တစ်ကိုယ်မွေ့ပျော် { ရတု }
နွေအိုရာသီ ၊ နွမ်းရက်ချီကာ
ဖော်ကွာဝေးလျှက် ၊ မျှင်ယှက်ထွက်ခွာ
ကမ္ဘာခြားလွမ်း ၊ မျှော်၍မှန်းလို့
ရင်ဆို့နင့်ခဲ့ ၊ အပြုံးသဲ့သဲ့
မြင်ခဲ့မိတော့ မောလှ၏ ။
ကြွေလွင့်ကာစီ ၊ ကောင်းကင်ဆီ၌
လွင့်မှီလှပ ၊ သက်တန့်ဘဝ
မြေ၌လွမ်းသူ ၊ ဖုန်ထူထပ်ရင်း
စိတ်ဖြေခြင်းကို ၊ မလိုလားအပ်
မြင်မက်မိတော့ သောကရောက်၏ ။
ချွေလင့်ကာသီ ၊ မြေညီညီထက်
ပန်းနွဲ့ခြောက်များ ၊ မိုးတိမ်ကြားထိ
သင်းကြိုင်မွှေးအောင် ၊ လက်ဆက်ဆောင်ကာ
ထပ်တူပြုလျှက် ၊ မေတ္တာယှက်ဖြာ
မြင်လွှာမှိတ်လို့ ငြိမ်းစေ၏ ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment