ဤမှန်သစ္စာ မုသားမပါ
နေချင်တယ် ဆိုပေမယ့်
လိုချင်တဲ့ ဆန္ဒကမ္ဘာ့မှာ
ပျို မေရှိမှ …
စိတ်ချမ်းသာမှာ အမှန်ပါ ။
ပျော်ချင်တယ် ဆိုပေမယ့်
လိုအပ်တဲ့ ပျော်ရွှင်မှုဆိုတာ
ပျို မေရှိမှ …
အိပ်မက်တွေလှမှာ အမှန်ပါ ။
မျှော်ချင်တယ် ဆိုပေမယ့်
လိုရာလမ်းလေး ပျက်ပြိုခဲ့ရင်
သက်ပင်သေသေ … … …
မျက်ရည်ပင်လယ်မဝေဖို့
တို့ လိုက်ခဲ့မည် ဤမှန်သစ္စာ
မုသားမပါ ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment