြွေရင်း ၊ ခရီးပြင်းနှင်
မမြင်မတွေ့ ၊ ကောက်ကွေ့လိမ်လမ်း
ခြေလှမ်းရစ်ငင် သံသရာချည်သောစခန်း ။

  မျက်ရည်လှိုင်းအုံ ၊ အဖုံဖုံလွှမ်း
သောကလှန်းတင် ၊ မြေတခွင်၌
ခြေလျှင်အဆုံး  ၊ တသက်လုံးစို
ရှိုက်ငိုခံပြင်း
 ဒဏ်ရာတွေတောင်လိုပုံဆင်းခဲ့တယ် ။

စိတ်နာကျင်လျှက် ၊ မိန်းမောယှက်ရင်း
သက်ဆင်းညှာကြွေ ၊ ဘဝကိုခွဲ
ညိုမွဲကောင်းကင် လွင့်စင်ကာကွယ် ။

မှန်းရွယ်ခြင်းများ ၊ တိုက်ခတ်စားနေ
ယူစေ ယူဆောင်၊သူယောင်လို့တမ်း
အကန်းနေ့ရက် ကျော်ဖြတ်လွန်ပြီ ။

       အနာတရ  ၊ ကျွမ်းခဏနဲ့
  ဆူးလေတဲ့ဆူး ၊ ပွင့်ဖူးထိုးထွက်
ဟက်တတ်ကွဲခဲ့ ၊ မနက်တစ်ရက်
တသက်တည ရှည်ပြင်းလွန်းတယ် ။

အချစ် -- အချစ် ၊ နွမ်းစုတ်နစ်ကာ
ပင်လယ်ပမာ  ၊ ကူးဖြတ်မိသူ
ဒဏ်ရာကဗျာ  ၊ ဝေဆာနေသည့်
မွန်းတည့်အချစ် အပူရှိန်အလွန်မြင့်ခဲ့ ။

အတူတကွ  ၊ ပေါင်းလောင်းဆွလို့
ပန်းတခင်းဝယ် ၊ ပျော်ခဲ့တယ် , ဝေ
မကြွေလင့်ချိန်  ၊ အပြုံးထိန်ထိန်
ဝင်းရှိန်လင်းလဲ့ခဲ့လေသည် ။

နောက်ဆုံးတပုဒ်  ၊ အလွမ်းပိုက်ရင်း
စာဖွဲ့ခင်းမယ်  ၊ ညိုဖျော့ပျယ်သော
ညနေနေမင်း  ၊ လ ရောင်းခင်းကာ
မနက်နေမင်း  ၊ ရောင်ဝါဆင်းကာ
အဝင်အထွက် ၊ ရှု့ငေးစပ်ရင်း
မောင့် ရဲ့ကဗျာ  ၊ ပွင့်လာသောပန်း
ညိုးနွမ်းခြောက်သွေ့  မေ့မရပြီ --
ချစ်လွမ်းဝေ  ။ ။ ။

ညမင်းကြယ်တံခွန်

ပိုလို့လွမ်းမယ်

  ပိုလို့လွမ်းမယ်

 အဖော်ဝေးကွာလို့
မျှော်ဆွေးရတယ် -- ချစ်သူ

သြော် …  အတွေးကလဲ
ဖော်ပြလို့မရတဲ့  သင်္ကေတဖြစ်လို့
ပျော်မြူးစရာ ရင်ခွင်မှာ
မင်းမှမရှိတာ ။

သြော် … အချစ်ရယ်
အဝေးနယ်မှာ  . . .
အတွေးပင်လယ်မဖြစ်ဖို့
မင်း . . . ဖတ်ဖို့စာစီ
ဒီကဗျာသည်  မင်းအတွက်ပေါ့ ။

အိပ်ရေးမဝလို့
လက်ရေးတွေမလှခဲ့ရင်
ခွင့်လွှတ် … … …
ဘာရယ်ကြောင့်မဟုတ် . . .
ကိုယ့် စိတ်ကူးထဲ , ,
မင်းက  ငုတ်တုတ်လာထိုင်နေတော့
မှိတ်မရတဲ့ မျက်လုံးက
ရက်ပေါင်း ( ၇၃၀ )ပေါ့ ။ ။

ညမင်းကြယ်တံခွန်

ညှိမရတဲ့အလင်္ကာ

  ညှိမရတဲ့အလင်္ကာ

လေဟုန်မှာပျံကာဝဲ
ပြန်လှည့်လို့နောက်တစ်ကြိမ်မလာနဲ့ . . ချစ်သူ

မောဟိုက်ကာတုန်ရီစွာဖြင့်
ကျောခိုင်းလို့ပြီးဆုံးခဲ့ပြီပဲ
အပူရုပ်ကြွေ  အငိုမျက်ရည်တွေ
သန့်စင်လို့ပြီးခါမှ . . .
ပြန်လှည့်ဝင်လာတဲ့ ဒုတိယကဗျာတပုဒ်က
ပထမကဗျာကို မှီနိုင်ရော့မလား
စဉ်းစားတတ်ရင် ပြန်လာမချစ်နဲ့ ။

ဟင်းလင်းပြင်မဟုတ်တဲ့ တို့အသဲနှလုံး
ခဲတစ်လုံးလို လွှတ်ပစ်ချ ပြီး
လေလွှာကို မင်းကခိုစီးလို့
ရင်နာနာနဲ့ တို့ဘဝခရီး
အကြိမ်တစ်ရာမက
အိမ်ပြန်မလှ  - မောနွမ်းလေသမျှ
လမိုက်ညနဲ့နှစ်သိမ့်ဖြေနေရတယ် ။

အချို မပါတဲ့ သဲပွင့်က
သကြားမဟုတ်တော့
အချိန်ကုန်လို့ . . . .
နေ့ရက်တွေသာ  ပုပ်သိုးသွားမယ်
ဆေးဖက်မဝင်တဲ့  ဒီပန်းချီတချပ်ကို
ပြန်လည်ထွေးဖက်ဆိုတာ …
အတွေးနှင့်သာ  သင့်တော်မယ်ထင်တယ် …
ချစ်သူ ။ ။

  ညမင်းကြယ်တံခွန်

အားငယ်တတ်သူ

အားငယ်တတ်သူ

ဟန်ရေးပြပြီး တုတ် ၊ ဓားမဆွဲပါနဲ့
မေတ္တာကြီးစွာ . . .
တည်ငြိမ်နေသော  ဒီကမ္ဘာကြီးထဲက
ကျွန်တော် - အသဲနှလုံး . . . .
 လိပ်ပြာလန့်တတ်လို့ပါ ။ ။ ။

ညမင်းကြယ်တံခွန်

တန်းဖိုးကုန်တဲ့ '' အချိန်''

တန်းဖိုးကုန်တဲ့ '' အချိန်''

ရွက်သစ်ကိုင်းက ပျော်မြူးလို့
ရွေ့ကူးခုန်ရင်း နောက်သို့ထွက် ။

ဝင်းမှည့်ကာနီ  ဝါရွှေရည်
ဝန်းပြင်ညီ၌  သေသပ်လှ
နေအဝင်ဆည်းဆာမြ ။

ညမင်းကြယ်တံခွန်

လေညင်းညင်းခြယ်

  လေညင်းညင်းခြယ်

     တိုးဝှေ့ကာ  ညင်းသွဲ့နေတော့
     ဖြာဝပ်ရိပ်နွေးနွေးထေး
      မူပန်ကြော့သွယ်ခြယ်  .

       ဖြူးဖြူးမော့  ဘဝင်ရွှင်ကာ
       ပြုံးသင်းကြိုင်  လေပြေနှောလို့
          ဝင့်သင်းထုံကြူ   .

       ကြိုင်တောလယ်သင်းရနံ့မွှေး
        မြိုင်မြင့်မူ တော်ဝင်ယမင်းသူ
        ပြုံးစကြွယ် လေညင်းခြယ်တော့
               တိုးကာဝှေ့လို့သွား   . . .

          ညမင်းကြယ်တံခွန်

ဆိတ်ငြိမ်လွှာ

             ဆိတ်ငြိမ်လွှာ

ဒာလွမ်းပြေ
ညို ညနေ
ဆွတ်ဖျန်းကြူ ကြူ  
 မွှေးနံ့သာနဲ့
လေညင်းဝင်တဲ့  . .    ပျိုးးတခင်း
အချိန်တော်မှီ     . .    မွှေးပါဘိလေး  ၊

        ညနေချမ်း
        ဆိတ်ငြိမ်လွှာ
         မှုန်ရီပြာပြာ
       ငွေမှိုင်းငယ်ဖြာ
 မှီရာတွယ်တာ   .  ဥယျာဉ်ဘုံမှ
 ပျို လေးခြေဆက်  . တဖက်သို့ ထွက် ၊

         ပြို ညနေ
       တိုတောင်းချိန်
        လေပြေငြိမ်ကာ  
        မုန်တိုင်းထန်လို့ 
တချပ်ခြင်းပဲ့   . .  ဥယျာဉ်ဘုံပျက်
ပြေးကာပြေးကာ  . .  အချစ်ပါးလွှာ

ညမင်းကြယ်တံခွန်

နေညိုရီ

  နေညိုရီ

   နေညို ရီ
ရွက်တံဖူးငုံ   မှေးစက်လျော်
  တောင်ပြာပြာ ဘယ်ဝယ်စခန်းဆီသို့
ချူို တေးသံလွင့်    ပျံသန်းရှာတဲ့
   ကျေးငှက်မင်းအပေါင်း
       ဖြတ်သန်းခရီးဖြူးပါစေ  .

     နေညို ရီ
ရှု့ခင်းသာ   မြင်ကွင်းအစုံ
ကြာပေါင်းတစ်ထောင်ကန်ကြည်ပြင်ထက်
  ပျို မေနှမ ရေခပ်ပြန်လှည့်
ဆည်းဆာအလှ ထင်ဟပ်စေခဲ့
  ဘယ်ခြေညာယိမ်း ပျို အလှဖွဲ့ .

နေညို ရီ
လေညင်းကွေးကောက်   သင်းရနံ့ရှာ
 ဒီလောက မွှေးကြို င်ကြို င်နဲ့
ဖွေးဖွေးသန့်ဖို့     တခါသွယ်တန်း
ပတ်ဖျန်းဝေ့စွာ    သင်းမြို င်စေလို့
 ဒီလောကအပူ    ငြိမ်းပါစေ  . . .

ညမင်းကြယ်တံခွန်

နေမွန်းတည့်

 နေမွန်းတည့်

  ကူးပြောင်းခါနှောင်း
     ဝင်လှည့်လာ  နေရာယူ
        နွေဦးပေါက်မို့   ရွက်သစ်ဆင်မြန်း
            ဤ၌  . . သစ်ဟောင်းပင်

    နေမွန်းတည့်လို့
       ရင်ဆို့နစ်မော   အေးရိပ်မှီရှာ
          နွေဦးပေါက်မို့   အရိပ်ရှင်းသန့်
              ဤ၌ . . အရိပ်ဖြေ

      စမ်းရေခမ်းသမို့
        အပန်းဖြေ   တေး .  သီတာ .  ကြူး
           နွေဦးပေါက်မို့   သူရောက်မလာ
               ဤသို့ . . မြန်းတော်မူ

ညမင်းကြယ်တံခွန်

ပန်ဆင်မြန်း

ပန်ဆင်မြန်း

မင်း ပန်ဖို့ရည်ရွယ်
ပန်းတွေဝယ်ခဲ့တယ်
ပန်းအလှစံပယ်
စံပယ်ပန်းစီကုံးသွယ်
ရနံ့သင်းကြွယ်လို့
ပန်မှာလားကွယ်
မောင့် . . . ပန်ဆင်ပေးမယ် ။ ။ ။

ညမင်းကြယ်တံခွန်

အတိတ်မီးတစ

အတိတ်မီးတစ

         နှောင်းကုန်ကူးပြောင်း
အတွေးဟောင်းဖြည့်  - လွမ်းလောင်းစွတ်ကာ
   ချစ်ရိပ်ကမ္ဘာ   -  မာယာယှက်လို့
        ရင်၌ဆို့ စို   -  တခါကူးတဲ့
           အချစ်ဟောင်းသစ္စာ  .

     ပျော့ပြောင်းကာတိမ်း
လေပြေယိမ်းလို   -  လွင့်ခြောက်ကုန်ခမ်း
တို့မှာတမ်းရင်း  -  ဖမ်းဆုပ်မိတဲ့
အချစ်မဲ့လေး   -  သဲ့ကာစိုပြီ
  အချစ်ဟောင်းအလွမ်းရေ  .

                    အတိတ်ဟောင်းက
        ချစ်ရေးကြောင်းဟာ  -  ဗြောင်းဆန်သမို့
                လွမ်းဦးကွဲ့လို့   -   ကြင်နာတေးရင်း
                 ရင်မှာမေ့မယ်  -  ကူးပြောင်းသူရေ
                  တို့အတိတ်ရင်မှာ မင်းရှိခဲ့တယ် . .

ညမင်းကြယ်တံခွန်

အခွင့်ကြုံ ခဏ

အခွင့်ကြုံ ခဏ

နမ်းဖူးတဲ့သူ့ပါးပြင်မှာ
ခမ်းခြောက်မကုန်တဲ့မျက်ရည်တွေ
ရစ်ဝဲနေတယ် ၊

မငိုလေတော့ သူ့ရှို က်ထစ်ကာ
သူပျိုးကျဲသော အပူလောင်စာတွေ
ရစ်ဝဲနေတယ် ၊

အာရုံမှာ  ခွာမရခဲ့တဲ့
သူ့ပုံရိပ်တွေ ယိမ်းကနေတော့
အလှမဲ့သော  မောင့်ရဲ့ဘဝဟာ
မျက်ရည်များစွာ  ရစ်ဝဲနေလေပြီ ။ ။ ။

ညမင်းကြယ်တံခွန်

ကြွေမိလွမ်းဖွယ်

  ကြွေမိလွမ်းဖွယ်

      ထူးလှတဲ့တညမှာ
  ကွဲပြားခွဲထွက်. . ပန်းတမာရိုး
မြတ်နိုးလေသူ . . ဆင်မြန်းပေးလို့
      ညွှန့်တလူလူနဲ့တက်ခဲ့ပြီ ၊

       မြန်လိုက်တဲ့အသဲ
     ဆွေးလှတယ် ချစ်သဲ
မင်းပေးသမျှ . . ဝေဒနာ
    ယုယစွာနဲ့ကြင်နာမှာပါ  ၊

        ပြောင်းလဲစွန့်ခွာ
        နေ့ရက်တိုင်းမှာ
        အမြဲပင်ဝင်လာ
ညိုး နွမ်းလာတဲ့ . . ဒီအလွမ်း
 နမ်းရှို က်စွာဖြင့် မြတ်နိုးပါ့မယ် ၊

ညမင်းကြယ်တံခွန်

နှလုံးသား''ဓားအိမ်''



      နှလုံးသား''ဓားအိမ်''

ရင်ခုန်သံဖန်ပုလင်းကွဲထဲက
ကြည်လဲ့လဲ့သံယောဇဉ်တွေဟာ
မူလအတိုင်း , မမှိန်သေးပါဘူး - အချစ်ရယ်

ရေတံခွန်လို တသွင်တဟုန်နဲ့
အချစ်က , ရေကို ခမ်းခြောက်စေသလား
ကျောက်စရစ်သာကျန်ခဲ့တဲ့
ရေတံခွန်ရယ်  . . . .
မေး , ဖြေ လှည့်စမ်းကွယ်

ညိုးနွမ်းသင့်တဲ့  သစ်တစ်ရွက်ကို
လေအပူတွေက  ဝင်တိုးသလား
နေအပူတွေက  စိုက်ထိုးသလား
အို . . . ရွက်သစ်ငယ်
အို . . . ဟောင်းရွယ်
မေး , ဖြေ လှည့်စမ်းကွယ်

ပုံမှန်မဟုတ်တဲ့  အသဲနှလုံးကို
အချစ်တွေက   ပြုစားနေလား
ပစ်ခွာခြင်းက   ယူပြေးလေသလား
အို . . . မေကညာရယ်
အို . . . လွမ်းရတယ်
ရင်နာစရာက  တကြိမ်တခါမှာ
လူတစ်ယောက်အတွက်
ရှိနေသလားကွယ် ။

ညမင်းကြယ်တံခွန်

အလွန်အမင်း - အကြင်နာ

အလွန်အမင်း - အကြင်နာ

အမွှေးဆွယ်တွေတဖွားဖွားကျလို့
ပင်ရင့်သက်ကြားအိုမှာ
နားခိုရာ  လဲလျောင်း
''ခါး ''ချိလို့စောင်း
မေတ္တာနဲ့အကြင်နာ
ဘယ်အခါ မပြောင်းပါဘူး - သက်လျာရယ် ။

တွန့်လိမ်လို့ကောက်ကောက်ကွေး
အမြစ်ဆုံ''ဆွေး''ခြောက်သွေ့စေ
ဖျောက်မေ့၍   မရ
မင်းအရင်လို မလှပေမယ့်
သစ္စာ နဲ့ သံယောဇဉ်ကတော့
ပစ်ခွာပြေး  ငရဲဘုံထိရောက်ပါစေ
မောင့်,အသဲပုံလို့  လိုက်ပါရစေ ။

ညမင်းကြယ်တံခွန်

တညအမှောင်နှင့်ညောင်ငုတ်တို

       
  တညအမှောင်နှင့်ညောင်ငုတ်တို

      ညောင်ငုတ်တိုဘေး ၊
 ခေါင်းစိုက်စွာနဲ့ ထိုင်ကာငေးစဉ်
 စမ်းရေ ဖြတ်ပြေး မြင်ရကာမှ
      အေးလို့ချမ်းမြေ့ရပါပြီ

   နေမင်းငယ်ဖြာတိမ်းရောင်ဝါတော့
မှင်သက်ငြိမ်လို့သက်ကြားအိုလဲ
         ငြိမ်းအေးချမ်းခဲ့ပြီ

  အမှောင်တည ၊
  တသက်မက  ၊ တွေ့ကြုံ ရလည်း
  ရှုံးဆုံးမှုနဲ့  ၊  ငါ့ဘဝသည်
ညောင်ငုတ်တိုမှာဝအောင်ငိုရ
    မနက်နေမင်း ၊ ပျိုးသစ်ခင်းမှ
   သန့်စင်ခြင်းဖြင့်  ပြန်နိုးထမယ်

ညမင်းကြယ်တံခွန်

စမ်းရေကညာ

စမ်းရေကညာ

  အေးရေစိမ့်စမ်း  …
ကြည်စွာခမ်းနား  - စမ်းအိုင်ကြာငုံ
       ပွင့်အာစုံဖူး   -  နံ့သာသင်းကာ
   မြိုင်ကြိုင်စွာထူး  - လေဘဝင်မြူး
 ကူးလွန့်ယှက်ဖြာ -  ရွှေရင်ခွင်မှာ
    စမ်းရေကညာပျို  စွဲစေပါ၏  ။ ။ ။

  ညမင်းကြယ်တံခွန်

ဝေဝေ ( ချစ်သူ )

 ဝေဝေ ( ချစ်သူ )

  ကြွေခနေတဲ့ ခရေပွင့်တွေ
  မြေပြင်ကို ဦးစိုက်နမ်းလေပြီ . . .

  ယိုနေတဲ့ ဇရပ်အိုအမိုးက
  စိုရွဲနေတဲ့ မောင့်မျက်ရည်တွေကို

   မှုန်ပြာရီဝေ. . .
   တုန်ခါနေသော  အသံတချို့နဲ့
  ကိုင်လှုပ်ကာ လွင့်ပျောက်သွားတဲ့
   မောင့်ရဲ့ဝေဝေ ရေ
   အလွမ်းကဗျာမရေးချင်ပေမယ့်
ဝေဝေက ပန်းတမာကို ပန်ဆင်ထားတော့
မောင်မောင်က ခါးသီးစွာနဲ့ ရူးရပြီပေါ့ . . .

 ညမင်းကြယ်တံခွန်

လုံမပျို

 လုံမပျို

   တောလုံမပျို
 ကြည်သာစွာတင့်  ၊  အလှဝင့်ကာ
ဆင့်ကာဆင့်ကာ   ၊  ဖြူ သောသဒ္ဒါ
ဘဝင်ရွှင်ဖြာ    ၊   အေးချမ်းလှလို့
တောရပ်ဝေဆာ  ၊  လောဘမဲ့တော့
 ပြုံးတိုင်းတင့်တယ် လေပေစွ  ။

ညမင်းကြယ်တံခွန်

မျက်ကန်းရေနစ်.မြက်ပင်သေ

 မျက်ကန်းရေနစ်.မြက်ပင်သေ
       { ကိုယ်ပိုင်ခေါင်းစဉ်  }

 အသိမနက်တော့
 ခြေလိုက်မှားလဲယူခံနေလျှက်
 စံမြန်းဘုံထက်
 သောကရင်လွယ်ပိုက်ကာ
 မောသမျှ . . . သူ့ရဲ့အိမ်ရာ
 ပြို ကျခဲ့တာ  . . ဒီငမိုက်သားမသိ ၊

  မျက်ကန်းရေနစ်မြက်ပင်သေ
  ဘယ်ဆီဘယ်၌ကုန်းတွင်နေ
  ညိုးနွမ်းသေတဲ့မြက်ပင်ခြောက်
  ရေလယ်ခေါင်မှာမျက်ကန်းတစ်ယောက်
    သူရိန်နေက သူ့ကိုမစောင့်
    ထူထပ်ရေမှာ  မျက်ကန်းပျောက်
       ဘယ်သို့ဘယ်၌ . . ရောက်  ။ ။ ။

 ညမင်းကြယ်တံခွန်

ဆွဲအားပြင်းရှအသဲကြေမွ

ဆွဲအားပြင်းရှအသဲကြေမွ

 မုန်းသူ့ရင်မှာအပြုံးတွေမဲ့
 အတွေးရိပ်အောက်ထိုင်ခဲ့
 လမ်းခွဲခြင်းရဲ့သက္ကရာဇ်ဆိုက်
 စိတ်ဘဝင်မုန်တိုင်းတိုက်

       တယိမ်းတယိုင်အချစ်ကမခိုင်
       လျော့ရဲမှုနှင့်ရင်ဆိုင်
       ပါသွားခဲ့တဲ့ . အဝေး . အဝေး
       လက်ပြရစ်သူ  ဆွေးးးးး
       ဆွဲအားပြင်းလို့အသဲကြွေမွ
      နောက်တကြိမ်  . ပြန်ဆုံမရ  . . .

 ညမင်းကြယ်တံခွန်

တုပြိုင်ငေးဖွယ်

တုပြိုင်ငေးဖွယ်

     တုပြိုင်ငေးဖွယ် ၊
     ပန်းပုကြွေငယ် ၊ အလှကြွယ်စွာ
      ဝင့်ပန်းဆင့်ပျို  ၊ နူတ်ချို ပွင့်ငုံ
       တေးငုံဂါထာ ၊ ပွင့်အာထုံသင်း
  သီဆင်းကာခင်း ၊ ဖြေးညင်းဖျော့ပြေး
  အလှကျေးရွာက လုံမလေး ။ ။ ။

ညမင်းကြယ်တံခွန်

အလင်္ကာအသဲ

အလင်္ကာအသဲ

မငြိမ်သက်သေးတဲ့သက်ပြင်းက
မတိမ်မြုပ်သော ကဗျာကိုထမ်းရင်း
အလင်္ကာစာတပုဒ် ဆွဲရေးရစ်ထွင်း
အလင်းဆောင်  အမှောင်ခွင်း
ထာဝရ'' ကြည့်မှန် ''ဝင်းကာထင်းစေ ၊

ဖွဲ့စပ်ကာ စာစီခြယ်
တွန်းဖွင့်လို့ ဝင်ခဲ့တယ်
အလင်္ကာရယ် တသစ်ဆန်း
စိတ်နှလုံးရွှင်လန်းပါစေ ၊

နေမဝင်ကဗျာ ပွင့်ထူးခဲ့တယ်
လေအချဉ်မပါ စေသနာကြွယ်
ဖတ်ရှု့သူရဲ့  ရင်ထဲဝယ်
သုတ / ရသ များ စုံစုံစီခြယ်
ခဏ တဖြုတ် ဘဝအမောပြေပါစေကွယ် ၊

ဘဝကိုဖြေဖို့ တေးကဗျာဖွဲ့
အလှထင်ဟပ်ကာ ညီညီနွဲ့နွဲ့
ညင်းနုလေထက် ပိုကာသွဲ့သွဲ့ ၊

အလှတွေစီကာ ပေါင်းစုရင်း
ခံစားချက်တွေ စာရွက်ပေါ်ခုန်ဆင်း
ငိုချင်းဖွဲ့ကဗျာ အသက်ဝင်လေခြင်း
ပိုမမာနိုင်တော့တဲ့  အသဲကြွေခင်းခဲ့ပြီ ။ ။ ။

ညမင်းကြယ်တံခွန်

နူးညံ့စွာဖြင့်ဒူးထောက်မည်

နူးညံ့စွာဖြင့်ဒူးထောက်မည်

 ရင်ထဲကစကားတွေကို
 သူက မလိုချင် မကြားမှတော့
 နူးညံ့စွာဖြင့်  ကိုယ့်အသဲနှလုံး
 ဒူးထောက်ကျခဲ့ရပြီလေ
 ချစ်ချင်းရဲ့အမုန်းမြေပြင်ထက်မှာပေါ့ ။

 ညမင်းကြယ်တံခွန်

နတ္ထိအတွေး

 နတ္ထိအတွေး

 အိမ်မက်တွေမကောင်းလို့
ရေထသောက်တဲ့အချိန်
ခြေထောက်မရှိတဲ့ ကောင်းကင်ကြီးက
အမြင့်ကနေ ကိုယ့်ကိုငုံ့ကြည့်လို့ပေါ့
ခြေထောက်ရှိတဲ့  ကိုယ်က
သူ့ထက်  ပုသွားတယ် ။ ။

ညမင်းကြယ်တံခွန်

ညင်သာခြင်း

ညင်သာခြင်း

အသဲနှလုံးအပေါ် . . .
အပ်သေးသေး ကျရင်တောင်
 မခံစားနိုင်အောင် နာတတ်တယ်
ဒီလိုပဲပေါ့ . . .
နူးညံ့တဲ့  အသဲနှလုံးပိုင်ရှင်တိုင်းဟာ
ကြမ်းတမ်းတဲ့ အရာဆို , , ,
''အပ်''သေးသေးပဲဖြစ်ပါစေ …
ဝေဒနာကတော့  မသေးဘူး / / /

   ညမင်းကြယ်တံခွန်

ဆွဲငင်မှု့မရှိတဲ့ရင်ခုန်သံ

ဆွဲငင်မှု့မရှိတဲ့ရင်ခုန်သံ

 လေယူကိုင်းတဲ့  သစ်အိုပင်ကြီးက
ရှေ့ နောက် ခေါင်းငြိမ့်နေတယ် … …

အကိုင်းအခက်ပေါင်းတစ်ထောင်ကလဲ
ကောင်းကင်ကိုမော့မကြည့်ရဲဘူး … …

 ချစ်သူလာမယ့်လမ်း … … …
ဒီလမ်းလေးပေါ့
လမ်းပေါင်းများစွာကို  လျှောက်ခဲ့ဖူးပေမယ့်
ကိုယ့်အသဲနှလုံးကတော့
 မင်းရဲ့ရင်ခုန်သံလေးနဲ့ ချော့သိပ်ခဲ့ရင်
အိပ်ပျော်မိမှာပဲ … … … …,

ညမင်းကြယ်တံခွန်

အိမ်အပြန် - ချစ်သူ

အိမ်အပြန် - ချစ်သူ

ပန်းတစ်ပွင့်ကိုပန်လျှက်
ကျွန်တော် -- ချစ်သူအိမ်အပြန်
ခုနှစ်စင်ကြယ်ကို ပန်ဆင်ထားတဲ့
ကောင်းကင်ကြီးရေ … … … …
ချစ်သူ အိမ်အပြန်မို့
အညစ်အပုတ် တိမ်အိုမဲစုတ်ကို
ခဏတဖြုတ် ဝေးဝေးလွင့်ဖို့ဆန္ဒရှိပေးပါ
အိမ်အပြန်ချစ်သူကို အလင်းပေးခြုံချင်လို့ပါ ။ ။ ။

ညမင်းကြယ်တံခွန်

အမုန်းခံ ''ဘဝ''

အမုန်းခံ ''ဘဝ''

ဝေရင်မှအမုန်းတခင်း
စကားစိမ်းစိမ်းနဲ့ချွေ ဆင်း
မောင့်ရင်မှမျက်ရည်လွှာညိုး
အသဲဇကာပေါက်နဲ့အလွမ်းမျက်ရည်ဖြိုး
ဝေရဲ့အမုန်းလေပြေ
လွှမ်းချီဝေ့စွာ -- တိုးဝှေ့ခတ်တော့
မောင့်မှာလူးစွာ ရူးစွာနဲ့
မပိုပါဘူး --  အသဲနှလုံးဟာ
ရင်ထဲကနေလွင့်လျှောက်လှမ်းလို့
မောင့်ရဲ့အသဲ
ဝေရဲ့အမုန်းလေပြေထဲမှာ
ဝေ့ကာလည်ရင်း
ဝေမုန်းတဲ့မောင့်ဘဝ
အခုတော့ , , , မျက်ရည်ခနေပြီ " ဝေဝေ ။ ။ ။

 ညမင်းကြယ်တံခွန်

မိုးနွယ်ဖြူ ( ရတုကဗျာ )

  မိုးနွယ်ဖြူ ( ရတုကဗျာ )

  ပင်ဝင့်ကူမြူး  ၊ စိန်ခြယ်ဖြူးဖြန့်
မိုးကူးဆန်ဆန့် ၊ ရစ်ထွေတန့်စေ
ကိုင်းသစ်ဝေထွက် ၊ စိမ်းချွေစိမ်းခတ်
ယိမ်းသဲ့ယိမ်းကာ ၊ တည်ကမ္ဘာ့မြေ
ခွန်းသစ်ကြွေကြူ   ၊ မိုးနွယ်ဖြူ ဆင်း
အာရုံကွင်း၌    ၊ လျှပ်ခင်းထွေသာ
ဘုံပမာလို   ၊  အာကာငိုကျွေးး
သူလိမ်းသွေးသည့် ၊ မဲအုပ်ညဥ့်ညည်
မလျှင်မှီဟိန်း  ၊  ဖိန်းဖိန်းတိမ်းတိမ်း
ဆောင်ကိန်းအောင်းမှု့    ပြု ချေ ပြီ ။

မြင်ဆင့်သူထူး  ၊ တမိုးဦးသီ
ကျောက်စိမ်းအသွင် ၊ ရွက်စိမ်းရွှင်မြူး
စိုဝင်းစူးနစ်   ၊ ခေါက်ဆွေးထစ်တို့
တသစ်ပြန်လည် ၊ ထမြောက်ကြွယ်ဖြိုး
အာမာန်တိုးလဲ  ၊  ပင်စည်မဖြာ
ကိုင်းဆွေးရာဖြင့် ၊ တပြင်မြင့်၌
တယောက်သူမှာ ၊ နေလောင်ရာနှင့်
မရွှင်ဆင့်နိုင်  ၊ မသေတိုင်ချိန်
မတိမ်းထိန်ကျန် ၊ အရိပ်ချန်ညိမ်း
နှောင်တိမ်းပြောင်းမှု့  ပြု လေပြီ ။

  ညင်သင့်ဟူကူး ၊ စိန်ထွင်းခူးကာ
       နုကညာဖီ    ၊  သုလှစီကာ
       ပန်းချီပမာ    ၊  သက်မပါလျှက်
  နုငယ်ခတ်ထန် ၊ ညင်းလေဆန်ဝှေ့
   ရင်မမေ့အပ်    ၊ သင်ထွက်နေ့မှ
မြင်တပ်မက်ကာ ၊ ဗလာဝမ်းတွင်း
စားမသွင်းလဲ    ၊ ငြိမ်လျှက်တည်စွာ
မြဲသာလျော်မြေ့ ၊ ကျွမ်းသွေ့သွေ့နေ
မှန်းရေကာမျှော်  ၊ ပြန်မပေါ်မှိန်း
သောင်ယိမ်းဟောင်းမှု့  ပြု ချေ ပြီ ။

ညမင်းကြယ်တံခွန်


ဒဏ်ခတ်ခံမယ့်နှလုံးသား

   ဒဏ်ခတ်ခံမယ့်နှလုံးသား

ရင်ထဲက ခံစားချက်ကို
ကဗျာစလုံးတွေက  အသိပါ ။

မြင်ထဲက  ချစ်မိခဲ့တာကို
ရင်ခုန်သံတွေက  အသိပါ ။

မမှားဖူးတဲ့  ကိုယ့်ခြေလှမ်းတွေကို
မတရားဘူးလို့  မပြောပါနဲ့
မခံစားဖူးတဲ့  ညို့ဆွဲအားကြောင့်
မမှားသင့်ပဲ  မှားယွင်းလျှောက်မိတဲ့
ကိုယ့်ခြေလှမ်းတွေကို … …
(  အပြစ်ပေးနိုင်ပါတယ် )


ညမင်းကြယ်တံခွန်

တေးလိပ်ပြာငယ်

       တေးလိပ်ပြာငယ်

လိပ်ပြာရောင်စုံ
အာရုံဦးမှာ
နိုးထပျံ သန်း ပန်းခင်းဝင်ရှာ
မွှေးကြူ စွာ  ပန်းဘုံဥယျာဉ်
တစ်ပွင့် တနံ့သာနှင့် ကြိုင်လို့အစဉ် ။

မြိုင်မြူးလျှက် လိပ်ပြာတစ်ကောင်
ထိုပန်းဘုံဥယျာဉ်အလယ်၌
တမ်းတမ်းဆွဲ မခွာနိုင်
မွှေးကြိုင်ကြိုင် ပန်းစုံတောမှာ
မှေးမှေးယိုင်  ညအရှိန်တတ်တော့
တေးဆိုသော  လိပ်ပြာငယ်
အပြန်လမ်းမှာ  အမှောင်ဖြိုးကြွယ် ။


ညမင်းကြယ်တံခွန်

Monday, December 26, 2016

ကလောင်တံရဲ့သံသရာ


ကလောင်တံရဲ့သံသရာ

နေညိုဖျော့လို့
အချိန်အိုကာ
ငါ့ ဘဝရဲ့အပြန်လမ်းမှာ
အလွမ်းတဆုပ်နဲ့
မျက်ရည်တခြမ်းပဲ့
ပေးလှူ ဖိတ်စင်ပေးကြပါ ။

ညမင်းကြယ်တံခွန်

ပျို မမ

 ပျို မမ

ပျို မမ ဆေးရောင်ခြယ်
စိတ်ဆိုးဟန်မူကြွယ်
မောင့် ရင်ခွင့်မှာ မြားလာခိုက်
ပျို ပျို ပစ်လို့စိုက် 
အနမ်းကုဋေနဲ့ထွေးချော့တော့
မောင့် ပျို မမ ပြုံးလှပေါ့ ။

ညမင်းကြယ်တံခွန်

လက်ဆက်ထပ်

လက်ဆက်ထပ်

      ရွှေရင်ခွင်လေစိမ်းတိုးတောင်
      ခြေယိမ်းမသွားပါဘူး `` မောင် ´´
     ပြောခဲ့သူရယ် . . . .
     အခုတော့ , မောင့်ဘဝ
     ခြေယိမ်းယိုင်ကာ  မရှု့မလှဖြစ်ပြီ ၊

  နွေလေပွေနွယ်မျှင်ထုံးလို့
  လေပြေတယောထိုးခဲ့သူ
  ဖွင့်မပြောပဲ . . . .
  လစ်ဟာထွက်ကာ
  ပစ်ခွာပြေး , မောင့် မျက်ဝန်းနဲ့ဝေး
  တချက်တိုက်ခတ်ပေးပါ
  မြောက်စူးစူးက လေစိမ်းအေး
  တသက်မမေ့ချင်သူမို့ပါ ,
     တိုက်ခတ်ပေးပါ ။ ။ ။


ညမင်းကြယ်တံခွန်    

နှစ်ကိုယ်ဘဝ

နှစ်ကိုယ်ဘဝ

            ညင်သာတိုးခတ်
       ရင်မှာငြိခဲ့  - ကြင်နာစုံဖက်
       တစ်ယောက်သူအတွက်
အာရုံချစ်စိတ် - တွေးလွင့်ခဲ့ပြီ - ပျိုရေ

              လပြည့်လုံးဝိုင်း
   လရိပ်ဆိုင်းချိန်  -  ခဏမြင်မိတယ်
        တစ်ယောက်သူမျက်ရည်
       ယာယီပြိုကွဲ - အချစ်တွေလွဲ
ကုဋေတစ်သန်းဆီဝဲလွင့်ဝေးခဲ့ရပြီ ပျို

                 ငှက်အ ,သဏ္ဍာန်
 နမိတ်ဆိုးဖန်  - ပြုသလောက်မစံရတော့
              မောင့်တို့, ပြန်မယ် , ပျို
          နှင်းမှုန်ဆင်းလဲ မအေးချမ်းခဲ့
          မီးဟုန်ဟပ်ကာ အပူပဲကျန်ခဲ့
                  ဒီဘဝ ဝဋ်ကြွေး
                    ကျေပါအေး
တခဏဘဝ ငြိမ်းချူ ပ်စေလေး
အေးပါစေသား , တို့ နှစ်ကိုယ်ဘဝ ။ ။
          `  ၸ ၢ ၢ´

ညမင်းကြယ်တံခွန်    

တစ်မှတ်တိုင်

တစ်မှတ်တိုင်

            မကြည့်မမြင်
                မပြောမကြား
တို့နှစ်ယောက်အဖြစ်ကမလွယ်လှပါလား
မင်းအချစ် မင်းပြန်,စဉ်းစား
ကြင်သူ သက်လျာ ဧကရီထိပ်ထား ,

           အမုန်းတုံးတုံး
              မချစ်မပြုံး
        တို့နှစ်ယောက်အချစ်လမ်းဆုံး ,

          ခြေရာမသိမ်း
             မှီရာမယိမ်းတတ်တဲ့တို့အသဲ
                  မင်းက  ခွဲမယ်ဆိုရင်ခွဲ
တို့စိတ်ထဲတော့  မစွဲထင်ခဲ့ပါဘူး ။ ။ ။


         ညမင်းကြယ်တံခွန်

ချစ်ခွန်းစကား

ချစ်ခွန်းစကား

 နွဲ့ယိမ်း  ကိုင်းယိမ်း
 ဘေးတဖက်စိမ်း
 ရင်၌တသိမ့်သိမ့်
  အုံ့ဆိုင်းငယ်ညို စိမ့် ၊

  နွဲ့ယိမ်း ကိုင်းယိမ်း
  အချစ်တွေသိမ်း
 စကားလုံးပေါင်းများ လေယူယိမ်း
 အပြုံးတွေ အဝေးသို့လွင့် ၊

  နွဲ့ယိမ်း  ကိုင်းယိမ်း
  ခြေလှမ်းတိမ်း
 မဖိန်းတောက်တဲ့ ဘဝအနာဂတ်တခု
  အချစ်ခြေရင်း၌ သေဆုံးခဲ့ ။ ။ ။
    
  ညမင်းကြယ်တံခွန်

ဒဏ်ရာတခြမ်း


ဒဏ်ရာတခြမ်း

 ရက်စက်ခဲ့တယ်
 ကိုယ့်နံရိုးကို ထင်းစိုက်
 အလွမ်းတခင်းကိုပိုက်
  ပစ်ကျဲစိုက်ကာ ထားရစ်ခဲ့တယ် ၊

  ရက်စက်ခဲ့တယ် 
  ကိုယ့်အသဲကိုဆေးခြယ်
   အဆွေးအလယ်မှာပစ်ကာ
    တေးသံဖွင့်ပြီး
     နောက်တစ်ယောက်ရှာတဲ့
  မင်းအကြည့် -  ကိုယ်ရူးခဲ့ရပြီ
   အချစ်ရယ် ။ ။ ။

   ညမင်းကြယ်တံခွန်



ဟင်းလင်းပြင်

ဟင်းလင်းပြင်

 တုန်ခါလှုပ်တဲ့အသံလှိုင်းအောက်
  နား - ဖဝါးမှောက်လို့
 မူးယစ်ရင်း ချောက်ထဲခုန်ချခဲ့ရတယ် ၊

 ရောင်ခြည်ခွင်းတဲ့အကြည့်လဲ့လဲ့
 အမြင် - သဲ့သဲ့စွဲကာ
 မှောင်မိုက်ခဲ့ရသော အချစ်မဲ့ကမ္ဘာ ၊

  အပြစ်ဖွဲ့ပြန်ကာထွက်လို့
  ကိုယ့်ဘဝဟာ ဟင်းလင်းပြင်
  ဘာအချစ်မှမလိုချင်တော့ပါ ။ ။ ။

      ညမင်းကြယ်တံခွန်

ချစ်နုချစ်ပြု

ချစ်နုချစ်ပြု

             သစ္စာရင်၌
           ချစ်စွာပြုံးတော့
         မုန်းဘူး . . ပျိုရေ
   ပြုန်းချွေဖဲ့ပေါ့ . . တို့အသဲနှလုံး ၊

                   မေတ္တာရင်၌
                 ဖူးပွင့်ဆက်လို့
               ခူး , ပန်ဆင့် . . ပျို 
 ရူးအောင်ပြုစား. .တစ်ပွင့် ,တစ်ပင်လား ၊

ညမင်းကြယ်တံခွန်     


မေတ္တာမြူ ခိုး

     မေတ္တာမြူ ခိုး

  လွမ်းရပါသည်
  လမ်းအိုတွေ မြေကြားအက်ကွဲ
  စခန်းသင့်ရာ ပြန်အုန်းကွဲ့
   မောင့်မေတ္တာ,ဝေ ၊

   လွမ်းရပါသည်
   မြေရိုင်းနမိတ်အတိတ်ပုံတွေ
   လက်လွှတ်လွဲ အချစ်ပြိုကွဲ
     မောင့်မေတ္တာ, ဖရိုဖရဲ ၊

လွမ်းရပါသည်
ဆူးခက်နွယ်ရစ်ပတ်ထုံးလို့
အခုဘဝမှာမပျော်နိုင်သူ
ရင်တချက်ခုန်  ဆူးတချက်တိုး
အသဲကွဲဒဏ်ရာ ဆိုးသထက်ဆိုး
ဒီမောင့်မေတ္တာ,မြူးငွေ့ခိုး  ၊။ ။ ။
 
ညမင်းကြယ်တံခွန်
     

မြေဝါလမ်း

မြေဝါလမ်း

ဝင်လာသောနေမှုန်ဆင်း
ငြင်သာသောခြေတစုံခင်း
ပိုက်ထွေးဟန်ရေးနှင်း
ပစ်ခွာလျှောက်လှမ်း
နှင်းစဲတဲ့ လမ်း
အလွမ်းတည်တဲ့ ကမ်း
မျောစုန်လို့ တမ်း
နှင်းမဲ့ လမ်းထက်
ဆင်းသွဲ့ သွယ်တန်း
ခင်းတဲ့ မြေဝါလမ်း
လှမ်းတဲ့ ခြေတစုံနွမ်း  ။


ညမင်းကြယ်တံခွန်

ကြိုင်

          ကြိုင် 

                  ဝင့်ယမုံကြိုင်
          တံခွန်တိုင်နန်းထက်က
            သက်လျာအလှမြိုင်
                ဆီမီးတစ်ရာ
            ဝါရွှေရည်သွေးလှိုင်
              ကြိုင်သင်းရနံ့မြိုင် ။

        လေပြင်းခြေလှမ်း
          တပိုင်းရပ်တန့်
        ရှု့အလှသွေးငေး
     သက်လျာခြေတလှမ်း
      ပန်းတခင်းထမ်းကာ
    ဖေးကူမလို့ ညင်သာသာ ။

       အလှထင်းလို့ရယ်
          တဘဝမှာ
     တကြိမ်သက်ဆုံးတိုင်
   မောင့်ရင်မှ   ပန်းတစ်ပွင့်နဲ့
     လှမ်းထွေးလျှက်  တည်ရှိနေမှီ ။

ညမင်းကြယ်တံခွန်

ရွက်ဝါကြွေလမ်း

 ရွက်ဝါကြွေလမ်း

ရွက်ဝါကြွေလမ်း ၊ မြေသင့်ရုံလှမ်း
ခြေစုန်လို့ကမ်း  ၊   ဖြန့် ဆင်းကာဖျန်း 
ရင်တခက်တမ်း ၊ ထင်သယောင်ဖမ်း 
ကြွေလွှာစခန်း   ၊ ဆိုက်မြိုက်ကြို မြန်း 
အတွေးစီခန်း     ၊ ရောင်ဝါဖြာသန်း
လှမ်းလို့ပွင့်ဆန်း  ။
                                                          ရွက်ဝါေ၇ာင်စုံ    ၊   ခြေလျင်ချီလို့   
မြေအလွှာသို့   ၊  ခဆင်းမြုပ်စေ  
ဖြာဖြာဖွေးနေ    ၊ အာကာရိပ်ထင်
မှိုင်းဆို့နစ်ကာ  ၊ ကြည်လွှာပေါက်ပြဲ   
မိုးအာကာကွဲ    ။

ရွက်ဝါစခန်း   ၊  မြေဝါဝါကြမ်း
ခရီးလွန်လှမ်း ၊    ပင်ပန်းမလှ
အပူလုံးကြွ    ၊  ရင်မှာဘဝ
အပူပြင်းကာ ၊  ၇ွက်ဝါေ၇ာင်စုံ
ဆွေးမြေ့လည်စွာ ၊ မိုးအောက်မြေမှာ
ဘဝတူးဆွ။

ညမင်းကြယ်တံခွန်

ဤသဘာဝထဲ

ဤသဘာဝထဲ

       ရေပြင်ကလေးစိမ်းရင့်ပြာ
       မြေရဲ့တနေရာမှာ
        ခွက်မောက်စောက်ကာ
        မိုးစက်သွန်းချ
         ရေပြင်တစစ
  
        စိမ်းညို့ရေညှိစုပေါင်းကာ
         ရေပြင်မှာတွယ်ကပ်လာ
       ဖြူ ဖွေးလှသော  ရေအဆင်း
        ရေညှိကို  ဦးခိုက်စိမ်း
      ကြည်လင်လှတဲ့  မျက်နှာပြင်
          ရေမှော်ရှုပ်   တက်သိမ်း

        လွန်စွာလှပ ဤသဘာဝထဲ
        အဖျက်များစွာ  ရှိလင့်၏ ။

ညမင်းကြယ်တံခွန်

ကြွေမိလွမ်းဖွယ်

   ကြွေမိလွမ်းဖွယ်

      ထူးလှတဲ့တညမှာ
  ကွဲပြားခွဲထွက်. . ပန်းတမာရိုး
မြတ်နိုးလေသူ . . ဆင်မြန်းခဲ့လို့
         ညွှန့်တလူလူနဲ့တက်

မြန်လိုက်တဲ့အသဲ
                ဆွေးလှတယ် ချစ်သဲ
မင်းပေးသမျှ . . ဝေဒနာ
    ယုယစွာနဲ့ကြင်နာမှာပါ

      ပြောင်းလဲစွန့်ခွာ
နေ့ရက်တိုင်းမှာ
             အမြဲပင်ဝင်လာ
ညိုး နွမ်းလာတဲ့ . . ဒီအလွမ်း ။

      ညမင်းကြယ်တံခွန်

ဝိညာဉ်မဲ့လူ

ဝိညာဉ်မဲ့လူ

    တိတ်တဆိတ်ဆောင်ဖမ်း
စက်ကွင်းအခန်းဝယ် . . ပေါ်လာနိုးနိုး
  မှုန်မှုန်မသဲ . . စိတ်စိတ်ပြိုလဲ
ကြွေစိတ်ဒဏ်ခဲ

   တသက်နာကျင်သူမို့
     တဖက်ကချစ်သူ . . ကျော်လွန်သူသို့
လွမ်းစာစီမှန်း
           တမ်းတတာအမှန်ဆို
    ကျွမ်းခဲ့သမျှပြေပါစေ

အပြစ်မဲ့သူကို
   အချစ်မဲ့ကမ္ဘ္ဘာက ခေါ်ဆောင်သွားတော့
အလွမ်းဘုရင်ဖြစ်နေတဲ့ . .တို့က
 နူတ်ဆိတ်ငြိမ်နေ ။

ညမင်းကြယ်တံခွန်

ဆက်လက်၍သာ

ဆက်လက်၍သာ

ရင်ခုန်သံ ဟိန်းစေခဲ့တဲ့  အပြုံးတခုမြင်မိလို့
ညစဉ်နေ့ဆက်   ဒီပုံရိပ်ရောင်ပြန်တခုဟာ
ကိုယ်ရဲ့နေ့တွေကို   ကုန်မြန်စေခဲ့တယ်
သွားနေတဲ့လမ်းအတိုင်းပဲ လျှောက်အုန်းမယ်
တွေးနေတဲ့ အပြုံးတခုကို
ဆက်လက်ဖော်ကြူးအုန်းမယ်
ပြန်ချိန်ကျရင်လဲ အမှတ်တရ တွေသိမ်းဆည်းသွားမယ် . . .

ညမင်းကြယ်တံခွန်

ချစ်

ချစ်

လမင်းဖွေးဖွေးမြင်ကာမှ
ညလို့ထင်တဲ့  ငါကလေ
ချစ်ပါတယ် ဆိုတဲ့ မင်းစကားသံကို
ကြားတိုင်း အချစ်စစ်လို့ ငါ မသတ်မှတ်ပါဘူးး

နေပြင်းပြင်းပူပါတယ်ဆိုမှ
ငါက  ကမ္ဘာ္ဘပတ်ပြေးရမှာလား
     ဆန္ဒမရှိခဲ့ပါဘူး
အချစ်ထက်ပိုအရေးကြီးတဲ့အရာ
လုပ်စရာတွေ   များလွန်းလှတယ်
     ငါအတွက်တော့
ဒီအချစ်ဟာ  အပန်းဖြေတခုထက် မပိုပါဘူး။

ညမင်းကြယ်တံခွန်

ချစ်ခဲ့တယ် ချစ်သူမဟုတ်ခဲ

   ချစ်ခဲ့တယ် ချစ်သူမဟုတ်ခဲ့

ခင်တွယ်စရာ  ကြင်နာသူဆိုလို့
ဒီကမ္ဘ္ဘာမှာ  မင်းတစ်ယောက်သာရှိတယ်
ဝေဒနာတွေ အမုန်းဒဏ်ရာကိုပေးသူကလဲ
ဒီကမ္ဘ္ဘာမှာ  မင်းတစ်ယောက်သာ အများဆုံး
ပေးခဲ့တယ် . . .
ပျော်ခဲ့ရတဲ့အချိန်တွေဟာ . . .
ဒီနေ့မှာ  အထီးကျန်ဆန်ဖို့
ဖြည့်ဆည်းပေးခဲ့တဲ့  အတိတ်တခုဖြစ်လာခဲ့တယ်
အတိတ်တခုက ချစ်ခဲ့ကြတဲ့ ချစ်သူရယ်
အခုတော့ ငါအချစ်ကို  မင်းမြေမှာနင်းခဲ့တယ်
မင်းကမှန်ပါတယ်  မှားတာက ငါပါ
ဘာလို့ဆို . . မင်းက ငါအတိတ်က ချစ်ခဲ့ဖူးတဲ့
မိန်းကလေးမှမဟုတ်တော့တာ  . . . . . .
လက်ရှိပြောင်းလဲခြင်းရဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေလို့ပဲ . . .

ညမင်းကြယ်တံခွန်

ပျိုလေးပြုံးချိန်

  ပျိုလေးပြုံးချိန်

ဓူဝံကြယ်  - မြောက်ရပ်မှာ
ချယ်သွင်းပုံ - ထုဆစ်ရာသို့
ရှု့ငေးတိုင်း - ဝေဖြာလှလို့
လှမ်းကြည့်ရင် - သူ့အပြုးချီ
ကြော့ပါပေါ့လေး - - - -

လမ်းညွှန်မူ -  ဟန်နွဲ့နွဲ့
တို့ချစ်သူ - ရှိရာအရပ်
ညွှန်ဆောင်လို့ - ကူဖေးမတဲ့
ဓူဝံကြယ်  -  လင်းလဲ့လဲ့နဲ့
ပြုံး၍ဆောင်ခဲ့ ။ ။ ။ ။

ညမင်းကြယ်တံခွန်

ရွှေကုက္ကို

    ရွှေကုက္ကို

 ရွှေကုက္ကိုပေါ်  ၊
   ငွေကျေးနှစ်ဖော်  ၊  တွဲခိုမှီ၍
 ကြွေးသီဆိုပျော်    ၊  သာယာသနှော်
     မောင်နှံစုံကျေးငှက်နှစ်ဖော် ၊

      ဝေသာလင်းလို့  ၊
   လေမှာလွင့်ကာ  ၊ ပူဆွေးစရာ
ငြင်သာတိုးဝှေ့   ၊  ရင်မှာငြိတော့
  ဒီဘဝအပူခဏမေ့ထားခဲ့မယ်  ၊

  စိမ်းလဲ့တောင်ပြာ  ၊
နေတိမ်းလှည့်လို့်    ၊  ငွေကျေးနှစ်ဖော်
  ကိုယ့်အိမ်ယာဆီ  ၊  ခညောင်းဝင်ဖို့
  မောင်တစ်လမ်း  မယ်တစ်လမ်းနဲ့
       ခွဲခွာသက္ကရာဇ်ထင်လေပြီ  ၊။ ။ ။

ညမင်းကြယ်တံခွန်

တနမ်းတစ်ယောက်

တနမ်းတစ်ယောက်

    ဆွဲမက်မြင်လို့ပျိုနူတ်ခမ်း
    တွဲဆက်ရင်းနဲ့အိမ်မက်ဆန်း
         ပျော်ရွှင်ဝေဖြာ ဖြတ်လို့သန်း ၊

      တစ်မနက်မှာကိုယ်နိုးထတော့
         သူ့နဘေးမှာ ကြင်သူအသစ်နဲ့
             လှမ်းချီလို့ ဝင့်ကြွားနေခဲ့ ၊

       ညမင်းကြယ်တံခွန်

ချစ်ဦးဝေ

ချစ်ဦးဝေ

တိမ်လွှာနုတွေ ဖျော့ဖျော့ဖြူ ကာ
ဖွဖွကလေးနဲ့ပြေးလို့ဝင်လာ
ရိုက်ချက်ပြင်းတဲ့ အလွမ်းဒဏ်ရာ
မြေလွှာမောင့်ကို တိမ်လွှာသစ္စာ
  ငုံ့ကြည့်လှည့်ရင် မြင်နိုင်မှာပါ ၊

လူ့ဘဝ ဆုံခဏမှာ
တို့ချစ်ရတဲ့ ချစ်ဦးဝေရေ
ခဏလေးသာ ချစ်ခဲ့ပေမယ့်
ကျန်ရစ်သူ အလွမ်းရှိန်ကတော့
တဘဝလုံး ငြိမ်းလို့ရမယ်မထင်ခဲ့ဘူး ။

ညမင်းကြယ်တံခွန်


ငရဲမီးကောင်းကင်

ငရဲမီးကောင်းကင်

      မြွေဟောက်ရှေ့
      ခြေခေါက်လဲကျ
      ရင်မှာဘဝ
      အဆိပ်လူးထားတဲ့
      အနာဂတ်က မလှ
      အခါခါလွဲ
ရည်ရွယ်ချက်တွေအက်ကွဲ
ငါ့ဘဝဟာကျောက်ခဲ
 ရောင်စဉ်တွေမထွက်ခဲ့

ပုပ်သိုးနေတဲ့အိမ်မက်ကဗျာ
ညစိတ်တွေနာ
ဘဝအဓိပ္ပါယ်ရှာ
နေ့ ရက်တိုင်းမှာအမှားများစွာ
ရှာဖွေလို့ မြင်
 ငရဲမီးကောင်းကင်
 တဖြေးဖြေးပြိုကျ
  ငါအား လောင်မြိုက်စေခဲ့ပြီ /

         ညမင်းကြယ်တံခွန် 

အချစ်ဒဏ်

အချစ်ဒဏ်

   နေပူကာကျဲကျဲတောက်
 တို့စိတ်တွေ ကမတ်ကမောက်
    ရင်ခွင်မှာ  မီးဟုန်တောက်
       ပူပါစော , ပူပါစေ ။

    ချစ်သူရယ် လှမ်းမလာမရောက်
  စောင့်ရစ်သူ  ထိုင်ခုံလေးပျောက်
      တို့ဘဝဟာ ဒုက္ခဘုံရောက်
         ပူပါစော , ပူပါစေ ။

   အချစ်ဒဏ်  အပြင်းအထန်
   ခံစားရသူအချစ်တမန်ဆီသို့
   ဖြည်းသာသာနဲ့ဖက်ထွေးလို့
  ကောင်းကင်ဘုံဆီ , ရောက်ခဲ့ရပြီ ။ ။
        
 ညမင်းကြယ်တံခွန်  

မိုးရိပ်မှိုင်းအလွမ်းတံတိုင်း

မိုးရိပ်မှိုင်းအလွမ်းတံတိုင်း

  ညိုးရက်ရှည်စွာ  ၊
  ဆိုးဝါးကာသွန်း  ၊ ရာသီမိုးရိပ်
တလိပ်လိပ်တတ် ၊ တောင်ရပ်ဖက်မှ
 တဖုံတလှည့် မိုးရိပ်လွမ်းလေပြီ ၊

    ပျိုးတခင်းဆီ  ၊  
     မိုးစက်ညီညီ  ၊ အလီလီဆင်း
မောင့်ဆွေးရင်းနဲ့ ၊ ဒီပျိုးတခင်း
ရှင်သန်အမြစ်တွေငြိုးနေလေပြီ ၊

  တခွာတချပ် ၊
တဖက်သို့ပြေး ၊ ပျို မေပျိုးခင်း
မောင့်ရင်ဆင်းကာ ၊ မိုးသားမဲတွေ
ကျူးကြော်မြည်လျှက် ၊ စားသောက်နေလို့
မောင့်အသဲနှလုံးတွေ ကြွေလေပြီ ။

 ညမင်းကြယ်တံခွန် 

နေညို

    နေညို 

 ညနေ,နေညို
တေးဖွဲ့ဆို
ငှက်ကလေးရယ်  လွမ်းစိတ်ပို  ၊

ညနေ , နေညို
အချစ်တွေလို
မပြည့်စုံတဲ့ ဘဝတခုအပို  ၊

ညနေ , နေညို
ထိုင်ကာငို
ဘဝရဲ့မီးစ  တဖြည်းဖြည်းတို ၊

ညမင်းကြယ်တံခွန်

နုထွေး

နုထွေး

  ရောင်နီပတ်ဖျန်း
 အချစ်ရိပ်သန်း
ဖွဲ့ယှက်ဖြန့်ကာညီ

အလှသစ်ဆန်း
လေသွယ်တန်း
စမ်းရေအေးကာကြည် 

နုလှရစ်ထွေး
နုချည်တေး
နုပိုကြော့လို့သွေး

တကြော့နှစ်ကြော့
ပြေးကာမော့
ရောင်နီ / ဆည်းဆာ
တဖုံတလှည့်ပေါ့  , , , 

       ညမင်းကြယ်တံခွန်  

ဘဝလေညင်း

ဘဝလေညင်း

အတိတ်သခင်စိုးမိုးအုပ်လို့
ယနေ့ထိတိုင်မရီရွှင်နိုင်
အနာဂတ်ကိုမမြင်နိုင်ကာ

ဘဝဗေဒင်မတွက်ချင်ပါ
ကိုယ်ပြေးမှသာကိုယ်တိုင်သာရောက်
ငါသာမလှမ်းငါသာမရောက်

ဘဝအတွက်မလိုအပ်မှု
မရူးသွပ်ဖို့ဖြုတ်ချစွန့်မယ်
လေညင်းလေးသာတိုက်ခတ်ပေးပါ ။

ညမင်းကြယ်တံခွန်


နူတ်တစ်ခွန်းအသဲတစ်ယောက်

နူတ်တစ်ခွန်းအသဲတစ်ယောက်

ပုလဲသဏ္ဍာန်နှင်းမှုန်ကြားက
တိုးထွက်လာလျှက်စိတ်ထားဖြူ သူ
မင်းပန်မယ်ဆိုခရေကျဲလို့
တို့နှလုံးအိမ်အချစ်စစ်တွေ့

ထိုးဖောက်ပြု လို့ငြိတွယ်တာမှု့
ရစ်သိုင်းခြုံ ကာပိုမိုကာတိုး
ချစ်စွဲမြဲစေအိမ်မက်ရှည်မြင်
နေ့တာတိုလို့ည၌ချစ်သည်

ပစ်ခွာခြင်းကိုအမှီပြု ပြီး
သစ္စာမဲ့ကာတစ်ယောက်မပြောင်း
ကတိပေးတိုင်းမတည်နိုင်မြဲ
တို့စကားသာသစ္စာရေးဆွဲ ။

ညမင်းကြယ်တံခွန်

ဝေဝေ

    ဝေဝေ

လူးလူးလှုပ်လှုပ် ဆွေ့ဆွေ့ခုန်ခုန်
ရွေ့လျှားတိမ်းလို့ ဝေရင်ခတ်စဉ်
နူးလွှာလွန့်လျှက် ချစ်သွေးဖြာထွက်
ဘဝင်အေးစွာ ပျိုကညာထဲ
ရွှေမျှင်ချည်ကာ နှောင်ကြိုးပိုင်ရှင်
လှသွေးစုံစုံ ညိုချောသူရယ်

ယိမ်းယိမ်းနွဲ့နွဲ့ခိုဝင်လာလျှက်
ဝါရင့်ရော်သွေး ပြာသစ်လွင်ဖွေး
လွင်ပြင်စိမ်းစိမ်းကောင်းကင်ပြာပြာ
ဝေဟင်ထက်၌တိမ်ရောင်စုံတို့
သူအလှငေး ငုံ့ကြည့်နေခိုက်
ရင်ထဲက'ဝေ' မောင့်ရင်ထဲပုန်း

ချစ်မျှင်ရွှေမျှင်ဝေဝေလှိုင်ဖြိုး
မူးမိုက်တုန်ရီနူတ်ခမ်းလွှာစုံ
ချွေယူလင့်သော်အနမ်းတဖက်
အလှမ်းဘယ်၌အဆက်မရှိ
မဝေးရင်ထဲ'ဝေ'တစ်သက်ရှိ
ဖိန်းဖိန်းတောက်လို့တလဲ့လဲ့ချစ်  ။

ညမင်းကြယ်တံခွန်


ဘယ်မှာ / ဘယ်အရပ်

ဘယ်မှာ / ဘယ်အရပ်

 သမုဒ္ဒရာအလယ်
 ဗျက်ထိုးလှေငယ်တစ်စင်း
 နေရောင်ရှိန်ဝင်းခဲ့ပေမယ့်
 ကမ်းမမြင်သာ
 အရှေ့ရပ်ဘယ်မှာ
 အနောက်ရပ်ဘယ်ဖက်မှာ
 အာရုံ၌မငြိခဲ့
ကုန်းမြေပြင်  သောင်ကမ်းခြေဆီ
 သူလှော်ခတ် , , လှော်ခတ် ၊

  တစ်နေ့တအားအသစ်ဆက်
  လန်းဆန်းမှု့နဲ့ဒီနေ့မနက်
  အမှန်တရားဆီရှေ့ချီတတ်လို့
  အောင်မြင်ခြင်းဆီသို့ 
  တခဏမဟုတ်သည့် တဘဝလုံး
 အဆုံးအစမရှိတဲ့ ကောင်းကင်ပြင်မှာ
 ညင်သာသာ လှော်ခတ် လှော်ခတ်မည် ။ 


ညမင်းကြယ်တံခွန်