သန်းခေါင်ယံမြားဆိပ် { ရတု }
ညရိပ်အမှောင် ၊ အတွင်းချောင်သို့
ကျောက်ဆောင်သဖွယ် ၊ ပိတ်ကာကွယ်လို့
အားမယ်မမျှ ၊ ပိသွန်းကျလာ
ဝေဒနာည ၊ ချွေကာပဲ့ပြီ
ယာယီမမြဲ ၊ ကျော်လွှားခွဲခွာ
လသာသာည မြင်ချင်မိတယ် ။
စိတ်ရိပ်အမှောင် ၊ ထွေပြားအောင်လို့
သူယောင်ဖန်ဆင်း ၊ ဆွဲခေါ်သွင်းကာ
မာယာကမ္ဘာ့ ၊ နှစ်သက်သူရူး
ရွေ့လျားကူးရင်း ၊ အမူးပြန်ချိန်
လေမငြိမ်တိုက် ၊ နောင်တပိုက်ကာ
အိမ်ယာအပြန် ပြင်ရန်ခက်ချေ ပြီ ။
တွေးရိပ်အရောင် ၊ ငြိစွန်းဆောင်ခဲ့
ဝေတချက်ဝါး ၊ သန်းခေါင်မြားဆိပ်
ရင်ကြားထိတ်လာ ၊ ပွန်းပဲ့ကာစိမ့်
ဒဏ်ရာသင့်ရင်း ၊ အဆင့်ဆင့်ဝင်
အဆိပ်သွင်ည ၊ တွေးမလှရှာ
မောကာမှိန်းလို့ အမြင်ပျောက်ကွယ် ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment