Thursday, December 22, 2016

အဆင်းမဲ့ညင်းသွဲ့

အဆင်းမဲ့ညင်းသွဲ့

 လေဟာနယ်မှာ
  ခြေရာရှာ
 တကယ်ဆို . . ကိုယ်ဟာ
 ဇောက်ထိုးကျလာသော မိုးစက်
 ဒီလောကကြီးထဲကနေ
 ထွက် . . . ထွက်သွားချင်ပြီ ။

  အချစ်နယ်မှာ
သောကအဖြာဖြာ
တကယ်ဆို . . ကိုယ်ဟာ
ရူးမိုက်တတ်တဲ့  သားကောင်အဖြစ်
 ဒီလောကကြီးက  ရေးထွင်းခြစ်
 အချစ်ပင်လယ် တကွေ့ ။

 ညမင်းကြယ်တံခွန်

No comments:

Post a Comment